Mar 29, 2024
< 1 mins read

Social Listening မှာ အများဆုံးအသုံးပြုနေတဲ့ Sentiment ဆိုတာ ဘာကိုရည်ညွန်းတာလဲ?

ယနေ့ခေတ်မှာ သင့်လုပ်ငန်းရဲ့ Product နဲ့ Service အကြောင်းတွေကို Social Media ပေါ်ကသုံးစွဲသူများက ဝယ်ယူသုံးစွဲတာနဲ့ ပတ်သက်ပြီး Review များကို Official Page များ၊ Group များနဲ့ ၎င်းတို့ရဲ့ Personal Profile များမှာ ရေးလာတတ်ကြပါတယ်။ ထိုကဲ့သို့ Review များ ပြောဆိုရေးသားကြတဲ့အခါမှာ သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး ကောင်းသတင်းနဲ့ မကောင်းသတင်းတွေရဲ့ ပျံ့နှံ့မှုက မြန်ဆန်လာပါတယ်။ ထို့ကြောင့် သင့် Brand အပေါ် သုံးစွဲသူတို့ဖြစ်ပေါ်လာသော အကြောင်းအရာ ခံစားချက်များကို စောင့်ကြည့်လေ့လာဖို့က အရေးကြီးလာပါတယ်။

Social Listening မှာ အများဆုံးအသုံးပြုနေတဲ့ Sentiment ဆိုတာ သင့်လုပ်ငန်းအပေါ် သုံးစွဲသူတို့ရဲ့ ထုတ်ကုန်အပေါ် ၎င်းတို့ရဲ့ စိတ်ခံစားချက်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပေးခြင်း ဖြစ်ပါတယ်။

Sentiment တွင် သုံးစွဲသူများက သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး အကောင်းပြောနေလား? အဆိုးပြောနေသလား? ဘယ်လိုမေးခွန်းတွေကို စိတ်ဝင်တစား မေးမြန်းနေကြသလဲ? ဆိုတာကို Positive, Negative, Neutral, Interest ဖြင့် Sentiment အလိုက် ပြောဆိုနေသော အကြောင်းအရာအခြေအနေများကို အတိအကျ ခွဲခြမ်းစိတ်ဖြာပေးနိုင်သောကြောင့် လုပ်ငန်းအတွက်လိုအပ်ချက်များကို များစွာအထောက်အကူပြုပါတယ်။

ထို့ကြောင့် Brand Sentiment နှင့်ပတ်သက်ပြီးအသေးစိတ် သိရှိလိုပါက Magnify Myanmar ရဲ့ Social Listening ကို အသုံးပြုဖို့လိုအပ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ဖုန်းနံပါတ် 09 791 029 719 သို့မဟုတ် contact@magnifymyanmar.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။