May 04, 2023
2 mins read

Bard AI အကြောင်း သိပြီးပြီလား?

Bard AI chatbot ကို သုတေသနပရောဂျက်တစ်ခုအဖြစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ Google မှ ကနဦးကြေငြာခဲ့ပြီး အကန့်အသတ်ရှိသော စမ်းသပ်သူများအုပ်စုတွင်သာ အသုံးပြုနေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လမှာ Googleဟာ Bard AI chatbot ကို အများသူငှာထံ ထုတ်ပြန်ခဲ့ပြီး Google အကောင့်ရှိသူတိုင်း ဝင်ရောက်ကြည့်ရှုစေခဲ့ပါတယ်။

Bard AI ဟာ OpenAI ရဲ့ ChatGPT နဲ့ Microsoft ရဲ့ Bing chatbot ကဲ့သို့ ကြီးမားသောဘာသာစကားမော်ဒယ်အပေါ်အခြေခံတဲ့ chatbot တစ်ခုဖြစ်ပါတယ်။ ယခုအချိန်မှာ ကန့်သတ်ချက်များထားရှိသေးသောကြောင့် Bardထဲသို့ ဝင်ရောက်နိုင်သေးခြင်းမရှိပဲ UKနဲ့US ရှိ အသုံးပြုသူများဟာ bard.google.com သို့သွား၍ စောင့်ဆိုင်းစာရင်းတွင် ပါဝင်နိုင်ကြောင်း သိရှိရပါတယ်။ Bard မှာ အသုံးပြုတဲ့ မော်ဒယ်ဟာ Google ရဲ့ကိုယ်ပိုင် LaMDA (Language Model for Dialogue Applications) ကို အခြေခံထားခြင်းဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Bard AI chatbot ဟာ တီထွင်ဖန်တီးမှုဆိုင်ရာ အရေးအသားများနဲ့ စိတ်ကူးစိတ်သန်းများကို ဖန်တီးရာမှာ သုံးစွဲသူများအား ကူညီပေးရန်အတွက် ဒီဇိုင်းထုတ်ထားပြီး အသုံးပြုသူများအား ကဗျာနှင့် သီချင်းစာသားများကို ရေးသားရာမှာလည်း ကူညီပေးနိုင်ပါတယ်။ အသုံးပြုသူများဟာ chatbot မှ prompt ကိုပေးဆောင်ရန် တောင်းဆိုခြင်းဖြင့် သို့မဟုတ် ၎င်းတို့ရဲ့ကိုယ်ပိုင်စာသားကိုထည့်သွင်းခြင်းဖြင့် chatbot ဟာ အကြံပြုချက်များနှင့် တုံ့ပြန်ချက်ထုတ်ပေးရန်အတွက် အသုံးပြုမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ခြုံငုံကြည့်ရလျှင် Google ရဲ့ Bard AI chatbot ကို အများပြည်သူသို့ ဖြန့်ချိခြင်းဟာ AI-စွမ်းအားသုံး ဘာသာစကားမော်ဒယ်များနယ်ပယ်မှာ စိတ်လှုပ်ရှားဖွယ်ရာ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပြီး ၎င်းတို့ရဲ့ အရေးအသားစွမ်းရည်ကို မြှင့်တင်ရန် သို့မဟုတ် တီထွင်ဖန်တီးမှုဆိုင်ရာ အကြံဉာဏ်များ ဖန်တီးလိုသူတိုင်းအတွက် အဖိုးတန်ကိရိယာတစ်ခု ဖြစ်လာနိုင်ချေရှိတယ်လို့ ထင်မြင်ယူဆမိပါတယ်။ chatGPT နဲ့ Bard AI chatbot ထဲမှာဘယ်အရာက ပိုပြီးဘာသာစကာကိုနားလည်သလဲ? ဘယ်ဟာက ပိုမိုသာမွန်ကောင်းမွန်မလဲဆိုတာ Bard AI တရားဝင်အသုံးပြုခွင့်ရမှ သိရှိရမှာမို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ယခုလို AI နည်းပညာတွေတိုးတက်လာမှုများဟာ လုပ်ငန်းတိုင်းအတွက် ကောင်းမွန်စေပြီး အထောက်အကူပြုကိရိယာများဖြစ်လာနိုင်သောကြောင့် အချို့သောဝန်ထမ်းများဟာ စိုးရိမ်ပူပန်မှုများစွာ ဖြစ်လာကြပါတယ်။ သို့သော် AI Chatbot များဟာလက်ရှိကာလမှာ ဘာသာစကားကိုနားလည်ရန်အတွက် ကြိုးပမ်းနေဆဲဖြစ်တဲ့အတွက် လူစွမ်းအားသည်လည်း အရေးပါလှပါတယ်။

မြန်မာလူမျိုးများအတွက် မြန်မာဘာသာစကားဟာ ရှုပ်ထွေးပါတယ်။ Social Listening ကို စိတ်ဝင်စားသော လုပ်ငန်ရှင်များအတွက် Magnify Myanmar ရဲ့ AI နည်းပညာဟာ မြန်မာဘာသာစကားကိုနားလည်သော အယ်လီဂရိုသမ်ကို အသုံးပြုထားတဲ့အတွက် အဓိပ္ပါယ်မှားယွင်းမှုဖြစ်မည်ကို စိတ်ပူရန် မလိုအပ်ပါဘူး။ Magnify Myanmar ရဲ့ Social Listening နဲ့ Media Monitoring ကို အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09- 791 029 719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Google first introduced the Bard AI chatbot in January 2021 as a research undertaking, and it was restricted to a select group of testers. However, in March 2022, Google made the Bard AI chatbot available to the general public, and anyone with a Google account can now access it.

Like OpenAI’s ChatGPT and Microsoft’s Bing chatbot, Bard is a chatbot based on a large language model. Presently, individuals located in the United Kingdom and the United States who do not have access to Bard can visit bard.google.com and sign up for the waiting list. It has been revealed that the technology behind Bard is founded on Google’s own LaMDA (Language Model for Dialogue Applications).

The Bard AI chatbot is designed to assist users in generating creative writing prompts and ideas, and it can also help users write poetry and song lyrics. Users can interact with the chatbot by asking it to provide a prompt or by inputting their own text, which the chatbot will then use to generate suggestions and feedback.

Overall, the release of Google’s Bard AI chatbot to the public is an exciting development in the field of AI-powered language models and has the potential to be a valuable tool for anyone looking to improve their writing skills or generate creative ideas. It would be intriguing to find out which chatbot, ChatGPT or Bard AI, has a greater understanding of various languages. It will be fascinating to evaluate their performance in this aspect, particularly until we gain official access to Bard AI.

Burmese language is complicated for Burmese people. For entrepreneurs interested in Social Listening, Magnify Myanmar’s AI technology uses an algorithm that understands the Myanmar language, so there is no need to worry about misinterpretation. If you want to know more about Magnify Myanmar’s Social Listening and Media Monitoring, you can contact us at the phone number 09-791 029 719 or via the link https://magnifymyanmar.com/ below for a free trial.

#magnifymyanmar

#sociallisteninginmyanmar

#mediamonitoringinmyanmar