May 04, 2023
< 1 mins read

Facebook Live Sales နဲ့ပတ်သက်ပြီးသတင်းအမှား၊အမှန်တွေက ဘာတွေလဲ?

Facebook Live Sales နဲ့ပတ်သက်ပြီးသတင်းအမှား၊အမှန်တွေက ဘာတွေလဲ?

Facebook က Live Sales နဲ့ ပတ်/သက်ပြီး Liveလွင့်ပြီး စေ◌ျးရောင်းလို့မရတော့ဘူး။ထုတ်ကုန်တွေ ကြော်ငြာလို့မရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ Facebook Page တစ်ခုစီတိုင်းမှာ မြန်မာနိုင်ငံက လူတွေ လွဲမှားတဲ့ ယူဆချက်က Live Section မှာ Product ကြော်ငြာလို့မရတော့ဘူးဆိုပြီး ထင်မြင်ယူဆနေကြတာပါ။

တကယ်က Page တွေမှာ Product Playlist ဆိုတဲ့ အပိုင်းရှိပါတယ်။ Product Playlist ထားရှိတဲ့ Market Place အပိုင်းတစ်ခုဖြစ်တဲ့ လိုအပ်တဲ့ Product ကို Clickတစ်နှိပ်လိုက်ရုံနဲ့ စေ◌ျးနှုန်းနှင့်ပုံကို ကြည့်ရှုနိုင်ပြီး Page Messenger မှာ ဝယ်ယူနိုင်တဲ့ အပိုင်းတွေကို ပုံမှန် Facebook Live Sale တွေမှာTag တွဲပြီး တင်လို့ရပါသေးတယ်။ ယခုက Product Playlistကို Live Sale Sectionမှာ Tag တွဲအသုံးပြု၍ ကြော်ငြာခြင်းပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

ယခု Facebookမှာ Online Shopping သမားတွေ အသုံးပြုနေတာကတော့ Pageရဲ့Live Section အပိုင်းပါ။ ဒါကြောင့်၁ရက်နေ့၁၀လပိုင်းမှာ ဖျက်သိမ်းမယ့် အပိုင်းကတော့Live Sale ရောင်းတဲ့သူတွေအတွက် ထိခိုက်မှာမဟုတ်ပါဘူး။ ပုံမှန် Live Sale ကို Page Live Section နဲ့ ကြော်ငြာနေကြသူတွေကတော့ ပုံမှန်အတိုင်း ကြော်ငြာနိုင်ပါတယ်။ Product Playlist Tagsတွဲခြင်းကိုသာ မပြုလုပ်နိုင်တော့ပဲ သာမန် Live Sale သာ ကြော်ငြာနိုင်မှာပါ။

Facebook က ယခုကဲ့သို့ ဖျက်သိမ်းရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီးရှင်းလင်းထားတာကတော့ Facebook နဲ့ Instagram မှာ Reel Section ကို အားစိုက်ချင်လို့သာ ဖြစ်ကြောင်း တင်ပြထားပါသေးတယ်။

Reel ကတော့ TikTok လိုပဲ Shortcut Video အသုံးပြုနိုင်တဲ့ အပိုင်းပါ။

15 Seconds ရိုက်ကူးနိုင်တဲ့ Music Clipနဲ့ လိုအပ်သလို Video ရိုက်ကူးကာအသုံးပြုနိုင်မှာဖြစ်ပြီး Newfeedsပေါ်မှာ Reel Video ကြည့်ရှုနိုင်မယ့်အပြင် Profile Section ရဲ့ဘေးမှာ Reelsကို သပ်သပ်ကြည့်ရှုအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Productsများကိုတော့ Instagram Reel Videosတွေမှာသာ Tag တွဲပြီးကြော်ငြာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ2020 နောက်ပိုင်း Covid-19 ဖြစ်ပွားပြီးနောက် 70% ရာခိုင်နှုန်းသောသူများဟာ Social Media Platform တစ်ခုဖြစ်တဲ့ Facebook ကို အားကိုးအားထားပြုပြီး Online ပေါ်မှ စေ◌ျးဝယ်ခြင်းကို ပြုလုပ်လာကြပါတယ်။ Onlineကို အားကိုးအားထားပြုရတဲ့အတွက်ကြောင့် ယခုကဲ့သို့ Facebookသတင်းထွက်ပေါ်လာမှုအပေါ် သတင်းအမှား၊ သတင်းအမှန်ကို ခွဲခြားနိုင်စေဖို့အတွက် တင်ပြပေးလိုက်ပါတယ်။

Magnify Myanmar ရဲ့ အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် လေ့လာစုံစမ်းမေးမြန်းနိုင်ပါတယ်။

May 04, 2023
4 mins read

Understanding the role of Delivery Services in Myanmar in recent years.

မြန်မာနိုင်ငံတွင် ကိုဗစ်၁၉မဖြစ်ခင်က ၈၀ ရာခိုင်နှုန်းသောပြည်သူတွေဟာ ပိတ်ရက်များတွင် အပြင်ထွက်ပြီး စားသောက်လေ့ရှိပါတယ်။ အချို့သောသူများကတော့ အိမ်ကိုဝယ်လာပြီး အိမ်မှာပဲ မိသားစု စားသောက်ဝိုင်းလေးတွေ ဖန်တီးကြပါတယ်။ ကိုဗစ်မတိုင်ခင်က အစားအသောက်Applicationအိမ်အရောက်ပို့ဆောင်မှုလုပ်ငန်းများရှိသော်လည်း သိပ်ပြီးတော့ တွင်ကျယ်မှု မရှိသေးပါဘူး။

၂၀၁၉ မတ်လတွင် မြန်မာနိုင်ငံမှာ ကိုဗစ်များစတင်ဖြစ်ပွားပြီးနောက် ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် အပြင်ထွက်ခြင်းမရှိပဲ အိမ်တွင် ကွာရန်တင်းနေထိုင်ရင်း ကာကွယ်နေထိုင်ခဲ့ကြပါတယ်။ အစားအသောက်နှင့်ပတ်သက်၍ ထိုအချိန်မှစတင်ပြီး မြန်မာနိုင်ငံမှာ Food Delivery Application များဟာ တွင်ကျယ်လာခဲ့ပါတယ်။ သင့်တင့်သော စျေးနှုန်းနှင့် ပို့ဆောင်ခ များနှင့်အတူ အိမ်ရှေ့ထိအရောက်ဝန်ဆောင်မှုများဟာ ထိထိရောက်ရောက် ကျယ်ပြန့်လာခဲ့ပါတယ်။ အိမ်အရောက်အစားအသောက်ဝန်ဆောင်မှုများအပြင် Delivery လုပ်ငန်းများဟာ အိမ်တွင်းကုန်ပစ္စည်းပို့ဆောင်ခြင်းပါ တွဲဖက်ပို့ဆောင်လာကြတာကို တွေ့ရပါတယ်။ ငွေပေးချေရာတွင်လည်း ငွေသားဖြစ်သော်လည်းကောင်း၊ Mobile Wallet Application များကို အသုံးပြုနိုင်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကိုဗစ်၁၉ ကာလမှာတော့ ရောဂါမပြန့်ပွားစေရန်အတွက် ငွေသားကိုင်ဆောင်ခြင်းကို ထိထိရောက်ရောက် ရှောင်ကြဥ်ကြပါတယ်။

မြန်မာနိုင်ငံမှာ အစားအသောက် ဝန်ဆောင်မှုလုပ်သော လုပ်ငန်းများမှာ ၈ ခုရှိပါတယ်။ လူသိအများဆုံးနဲ့ ဝယ်ယူမှုအများဆုံး မြင်တွေ့ရသော Food Applications တွေကတော့ Food Panda နှင့် Grab Foods ဖြစ်ကြပြီး Deliver Ink, YANGON DOOR2DOOR, FOOD2U, FOOD MALL, HI-SO MALLနဲ့ FRESHGORA တို့ဖြစ်ကြပါတယ်။ အစားအသောက်ဝန်ဆောင်မှုများအားဖြင့် ရန်ကုန်မြို့ပေါ်တွင် နေထိုင်မှုပတ်ဝန်းကျင်ရှိ နေရာ အနီးအဝေးအပေါ်မူတည်ပြီး စားသောက်ဆိုင်တွေကတော့ ကွာခြားမှုရှိပါတယ်။ မြို့ကြီးအားဖြင့် ရန်ကုန်နှင့် မန္တလေးတွင် အဓိက သုံးစွဲလျက်ရှိကြပြီး အချို့သောမြို့အနည်းငယ်တွင်သာ Food Applications သုံးစွဲနိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်။

Delivery လုပ်ငန်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ အစားအသောက်အပြင် Social Commerence နှင့် ဆေးဝါးဝန်ဆောင်မှုလုပ်ငန်းများလည်း တွင်ကျယ်လာပါတယ်။ အိမ်အရောက်ပို့ဆောင်ပေးကြသော Delivery လုပ်ငန်းများဟာ အစားအသောက်တင်မကပဲ ဘက်စုံအသုံးပြုလာနိုင်ကြတာကို မြင်ရပါတယ်။ အချို့သော ပို့ဆောင်မှူများဟာ ကားများဖြင့် ပို့ဆောင်ကြပေမယ့် အစားအသောက် ဝန်ဆောင်မှုပေးသော လုပ်ငန်းရှိ ပို့‌ဆောင်သူအများစုဟာ စက်ဘီးများဖြင့် ပို့ဆောင်ပေးကြပါတယ်။ Food Applications နဲ့ ချိတ်ဆက်ထားမှုမရှိတဲ့ အချို့သောလုပ်ငန်းငယ်တွေကတော့ Taxi ကားများဖြင့် စားသုံးသူများဆီတော့ ပို့ဆောင်ပေးကြတာကို တွေ့ရပါတယ်။ ပို့ဆောင်ခကတော့ စားသုံးသူဖက်က နေရာပေါ်မူတည်ပြီး Taxi အခကြေးငွေအတိုင်း ပေးရတာဖြစ်ပါတယ်။

စားသောက်ကုန်ပို့ဆောင်သူများဟာ ပို့ဆောင်ရေးနှင့်ပတ်သက်၍ ယာဉ်အန္တရာယ်တွေကြုံတွေ့ရသော အခြေအနေလည်းရှိပါတယ်။ မိုးတွင်းဆိုလျှင် မိုးရာသီကြောင့် အစားအသောက်ကို သတိထားသယ်ယူပို့ဆောင်ပေးရသော အခြေအနေသည် သာမန်ပို့ဆောင်ပေးရသော အခြေအနေမျိုးနှင့်မတူပါ။ မိုးတွင်းတွင် ယာဉ်အန္တရာယ်သည် အရေးကြီးသောကြောင့် ပို့ဆောင်သူများ၏ အခက်အခဲများကို မြင်တွေ့ရပါတယ်။ ဒီလိုပို့ဆောင်မှုများနဲ့ပတ်သက်ပြီး စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေဟာ စက်ဘီးဖြင့်စီးနင်းပို့ဆောင်သူများအတွက် အသက်အာမခံများ ထားရှိပေးကြသလား ဆိုတဲ့ မေးခွန်းမေးစရာ ပေါ်ပေါက်လာပါတယ်။

လွန်ခဲ့သော လအနည်းငယ်က စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို ဆန္ဒပြကြသော ဖြစ်ရပ်များကို တွေ့ရပါတယ်။ စက်ဘီးဖြင့်ပို့ဆောင်ပေးသောသူများအပေါ် ပို့ဆောင်ခငွေ ညင်းပန်းနှိပ်စက်မှု အခြေအနေများကြောင့် စားသုံးသူအများစုကပါ ထိုလုပ်ငန်းကို ဆန္ဒပြခဲ့ကြပါသေးတယ်။ သို့သော်လည်း လက်ရှိအခါတွင် စားသုံးသူများလည်း ရှိနေဆဲဖြစ်သေးတာလည်း တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ကိုဗစ်၁၉ နောက်ပိုင်းမှစ၍ ကျယ်ပြန့်လာသော စားသောက်ကုန်ပို့ဆောင်မှုလုပ်ငန်းဟာ ယခုဆိုလျှင် စျေးကွက်ထဲတွင် လုပ်ငန်းငယ်မှ တဖြည်းဖြည်း တွင်ကျယ်လာတာကို တွေ့ရပါတယ်။ စားသောက်ဆိုင် ၈၀ ရာခိုင်နှုန်းဟာ စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်ထားကြတာကြောင့် အလွယ်တကူ စားသောက်ချင်သော အစားအစာများကို မှာယူနိုင်ကြတာကို တွေ့မြင်လာရပါတယ်။

စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ Menu နှင့်ပတ်သက်ပြီး အချို့သော စားသုံးသူများဟာ အစားအသောက်များကို ရှာဖွေရာမှာ အခက်အခဲအနည်းငယ်ကို တွေ့မြင်ရပါတယ်။ အဓိကကတော့ အစားအသောက်ကို ခေါ်ဝေါ်သော နာမည်ပါ။ မြန်မာဘာသာဖြင့် ရှာမလား။ အဂ်လိပ်လို ရှာမလား စသဖြင့် keywords ပြသနာပါ။ ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ခေါ်ဝေါ်သော အခေါ်အဝေါ်များ ကွဲပြားခြင်းတို့ကြောင့်လည်း ပါဝင်ပါတယ်။ ဥပမာ ရှမ်းခေါက်ဆွဲဆိုပါစို့။ ရှမ်းပြည်နယ်တွင် ရှမ်းခေါက်ဆွဲကို ရေစိမ်နှင့် ဆန်စေး ဟူပြီး ခွဲခြားထားခြင်းမရှိပါဘူး။ ရှမ်းခေါက်ဆွဲဆိုလျှင် ရှမ်းခေါက်ဆွဲဖြစ်ပြီး ရေစိမ်ခေါက်ဆွဲဆိုလျှင် ရေစိမ်ခေါက်ဆွဲ စသဖြင့် ရိုးရှင်းပါတယ်။ သို့သော် ရန်ကုန်တွင် အစားအသောက်နာမည်ခေါ်ဝေါ်ရာမှာ ကွဲပြားမှုလေးတွေရှိပါတယ်။ ရှမ်းခေါက်ဆွဲမှာ ဆန်စေးအဖတ်နဲ့လား။ ဒါမှမဟုတ် ရေစိမ်အဖတ်ခေါ် အသေးဖတ်လား စသဖြင့် အယူအဆ အခေါ်အဝေါ် မတူတာကြောင့်မို့ အစားအစာမှာယူမှုမှားယွင်းခြင်း များကို တွေ့မြင်ရပါတယ်။

ယခုကဲ့သို့ တိုးတက်ပြောင်းလဲလာမှုများအပေါ် မြန်မာနိုင်ငံမှာ စားသောက်ဆိုင်များဟာ စားသောက်ကုန်ပို့ဆောင်မှုလုပ်ငန်းများနဲ့ မည်သို့ပူးပေါင်းရမည်ကို ဂရုတစိုက်စဉ်းစားရန်နှင့် လုပ်ငန်းလုပ်ဆောင်ရန် နည်းလမ်းအသစ်များကို စမ်းသပ်ရန် လိုအပ်ပါတယ်။ စားသောက်ကုန်ပို့ဆောင်မှုလုပ်ငန်းတွေဟာလည်း သုံးစွဲသူဒေတာကို အသုံးပြုသူများရဲ့ အတွေ့အကြုံကို မြှင့်တင်ရန်နှင့် ပေးပို့မှုနှင့် ဆက်စပ်သော ကုန်ကျစရိတ်များကို လျှော့ချရန် ဆန်းသစ်သောနည်းလမ်းများကို ရှာဖွေရန်လည်း လိုအပ်ပါသေးတယ်။ ဒီလိုပြောင်းလဲမှုများဟာ ကမ္ဘာ့စားနပ်ရိက္ခာကို ထိန်းထားနိုင်သလို၊ တည်ထောင်ပြီးသော စီးပွားရေးလုပ်ငန်းသစ်များသာမက စားသုံးသူများအတွက်ပါ သက်ရောက်မှုများလည်း ရှိလာနိုင်ပါတယ်။ ယခုကဲ့သို့ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို လော့ခ်ဖွင့်ခြင်းဟာ စျေးကွက်ရှိရာသို့ ဦးတည်နေပြီး အင်အားကြီးမားသော အင်အားစုများဖြစ်လာနိုင်ကြောင်း သတိပြုနိုင်ပါတယ်။

In Myanmar, before the outbreak of Covid-19, 80% of people used to eat out on weekends while some people created small family dinners at home. Before Covid, food order applications were not very widespread.

After the outbreak of Covid-19 in Myanmar in March 2019, people quarantined at home without going out to prevent the spread of Covid-19. Since then, food delivery applications have become widespread in Myanmar. With reasonable prices and delivery charges, door-to-door services have expanded effectively. In addition to food services, businesses also started to deliver home appliances together. Although payment is acceptable not only in cash but also with mobile wallet applications, people avoid using cash to prevent the spread of the disease during Covid-19 period.

There are altogether 8 food service businesses in Myanmar. The most popular and purchased food applications are Foodpanda and Grab Food, Deliver Ink, YANGON DOOR2DOOR, FOOD2U, FOOD MALL, HI-SO MALL and FRESHGORA. In terms of food services, available restaurants differ depending on the proximity of the residential area. It has been observed that food applications are widely used in Yangon and Mandalay, while only a few other regions are accessible.

In addition to food, social commerce and pharmaceutical services are also expanding their delivery services. Delivery businesses can be applied in many industries other than food. While some deliveries use cars, most delivery systems in the foodservice industry use bicycles. Some small businesses that are not partnered with food applications use taxis to deliver to consumers. Delivery fees depend on the location of the customer and the taxi fee.

Sometimes, food deliveries might also face traffic accidents related to transportation. In rainy seasons, it is required to transport with care which is quite different from transportation in pleasant weather conditions. Difficulties of transporters could be frequent because of the traffic danger in the rain. Regarding such deliveries, the question arises as to whether food service operators provide life insurance for their bikers.

A few months ago, there were incidents of people protesting a particular food service business. Most of the consumers even included in the protest due to oppressive delivery charges against their bikers. However, some consumers are still supporting them. Food delivery industry, which has been gradually expanding since the outbreak of Covid-19, is now widespread in the market. As 80% of restaurants are partnered with food service businesses, consumers can easily order the food they want to eat.

Regarding the menu in food service industries, some consumers find it a bit difficult to look for the food that they want to eat. The main problems are keywords and different namings of food. For instance, there is no distinction between shan noodles and rice noodles in Shan State. If it’s made of sticky rice noodles, it’s shan noodles. If it’s made of soaked shan noodles, it’s shan noodle soup. It’s very simple. However, there are slight differences in the naming of food in Yangon. Is shan noodles the one with rice noodles or the small noodles one? Because of different namings, wrong ordering of food is frequent in applications.

In light of these developments, restaurants in Myanmar need to think carefully about how to partner with food delivery industries and test new ways of business. Food delivery businesses also need to use customer data to find innovative ways to improve user experiences and reduce transportation fees. Such changes could sustain the world’s food supply whereas there could be implications not only for new businesses that have been established but also for consumers. Unlocking these emerging opportunities could lead the market trend and become powerful.