May 04, 2023
< 1 mins read

Meta banned advertisers to target ads to teenagers based on gender

Meta ဟာ ရှေ့ရက်ပိုင်းမှာ Users ဒေတာတွေကို အလွဲသုံးစားလုပ်တဲ့အတွက် Meta ကို ဥရောပသမဂ္ဂက ဒေါ်လာ သန်း ၄၀၀ ဒဏ်ငွေရိုက်ခဲ့ပါတယ်။ ဒါဟာ Meta အတွက် ထိခိုက်နစ်နာမှုကြီးလို့ ဖော်ပြလို့ရပါတယ်။ ယခုပြစ်ဒဏ်ဟာ Meta အတွက် တော်တော် အထိနာစေမှာ ဖြစ်ပြီး Meta ဟာ ၂၀၂၂ ခုနှစ်မှာလည်း ကံမကောင်းတဲ့ နည်းပညာ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ခဲ့ပါတယ်။ ဆုံးရှုံးမှုတွေ နည်းပါးစေဖို့အတွက် Metaဟာ ဝန်ထမ်းများစွာကို လျှော့ချခဲ့ရပါတယ်။ ကုမ္ပဏီဟာ Zuckerberg ရဲ့ Metaverse စီမံကိန်းအတွက်လည်း ငွေကြေးများစွာ ဆုံးရှုံးနေပါသေးတယ်။ နိုင်ငံပေါင်း၂၇ နိုင်ငံမှာ ယခုလို ဒေတာရောင်းချမှုနဲ့ပတ်သက်ပြီးကန့်သတ်ခဲ့သလို Meta ဟာ လူငယ်များအတွက် အန္တရာယ်ဖြစ်စေသော ပလပ်ဖောင်း ဟု ပြောဆိုခဲ့ကြပါတယ်။

Meta ဟာ ဆယ်ကျော်သက်များအတွက် ကြော်ငြာမူဝါဒကို တင်းကျပ်ထားခဲ့ပြီး ကြော်ငြာရှင်များအဖို့ ကြော်ငြာရာမှာလူဦးရေစာရင်းကို ပစ်မှတ်ထားရန် ရွေးချယ်မှုတစ်ခုဖြစ်တဲ့ ကျား၊မ ခွဲခြားမှုဒေတာများကို ပယ်ချလိုက်ကြောင်း အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

Meta ဟာ ဆယ်ကျော်သက်များကို အဓိကပစ်မှတ်ထားသော စီးပွားရေးလုပ်ငန်းရှင်များအဖို့ ကြော်ငြာခွင့်ပြုခဲ့ပေမယ့်
ကျား၊မခွဲခြားမှူ Gender ဒေတာများကိုတော့ ပယ်ချခဲ့တာဖြစ်ပါတယ်။ ဝယ်ယူကြမယ့် သုံးစွဲသူများအဖို့ ရွေးချယ်စရာများကို ချပြပေးပြီး ကြော်ငြာရှင်များကိုတော့ အဆိုပါကန့်သတ်ချက်များ ပြုလုပ်ခဲ့ပါတယ်။ ဆယ်ကျော်သက်များအတွက်ကိုတော့ ကန့်သတ်ချက်တစ်ခုအနေနဲ့ အရွယ်မရောက်သေးသောသူများရဲ့ New Feeds များတွင် အရက်၊ ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ကိုယ်အလေးချိန်လျှော့ချသည့် ထုတ်ကုန်များနှင့် သက်ဆိုင်သည့် ကြော်ငြာခွင့်များကိုတော့ ကန့်သတ်ခဲ့ပါတယ်။

ဒီလိုပြုလုပ်ခြင်းဟာ Meta ရဲ့ လုပ်ငန်းခွဲအပလီကေးရှင်းများတစ်လျှောက် ဆယ်ကျော်သက်များ၏ ယခင်ထိတွေ့ဆက်ဆံမှုဟာ ၎င်းတို့မြင်ရတဲ့ ကြော်ငြာအမျိုးအစားအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ မတ်လမှစတင်၍ ဆယ်ကျော်သက်များဟာ ၎င်းတို့ရဲ့ new feeds တွင်မြင်ရသည့် ကြော်ငြာအမျိုးအစားတွင် ပို၍ပြောစရာရှိလာပါလိမ့်မယ်။ ကြော်ငြာခေါင်းစဉ် ထိန်းချုပ်မှုများ နဲ့ Meta တွင် ရရှိထားပြီးဖြစ်သော အင်္ဂါရပ်များဟာ ဆယ်ကျော်သက်များအား ၎င်းတို့၏ စိတ်ကြိုက်ရွေးချယ်ခွင့်နှင့် ကြော်ငြာများကို ထိန်းချုပ်နိုင်စေမှာဖြစ်ပါတယ်။

Meta ခေါ် Facebook ဟာ မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး Social Platform တစ်ခုဖြစ်တဲ့အတွက် ယခုသတင်းဟာ စိမ်းသက်နေမည်မဟုတ်ပါ။ ကိုယ်ပိုင်စာမျက်နှာပေါ်တွင် ရောက်ရှိနေသော သတင်းများဟာ ကိုယ်တိုင်ရှာဖွေသိရှိလိုသော သတင်းများနှင့်အတူ နားလည်သောAI ပါဝင်သောကြောင့်လည်း သိရှိလိုသော အကြောင်းအရာများဟာ ကြော်ငြာများနှင့်အတူ စုံစုံလင်လင်သိရှိနိုင်တာလည်းဖြစ်ပါတယ်။ ဆယ်ကျော်သက်များ၊ အရွယ်မရောက်သေးသော ကလေးများဟာလည်း Facebook အသုံးပြုနေကြတာဖြစ်တဲ့အတွက် မိဘများအတွက်လည်း ဂရုပြုဖွယ်ရာ သတင်းတစ်ခုဖြစ်ပါတယ်။

#magnifymyanmar