May 04, 2023
< 1 mins read

What is so wrong with Balenciaga Summer Campaign?

Balenciaga Company ဟာ မကြာသေးမီက အငြင်းပွားဖွယ်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချသည့် ကြော်ငြာလှုံ့ဆော်မှုနောက်ကွယ်မှ ထုတ်လုပ်ရေးကုမ္ပဏီအား ၎င်းတို့၏ ဒေါ်လာ ၂၅ သန်း တရားစွဲဆိုမှုကို ရုပ်သိမ်းလိုက်ပါတယ်။ တစ်ပတ်အစောပိုင်းက North Six နှင့် ဒီဇိုင်နာ Nicholas Des Jardins တို့ကို အစောပိုင်းမှာ တရားစွဲဆိုခဲ့ပြီးနောက် အကျပ်အတည်းဖြစ်နေသော ဖက်ရှင်ဟောက်စ်ဟာ ဒေါ်လာသန်းပေါင်းများစွာတန်သော တရားစွဲမှုကို ရုပ်သိမ်းခဲ့ပါတယ်။

ပြသနာ စတင်ဖြစ်ပွားတာကတော့ Balenciaga ရဲ့ Summer Campaign ကနေစတင်ပါတယ်။ ကလေးသူငယ်ပုံများနဲ့နောက်ဆုံးပေါ်အိတ်ကို ကြော်ငြာခဲ့ပါတယ်။ ကလေးတွေက အိပ်ရာပေါ်မှာ BALENCIAGA ရဲ့နောက်ဆုံးထွက် အိတ်တွေကို ကိုင်ပြထားကြပါတယ်။ ပုံမှန်ကြည့်ရင်တော့ ထူးခြားမှုမရှိပေမယ့် စေ့စပ်စွာလေ့လာကြတဲ့ နောက်ကြောင်းလိုက်ကြတဲ့သူတွေက ကမ္ဘာကျော် brand ကြီးတွေက creative ads campaign တွေလုပ်တဲ့အခါ ရည်ရွယ်ချက်ရှိကြောင်း ရှာဖွေသောအခါမှ ပြသနာကစတင်ဖြစ်ပွားခဲ့ပါတယ်။

ကလေးတွေကိုင်ပြထားတဲ့ BALENCIAGA အိတ်တွေမှာတပ်ဆင်ထားတဲ့ ပစ္စည်းတွေဟာ BDSM လို့ခေါ်တဲ့ sexual activity ရဲ့ သင်္ကေတဖြစ်နေတာပါ။ အိတ်မှာတပ်ထားတဲ့ ဝက်ဝံရုပ်ဟာလည်း မျက်ကွင်းညိုရာများနဲ့ ဖြစ်နေပြီး ရှေ့မှာချထားတဲ့ပစ္စည်းတွေဟာ ကလေးသူငယ်များကို Sexual Harassment ပြုတဲ့သဘောဆောင်နေခဲ့တာပါ။ ပိုပြီးတိကျခိုင်မာကြောင်းတစ်ခုကတော့ ပုံတစ်ခုမှာ အိတ်ကိုချထားပေမယ့် နောက်ခံတစ်ခု စာရွက်မှာတော့ အမေရိကန်တရားရုံးကတားမြစ်ထုတ်ပြန်ထားတဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ထုတ်ပြန်ချက်တစ်ခုဖြစ်နေခဲ့တာပါ။ ဒါ့အပြင် ဖိနပ်နဲ့ ပုံတစ်ခုလုံးမှာ စေတန်ကို ကိုးကွယ်သည့် သဘောဆောင်သည့် အသုံးအဆောင်များဟာ ပုံတစ်ခုလုံးမှာ ပြန့်နှံ့နေတဲ့အတွက် အခြေအနေဟာ ဆိုးဝါးတာထက်ကို ပိုပါတယ်၊။ လူအများစုဟာ ကလေးများကိုကာကွယ်ခြင်းသဘောဆောင်ပြီး ငါတို့ကလေးတွေကိုမထိနဲ့ ၊ ငါတို့ကလေးတွေနဲ့ဝေးဝေးနေ စတဲ့ စာသားတွေနဲ့အတူ #childprotectionproject Campaign ကိုပါပြုလုပ်ခဲ့ပါတယ်။

Balenciaga ဟာ ဇိမ်ခံဖက်ရှင်ကုမ္ပဏီ၏ နွေဦး 2023 ကမ်ပိန်းအတွက် နောက်ခံမှာ ကလေးညစ်ညမ်းရုပ်ပုံစာမှ တရားရုံးချုပ်၏ စာရွက်စာတမ်းအစစ်အမှန်များကို ထုတ်ဖော်ပြသပြီးနောက် မီးရှို့ပြသခဲ့ပါသေးတယ်။ Balenciaga ဟာ အစောပိုင်းမှာ North Six နှင့် Des Jardins တို့၏ အငြင်းပွားဖွယ်ရာ အမှားအတွက် အပြစ်တင်ခဲ့သော်လည်း ထုတ်လုပ်ရေးဝတ်စုံနှင့် ဝတ်စုံဒီဇိုင်နာနှစ်ဦးစလုံးက အဆိုပါဖြစ်ရပ်အတွက် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

ထိပ်တန်းရောက်နေသော Company ကနေချက်ချင်းဆိုသလို အောက်ရောက်သွားပြီး Social Media ပေါ်မှာ Instagram, Youtube နဲ့ TikTok မှာ Balenciaga မှထုတ်လုပ်ထားသော ထုတ်ကုန်များကို ဖျက်ဆီးပြသခြင်း၊ မီးရှို့ပြခြင်းနှင့် ကတ်ကြေးနဲ့ညှပ်ပြခြင်း စသည့် #cancelbalenciaga Campaign ပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြနေကြပါတယ်။

သောကြာနေ့မှာတော့ Instagram တွင် လူမှုမီဒီယာကြေငြာချက်တစ်ခုအရ Balenciaga ရဲ့ဥက္ကဌနဲ့အမှုဆောင်အရာရှိချုပ် Cédric Charbit ဟာ “အဖွဲ့အစည်းတစ်ခုအနေဖြင့် [၎င်းတို့၏] အမှားများမှသင်ခန်းစာယူရန်ရည်ရွယ်ချက်ဖြင့်အောက်ပါလုပ်ဆောင်ချက်များကိုလုပ်ဆောင်နေကြောင်း” ဟုဖော်ပြခဲ့ပါတယ်။

ဒီသတင်းဟာ ယခုကမ္ဘာတစ်ဝမ်းမှာ လူအများကြားရေပန်းစားပြီး လူစိတ်ဝင်စားမှု ရရှိနေသော သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေဟာ ထုတ်ကုန်တစ်ခုပြီးတစ်ခု ထုတ်လုပ်တဲ့အခါ လူစိတ်ဝင်စားဖို့ကလည်း အရေးကြီးပါတယ်။ သို့သော် Campaign ကိုပြုလုပ်တဲ့အခါမှာ စည်းဘောင်ထဲက ကျော်ထွက်မသွားဖို့နဲ့ ရည်ရွယ်ချက်ကိုပြသတဲ့အခါမှာလည်း သုံးစွဲသူများရဲ့အသံဟာ အရေးကြီးကြောင်း၊ Social Listening ကိုအသုံးပြုသင့်ကြောင်း ဥပမာပြသသွားခဲ့တာပဲဖြစ်ပါတယ်။ Balenciaga Company အနေနဲ့လည်း မည်သို့သော အကြောင်းပြချက်ပဲဆိုဆို သုံးစွဲသူရှိမှသာ လုပ်ငန်းရေရှည်ရပ်တည်နိုင်တော့မည်ဖြစ်ကြောင်းကို ယခုဖြစ်ရပ်များဟာ ပြသလိုက်ပြီပဲဖြစ်ပါတယ်။

Social Listening ကိုအသုံးပြုရန် စိတ်ဝင်စားသော လုပ်ငန်းများအနေနဲ့ စိတ်ဝင်စား၍ဆက်သွယ်လိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ Magnify Myanmar မှတစ်ဆင့် Free Trial အတွက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။