May 04, 2023
2 mins read

Speculations abounds as rumors of new iOS 17 Surface

Apple မှ ၎င်းတို့ရဲ့ First-Party App များကို ပိုမိုကောင်းမွန်လာစေရန် မြှင့်တင်မှုများနှင့်အတူ iOS 17 ကို ယခုနှစ်နှောင်းပိုင်းတွင် ဖြန့်ချိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ Android 14 ကို ထွက်ရှိထားပြီးဖြစ်သော Google နှင့် မတူဘဲ Apple ဟာ ၎င်းတို့ iOS Update များကို ပုံမှန်အားဖြင့် သိမ်းဆည်းထားလေ့ရှိပါတယ်။ သို့သော်လည်း စက်တင်ဘာလတွင် iPhone 15 မရောင်းချမီ အသေးစိတ်အချက်အလက်များကို WWDC တွင် ထုတ်ဖော်ပြသနိုင်ဖွယ်ရှိပါတယ်။

တရားဝင်အချက်အလက်တွေကိုတော့ ကန့်သတ်ထားပေမယ့် iOS 17 မှာ ပေးမယ့် Features တွေအကြောင်း ကောလာဟလတွေ ရှိနေပါပြီ။ iOS 17 ကို စက်တင်ဘာလလယ်တွင် iPhone 15 မိတ်ဆက်တဲ့အချိန်နဲ့ တစ်ချိန်တည်း ထွက်ပေါ်လာမယ်ဟု မျှော်လင့်ရပါတယ်။ Apple ရဲ့ နှစ်ပတ်လည် Developer Conference WWDC ဟာ iOS၊ iPadOS၊ macOS၊ watchOS နှင့် tvOS တို့တွင် နောက်ဆုံးပေါ် တိုးတက်မှုများကို ဇွန်လ 5 ရက်နေ့မှာ ပြသမှာဖြစ်ပါတယ်။

WWDC ပြီးနောက် Developer Preview နှင့် Public Build တို့ပါ၀င်တဲ့ Apple မှ Beta version နှစ်ခုကို ထွက်ရှိမှာဖြစ်ပြီး ပရိုဂရမ်စတင်ပြီးနောက် တစ်လ သို့မဟုတ် နှစ်လခန့်ကြာတဲ့အခါမှာ Daily Use အတွက် အသုံးပြုနိုင်ရန် မျှော်လင့်ရပါတယ်။

ChatGPT တိုးတက်လာမှုဟာ Google နှင့် Microsoft တို့ကို တွန်းအားပေးစေခဲ့သော်လည်း Apple ကတော့ Siri ရဲ့ Functions တွေကို အပြည့်အဝ မချဲ့ထွင်နိုင်သေးပါဘူး။ မျိုးဆက်သစ် AI မော်ဒယ်များ၏ ရေပန်းစားလာမှုနှင့်အတူ Apple ဟာ ၎င်း၏ကိုယ်ပိုင် GPT-powered chatbot ကို မိတ်ဆက်ခြင်းဖြင့် ပြိုင်ဘက်များထက် သာလွန်စေရန် အခွင့်အရေးရှိပါတယ်။ ဒါ့အပြင် iPhone များတွင် Rich Communication Services (RCS) ကိုအသုံးပြုခြင်းဖြင့် ပိုမိုကြီးမားသောဖိုင်များပေးပို့နိုင်တာကြောင့် iOS အသုံးပြုသူများအားလုံးအတွက် အကျိုးရှိမှာ ဖြစ်ကြောင်း တင်ပြပေးလိုက်ပါတယ်။

It is anticipated that iOS 17 will be launched by Apple later this year, with enhancements to their first-party apps and a better experience on iPhones. Unlike Google, who have already released Android 14 for testing, Apple typically keeps their upcoming iOS updates under wraps. However, it is likely that more details will be revealed at WWDC, shortly before the iPhone 15 launch in September.

Although official information is limited, there are already rumors about the features that iOS 17 will offer. The release of iOS 17 is expected to occur at the same time as the launch of iPhone 15 in mid-September. Apple’s annual developer conference, WWDC, will showcase the latest advancements in iOS, iPadOS, macOS, watchOS, and tvOS on June 5th.

After WWDC, two beta versions of iOS will be released by Apple, consisting of a developer preview and a public build. The public beta should be reliable enough for daily use approximately a month or two after the program begins. Further updates will be provided, so stay tuned.

The rise of ChatGPT has prompted Google and Microsoft to respond, while Apple has not fully maximized the potential of its digital assistant, Siri. Additionally, adopting Rich Communication Services (RCS) on iPhones would benefit all iOS users, as this emerging standard provides features such as read receipts and the ability to send larger files.