Jun 27, 2023
2 mins read

Why is Media Monitoring Essential for the Mobile Industry?

The mobile industry in Myanmar is booming, with a wide range of popular brands like iPhone, Samsung, Huawei, Oppo, Vivo, and many more offering innovative features that capture users’ interest. In this fiercely competitive landscape, effective advertising is crucial. That’s where Social Listening and Media Monitoring come into play.

While mobile brands promote their products on their social media platforms, it’s equally important to listen to user feedback and keep up with the latest news and trends. However, manually scouring through journals, newspapers, and social media can be time-consuming and challenging.

This is where Media Monitoring steps in, ensuring that no important news or brand mentions slip through the cracks. With Magnify Myanmar’s Media Monitoring solution, you can stay updated on brand-related developments not only across your own media channels but also from other news sources. Our comprehensive dashboard provides real-time access to offline news from Myanmar’s media landscape, saving you valuable time and effort.

Don’t miss out on vital information about your brand! Enhance your media monitoring capabilities with Magnify Myanmar. Contact us at 09 – 791 029 719 or click the link below for a free trial.

Technology Industry မှ Mobile Phone များဟာ ဘာကြောင့် Media Monitoring ကို လိုအပ်သလဲ။

လက်ရှိမြန်မာနိုင်ငံမှာ Industry ပေါင်းစုံရှိကြပါတယ်။ ထိုအထဲမှ Mobile လောကဟာ ဘာကြောင့် Media Monitoring ကို အသုံးပြုသင့်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း Brands များထဲမှ လူသုံးအများဆုံး Brand တွေကို ဖော်ပြပါဆိုလျှငိ iPhone, Samsung, Huawei, Oppo, Vivo..စသဖြင့် Brand များစွာ ရှိပါတယ်။ ထပ်မံထွက်ရှိ လာသော Brand အသစ်များလည်း New Features အသစ်များစွာနဲ့ သုံးစွဲသူတို့ စိတ်ဝင်စားအောင်ချပြလာကြတာ တွေ့ရပါတယ်။

iOS နှင့်အပြိုင် Andriods များဟာ တစ်ခုနဲ့တစ်ခု မတူညီသော Versionများနှင့် နည်းပညာများအပြင် အကြမ်းဒဏ် ခံနိုင်ရည်ရှိပြီး လှပသော ဒီဇိုင်းမျိုးစုံနဲ့ မိုဘိုင်းများကို ထုတ်လုပ်ပြီး သုံးစွဲသူအမြင်ကို ဆွဲဆောင်ကြတာ တွေ့ရပါတယ်။ ဒီလိုအပြိုင်အဆိုင်များစွာနဲ့ ထုတ်ကုန်သစ်များကို ကြော်ငြာကြတဲ့အခါမှာ အလိုအပ်ဆုံးကတော့ Social Listening နဲ့ Media Monitoring ဖြစ်ပါတယ်။ ကိုယ်ပိုင် Social Media Platform များမှာတော့ မိမိထုတ်ကုန်နဲ့ပတ်သက်ပြီးတော့ တင်ကြပေမယ့် သုံးစွဲသူများရဲ့အသံကို နားထောင်ခြင်းနဲ့ သတင်းမီဒီယာများမှ မိမိထုတ်ကုန်နဲ့ပတ်သက်ပြီး သတင်းအခြေအနေများကို သိရှိဖို့ရန်အတွက် ဂျာနယ်၊သတင်းစာများကို ရှာဖွေဖတ်ရှုခြင်းဟာ အချိန်ကုန်သလို သတင်းလစ်ဟာမှုလည်း ရှိနိုင်ပါတယ်။

ဒီလိုသတင်းအကြောင်းအရာများကို ရှာဖွေဖတ်ရှုတဲ့အခါမှာ Brand Mention များကို အသေးစိတ် ဖတ်ရှုရတာ ခက်ခဲပါတယ်။ အချိန်ကုန် လူပင်ပန်းသက်သာစွာနဲ့ သတင်းများကို မလစ်ဟင်းစေဖို့အတွက် Media Monitoring လိုအပ်ပါတယ်။

Magnify Myanmar ရဲ့ Media Monitoring အသုံးပြုရာတွင် Online ပေါ်မှ မိမိကိုယ်ပိုင်မီဒီယာ Channels များမှ သတင်းများအပြင် အခြားသော မီဒီယာများမှ Brand နဲ့ပတ်သက်သော အခြေအနေများကို အသေးစိတ် လေ့လာနိုင်ပါတယ်။ Magnify Myanmar ရဲ့ Media Monitoring Toolဟာ မြန်မာနိုင်ငံမှ နေ့စဉ်ထွက်ရှိလာသော သတင်းမီဒီယာများမှ တင်ရှိလာသော Offline သတင်းများကို Real Time နှင့်အညီ သတင်းများကို Dashboard တစ်ခုထဲမှာ စုစည်းလေ့လာနိုင်ပါတယ်။ Magnify Myanmar မှ Media Monitoring နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09 – 791 029 719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#MediaMonitoring#MobileIndustry#StayInformed#MagnifyMyanmar

May 04, 2023
3 mins read

Internet advantages for Myanmar

ဆိုရှယ်မီဒီယာအသုံးပြုခြင်းကို မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုတယ် လို့ ခေါ်ဝေါ်ကြပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ တယ်လီဖုန်းကို လူတိုင်းကိုင်နေကြသလား။ အင်တာနက်ကို အမြဲအသုံးပြုနေကြသလား။ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အင်တာနက် အသုံးပြုပြီဆိုတာနဲ့ ဘာကို အများဆုံး အသုံးပြုကြသလဲ လို့မေးရင် ၇၀ ရာခိုင်နှုန်းက Facebook ဖြစ်ပြီးတော့ ပျှမ်းမျှတွက်ချက်လေ့လာမှုအရ တစ်နေ့ကို ၂နာရီဝန်းကျင် အင်တာနက်ကို အသုံးပြုကြတယ် ဆိုတာလေ့လာရပါတယ်။ စမတ်ဖုန်းများဟာလည်း မြန်မာနိုင်ငံမှာ လူတိုင်းနဲ့ရင်းနှီးနေကြပြီးသားလို့ ဆိုနိုင်ပါတယ်။

တစ်ကယ်တော့ ဒါဟာ အချိန်အားဖြင့်ကြည့်ရင် အချို့သော လူငယ်တွေဟာ ယခုဖော်ပြသောအချိန်ထက်ပိုရင်ပိုနေပါလိမ့်မယ်။ မိုဘိုင်းအင်တာနက်များဟာ ပေါ်ပေါက်လာတာဟာ ကောင်းတစ်ဝက်၊ ဆိုးတစ်ဝက်ပါ။ ကောင်းသောဗဟုသုတများကိုလည်း ရရှိနိုင်သလို အတုမယူသင့်သော ဆိုးဝါးသောအချက်အလက်များကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသောသူများလည်းမိမိကိုယ်တိုင် ဆင်ခြင်နိုင်သလို အရွယ်မရောက်သေးသော လူငယ်များအနေနဲ့လည်း social media အသုံးပြုခြင်းနဲ့ပတ်သက်ပြီး မိဘများကလည်း စမတ်ဖုန်းအသုံးပြုခြင်းအချိန်ကို ကန့်သတ်ဖို့ကလည်း လိုအပ်ပါတယ်။

စမတ်ဖုန်းဟာ လက်ရှိ မြန်မာနိုင်ငံမှာ လူတိုင်းအသုံးပြုနေကြတာဖြစ်ပြီးတော့ စမတ်ဖုန်းလောကမှာ စမတ်ဖုန်းခေတ်ဟာ ခေတ်ရေစီးကြောင်းပေါ် အပြိုင်အဆိုင် ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ယခုမြန်မာနိုင်ငံမှာ လူသုံးအများဆုံးကတော့ Iphone, Samsung, Huawei,Oppo,Vivoတို့ဟာ အဓိကလူသုံးအများဆုံးဖြစ်ကြပြီးတော့ တန်ဖိုးနိမ့်မိုဘိုင်းဖုန်းဘရန်းများစွာလည်း စျေးကွက်သို့ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါဆိုရင် စမတ်ဖုန်းဟာ လူတွေရဲ့ဘဝမှာ ရာခိုင်နှုန်းမည်မျှပါဝင်ပတ်သက်နေသလဲ။

စမတ်ဖုန်းအသုံးပြုရာမှာလည်း ယခုနောက်ပိုင်းတွင် မိုဘိုင်းအင်တာနက်ကွန်ယက်ကလည်း ဆက်စပ်နေပါတယ်။ မိုဘိုင်းအင်တာနက်ကွန်ယက်ဟာ မြန်မာနိုင်ငံမှာ ယခုနောက်ပိုင်းတွင် အက်တမ်၊အော်ရီဒူး တို့နဲ့အတူ မြန်မာနက်၊ 5BB၊ MBT၊ We Link ၊ Hi Internet စသဖြင့် Wifi Networking များလည်း ပိုမိုကျယ်ပြန့်လာသောကြောင့် သုံးစွဲသူတို့က စိတ်ကြိုက် ရွေးချယ်လာနိုင်ပါတယ်။ နည်းပညာကွန်ယက်လည်းပိုမိုတိုးပွားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ လူတိုင်းလူတိုင်း၏အိမ်မှာ Wifi များလည်းတပ်ဆင်ထားကြသလို စမတ်ဖုန်းကိုင်တွယ်အသုံးပြုသူများလည်း ပိုမိုများပြားလာပါတယ်။ ကျောင်းသူ၊ကျောင်းသား၊ကလေးများပင်လျှင် Tablet များကိုအသုံးပြု၍ zoom application ဖြင့်စာသင်ကြားခြင်းနှင့် ဂိမ်းကစားခြင်းများကိုလည်း ပြုလုပ်ခြင်းဖြင့် အားလပ်ချိန်အသုံးပြုကြပုံကို နည်းပညာပြောင်းလဲမှုဟု သတ်မှတ်နိုင်ပါတယ်။

ထိုသို့နည်းပညာပြောင်းလဲမှုများကြောင့် လူနေမှုပတ်ဝန်းကျင်စတိုင်များလည်း ပြောင်းလဲလာပါတယ်။ ကျောင်းသားလူငယ်များအပြင် လူကြီးလူငယ်တိုင်း အွန်လိုင်းမှတစ်ဆင့် စျေးဝယ်ခြင်း၊ Website များမှ ကားလက်မှတ်၊လေယာဉ်လက်မှတ်များ ဝယ်ယူနိုင်ခြင်း၊ အွန်လိုင်းအပ်ပလီကေးရှင်းများမှလည်း ဘေလ်ဆောင်နိုင်ခြင်း၊ လက်ထဲတွင်လည်း ငွေသားကိုင်‌ဆောင်ခြင်းများလည်း ပြုလုပ်ရန်မလိုတော့ပဲ အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်းတို့ကြောင့် နည်းပညာတိုးတက်မှုပုံရိပ်ဟာ လေးစားဖွယ်ဟု သတ်မှတ်နိုင်ပါတယ်။ နယ်မြို့ငယ်များတွင် မိုဘိုင်းဖုန်းနှင့်အင်တာနက်ကွန်ယက်အသုံးပြုမှု ရာခိုင်နှုန်း နည်းပါးသော်လည်း အိမ်တိုင်းလိုလိုတော့ယခုခတ်တွင် ဖုန်းများလည်း ရှိသောကြောင့် ဆက်သွယ်ရေးစနစ်ဟာ အဆင်ပြေလာပြီလို့ ခန့်မှန်းနိုင်ပါတယ်။

ယခုဖော်ပြပါနည်းပညာအကြောင်းအရာများနှင့်ဆက်လျဉ်း၍ စျေးကွက်အတွင်းဖြစ်ပေါ်နေသော သတင်းအကြောင်းအရာမျိုးစုံကို Magnify ၏ Social Listening ကို အသုံးပြုပြီး လေ့လာနိုင်ပါတယ်။သတင်းလေ့လာမှုနဲ့ပတ်သက်ပြီး သိရှိလိုသော Keywords များကို အသုံးပြုပြီး ဆိုရှယ်နားထောင်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ နည်းပညာသတင်းများနှင့်အတူ စျေးကွက်အတွင်းဖြစ်ပေါ်နေသော ခေတ်ရေစီးကြောင်း သတင်းအခြေအနေများကို Magnify Myanmar ၏ Media Monitoring Toolကို အသုံးပြုပြီး သတင်းမီဒီယာမှ သိရှိလိုသော သတင်းများကို စိစစ် ခွဲခြားလေ့လာနိုင်ပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09- 791029719 သို့မဟုတ် Website Link www.magnifymyanmar.com သို့ နှိပ်ပြီး Free Trial အတွက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

In Myanmar, people use the word “Using Internet” instead of saying social media. So, does everyone have a phone in Myanmar? Are they always using the internet? When asked what they use most while using the internet, 70% of them use Facebook, and according to the average study, they use the internet for around 2 hours per day. It can be said that smartphones are already familiar to everyone in Myanmar.

In fact, some youths will spend more time than mentioned above. Mobile data’s development has both positive and negative aspects. You can get good knowledge and avoid bad information that should not be imitated. Parents should set time limits for their children’s use of social media on smartphones in addition to adjusting how adults use social media.

Smartphones are currently used by everyone in Myanmar, and in the era of smartphones is competing with the trend. Currently, the most popular mobile phones in Myanmar are iPhone, Samsung, Huawei, Oppo, and Vivo. So, what percentage of the smartphone is involved in people’s lives?

The use of smartphones is also related to mobile internet networks. As mobile internet networks in Myanmar such as Atom, Ooredoo, Myanmar Net, 5BB MBT, We Link, Hi Internet have become more widespread, so users can choose as they like. As the technological network grows more and more, every house in Myanmar has Wi-Fi installed, and the number of smartphone users is increasing. Students, and even children use tablets to study via zoom and play games. It can be defined as a technological variation.

As a result of these technological changes, lifestyles have also changed. Adults are able to buy car tickets and air tickets online from websites; Ability to pay bills through online applications; The image of technological progress can be considered respectable as there is no need to carry cash in hand and you can pay easily online. Although the percentage of mobile phone and internet usage in small towns is low, almost every home now has a phone, so it can be estimated that the communication system has become convenient.

In connection with the technical topics mentioned above, various news topics that are happening in the field could be studied by using Magnify Social Listening by using the keywords you want to know about the news. Along with technology news, you can use Magnify Myanmar’s Media Monitoring Tool to check and analyze the news that the news media want to know. Learn more about magnify Myanmar via 09- 791029719 or get a free trial by clicking the website www.magnifymyanmar.com
#magnifymyanmar

May 04, 2023
2 mins read

ဆိုးဝါးသော မှတ်ချက်များမှ ကောင်းမွန်သော မှတ်ချက်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်တဲ့ Samsung ရဲ့ Portable SSD T7 Shield

လုပ်ငန်းတိုင်းဟာ Social Listening အသုံးပြုခြင်းအကျိုးကျေးဇူးကိုသိပ်မသိကြပါဘူး။အသုံးပြုကြသောလုပ်ငန်းများလည်းရှိသကဲ့သို့ ပြန်လည်အသုံးချမှုနည်းစနစ်ဆိုတာလည်းရှိပါသေးတယ်။ သို့သော် Samsung ကတော့မဟုတ်ပါဘူး။ Samsung ဟာ မကြာသေးခင်က Portable SSD T7 Shield ကို ထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်ပြီးပြီးချင်းမှာပဲ ဝေဖန်ချက်များစွာနဲ့ထောက်ပြခြင်းခံခဲ့ရပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် သုံးစွဲသူများနဲ့ ထိတွေ့လုပ်ကိုင်နေရတဲ့ လုပ်ငန်းတိုင်းဟာ Social Listening မပြုလုပ်ပဲထုတ်ကုန်များကိုသာ အာရုံစိုက်နေလို့မရပါဘူး။

ထုတ်ကုန်အခြေအနေဟာ သုံးစွဲသူဆီသို့ဖြန့်ချိလိုက်တာနဲ့ အခြေအနေမည်သို့ရပ်တည်နေသည်ကို နားထောင်သင့်ပါတယ်။ ယခု Samsung ကိုဥပမာပြရလျှင် Samsung ဟာ သုံးစွဲသူများရဲ့ဝေဖန်ချက် ပြင်းထန်နေသော်လည်း ဆိုးသောမှတ်ချက်များမှ ကောင်းသောမှတ်ချက်အဖြစ်ပြောင်းလဲနိုင်ခဲ့တာကို လေ့လာသိရှိခဲ့ရပါတယ်။

Samsung ဟာ လူသုံးကုန်ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ဖြန့်ချိလျက်ရှိပြီး နေ့စဥ်အချိန်တိုင်းမှာ ဝေဖန်ချက်၊အကြံပြုချက်၊ကောင်းသောဝေဖန်ချက်များစွာကို အမြဲရရှိနေတာဖြစ်ပါတယ်။ မည်မျှသောရာခိုင်နှုန်းက မည်သည့်ထုတ်ကုန်ကိုပြောဆိုနေကြသလဲ။ ကြိုက်နှစ်သက်သော မှတ်ချက်ရခဲ့လျှင်လည်း ဒီဇိုင်းလား။ ပါဝင်သော Specifications ကြောင့်လား။ ဆိုးသောမှတ်ချက်များရရင်လည်း အသုံးပြုထားသောအမျိုးအစားထဲမှ မည်သည့်အချက်ကို သုံးစွဲသူများက မည်သို့ဝေဖန်နေပုံကို စသဖြင့် အသေးစိတ်ထိ တိတိကျကျ Social Listening ပြုလုပ်ကာ လေ့လာထားပုံကို ယခု SSD T7 Shield ကို သာဓကထား၍ သိရှိနိုင်ပါတယ်။

SSD T7 Shield ကို သုံးစွဲသူများထံသို့ ထုတ်လုပ်ပြီးပြီးချင်းမှာပဲ ကောင်းသောမှတ်ချက်ထက် လူအများဟာ ဆပ်ပြာနှင့်တူကြောင်းလည်းပြောဆိုကြသလို အမြင့် ၃ မီတာမှ ပြုတ်ကျလည်းမပျက်စီးဘူးဆိုတဲ့အပေါ်ကိုလည်း ဝေဖန်ချက်များစွာပေးခဲ့ကြသလို ကြိုက်နှစ်သက်သောသူများဟာလည်း ယခု SSD ဟာပေါ့ပါးပြီး Shield ကဲ့သို့ အကာအကွယ်မည်မျှပေးနိုင်မှုကြောင့် ကြိုက်နှစ်သက်ကြကြောင်းကို ဝေဖန်သူများကို ပြန်၍ တုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။

ယခုကဲ့သို့ အဖြစ်အပျက်အခြေအနေများကို Samsung ဟာ ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းအသုံးပြုနိုင်ခဲ့ပါတယ်။ ဆိုးဝါးသော မှတ်ချက်များမှ ကောင်းမွန်သော မှတ်ချက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ထို SSD T7 Shield ဟာလည်း လူကြိုက်များပြီး စိတ်ဝင်စားသော ထုတ်ကုန်သစ်တစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် Social Listeningဟာ အရေးကြီးတာပါ။ လူထုနဲ့ထိတွေ့ဆက်ဆံရသော လုပ်ငန်းတွေဟာ Social Listening ကို အသုံးပြုရန်လိုအပ်ပြီး မထင်မှတ်ပဲဖြစ်ပေါ်လာသော Crisis အခြေအနေများကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။

Social Listening အကြောင်းကို အသေးစိတ်လေ့လာလိုပါက Magnify Myanmar Page များသို့ လေ့လာနိုင်သလို ဖုန်းနံပါတ် 09- 791029719 သို့မဟုတ် ဖော်ပြပါ Link www.magnifymyanmar.com သို့နှိပ်၍ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Not every business is aware of the benefits of Social Listening except for Samsung which recently launched the Portable SSD T7 Shield and received many criticisms after launching the product. It is not suitable for businesses in contact with consumers to focus only on products without listening to their consumers.

Status of a product should be analyzed as soon as it starts launching in the market. For instance, Samsung was able to turn their bad comments into good ones despite the harshness of the users’ reviews after listening to what consumers are saying about the new product that was recently launched in the market.

Samsung manufactures a variety of domestic appliances, and it always receives a lot of criticism, suggestions and good reviews every day. What percentages of its target audiences are talking about which product? Are the good reviews given towards products’ design or specifications? Besides, negative comments from users could be pointed out by engaging in social listening as in the case for SSD T7 Shield.

Immediately after the release of SSD T7 Shield, many people commented that the design was like soap, and some didn’t even believe the fact that it was not damaged by falling from a height of 3 meters. On the other hand, those who enjoyed the product also gave positive feedback about its lightweight and durability.

Samsung has been able to handle these incidents very well which led to the popularity of their SSD T7 Shield after transforming criticisms into opportunities. Social listening plays an important role in such cases. Businesses that interact with the public need to do social listening in order to resolve unexpected crises easily.

For more information about social listening via call 09-791029719 or click on the link www.magnifymyanmar.com to inquire about a free trial.

#magnifymyanmar

#sociallistening