Jan 31, 2024
2 mins read

The Impact of Magnify Myanmar ‘s Social Listening on Market Research

The integration of social listening into market research carries multifaceted implications. When extending the scope of an analysis, Social Listening emerges as an indispensable tool. The rationale behind its usage stems from the intrinsic investigatory nature of market research. The imperative to employ Social Listening arises from the need to meticulously organize and scrutinize the subjects earmarked for research, given that market research inherently involves a thorough exploration.

In the context of market research in Myanmar, the application of Magnify Myanmar’s Social Listening proves highly advantageous in methodically aligning data with specific research objectives. To adeptly gather and analyze information, Magnify Myanmar’s Social Listening Tool facilitates the seamless search for keywords in both Burmese and English. Furthermore, the tool supports the retrieval and integration of content in ZawGyi Font and Unicode Font, thereby enabling the comprehensive collection of informative content.

Given the intricacies of the Burmese language, Magnify Myanmar’s Social Listening proves instrumental in streamlining information collection for market research, ensuring the acquisition of precise and relevant data. Those interested in delving deeper into Magnify Myanmar’s capabilities may contact +959 791 029 719 or reach out via email at contact@magnifymyanmar.com for further inquiries.

Market Research အတွက် Social Listening ရဲ့ အကျိုးသက်ရောက်မှုက များစွာရှိပါတယ်။

ဈေး ကွက်တစ်ခုချဲ့ထွင်တော့မယ်ဆိုရင် Social Listening က အသုံးပြုသင့်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဘာကြောင့် Social Listening Tool ကို အသုံးပြုသင့်သလဲဆိုလျှင် Market Research ပြုလုပ်တာဟာ Research ဆိုတဲ့ စကားစုတစ်ခုထဲနှင့်ပင် “ရှာဖွေလေ့လာခြင်း” ဖြစ်တဲ့အတွက် သင်ရှာဖွေလေ့လာမယ့်အကြောင်းအရာများကို စနစ်တကျစုစည်းလေ့လာဖို့ လိုအပ်သောကြောင့် Social Listening ကို အသုံးပြုသင့်ခြင်းပင် ဖြစ်ပါတယ်။

Magnify Myanmar ရဲ့ Social Listening ဟာ Market Research အတွက် တိကျသော သုတေသန ရည်မှန်းချက်များ နှင့် ဒေတာများပေါင်းစပ်ရာမှာ နည်းလမ်းတကျနဲ့စုစည်းလေ့လာနိုင်ဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ သတင်းအချက်အလက်များကို စုစည်းလေ့လာနိုင်ဖို့အတွက် အချက်အလက်များရှာဖွေရာမှာ Keywords များကို မြန်မာဘာသာနှင့် အဂ်လိပ်ဘာသာဖြင့် Magnify Myanmar ရဲ့ Social Listening Tool တွင် ရှာဖွေနိုင်ပါတယ်။ မြန်မာဘာသာကိုမှ Zaw Gyi Font နှင့် Unicode Font ဖြင့်ရေးသားထားသော အကြောင်းအရာစာစုများကို ရှာဖွေထည့်သွင်းကာ Social Listening Tool တွင် အချက်အလက်ကျကျ အကြောင်းအရာများကို စုစည်းလေ့လာနိုင်ပါတယ်။ မြန်မာဘာသာစကားဟာရှုပ်ထွေးသောကြောင့် Market Research အတွက် သတင်းအချက်အလက်များ စုဆောင်းရာမှာ လစ်ဟင်းမှုမရှိစေဖို့နှင့် မှန်ကန်တိကျသော ဒေတာများရရှိစေဖို့အတွက် Magnify Myanmar ရဲ့ Social Listening က များစွာအထောက်အကူပြုသောကြောင့် သင့်အနေနှင့် စေ◌ျးကွက်ချဲ့ထွင်ရေးအတွက် Social Listening Tool ရှာဖွေနေပါက Magnify Myanmar ရဲ့ Social Listening ကို အသုံးပြုသင့်ပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ် လေ့လာလိုပါက ဖုန်းနံပါတ် +959 791 029 719 သို့မဟုတ် contact@magnifymyanmar.com သို့ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

Jun 27, 2023
4 mins read

The Importance of Market Research in Social Listening and Why Magnify is the Ideal Choice

Introduction

In the rapidly evolving digital landscape, businesses have realized the immense value of social listening, a practice that involves monitoring and analyzing online conversations. Social listening provides valuable insights into consumer sentiment and market trends, enabling organizations to make informed decisions. However, to maximize the benefits of social listening, market research plays a vital role. This article explores why market research is crucial for effective social listening and highlights why Magnify is the ideal choice for businesses seeking comprehensive social listening solutions.

1. Comprehensive Understanding of the Market

Market research establishes a solid foundation for social listening by providing businesses with a comprehensive understanding of the market landscape. By conducting market research, companies can identify their target audience, gain insights into consumer preferences, demographics, psychographics, and purchasing behaviors. This knowledge allows social listening efforts to be more focused and relevant, ensuring that businesses are capturing the right data and extracting actionable insights.

2. Validation and Accuracy

Social listening generates vast amounts of unstructured data from various sources, making it essential to validate and calibrate the insights obtained. Market research acts as a crucial validation mechanism, ensuring the accuracy and reliability of the social listening data. By cross-referencing social media insights with established market research findings, businesses can verify the data’s credibility, mitigate potential biases, and make informed business decisions based on reliable information.

3. Uncovering In-Depth Insights

While social listening provides real-time access to consumer opinions, market research offers the opportunity to delve deeper into consumer insights, motivations, and underlying needs. Market research techniques, such as surveys, focus groups, and interviews, provide a more nuanced understanding of consumers. Magnify’s social listening solution combines the power of market research methodologies with advanced data analytics, enabling businesses to uncover comprehensive and in-depth insights into their target audience.

4. Trend Identification and Adaptability

Social listening is effective in identifying emerging trends and consumer preferences. However, relying solely on social listening data may provide a limited perspective. Market research adds another layer of analysis, allowing businesses to validate and identify trends more effectively. Magnify’s social listening solution integrates market research expertise, enabling organizations to adapt their strategies in real-time, stay ahead of the competition, and capitalize on emerging market opportunities.

5. Customized Solutions and Actionable Recommendations

Magnify’s social listening solution stands out by offering customized solutions and actionable recommendations based on a combination of market research and social listening data. By leveraging their market research capabilities, Magnify provides businesses with a deep understanding of their target audience’s needs, preferences, and pain points. This enables organizations to craft tailored marketing strategies, develop personalized customer experiences, and drive meaningful engagement.

6. Advanced Technology and Data Analytics

Magnify utilizes cutting-edge technology and advanced data analytics to extract meaningful insights from social listening data. Their robust platform employs natural language processing, sentiment analysis, and machine learning algorithms to capture and analyze vast amounts of data in real-time. This ensures that businesses can make data-driven decisions swiftly and stay agile in their marketing and business strategies.

Conclusion

Market research and social listening are integral components of a comprehensive business strategy. By leveraging market research alongside social listening, businesses can gain a holistic understanding of their target audience, validate insights, uncover emerging trends, and make informed decisions. Magnify’s social listening solution combines the power of market research expertise with advanced technology, enabling organizations to extract actionable insights, stay ahead of the competition, and drive business growth. Choose Magnify for comprehensive social listening that goes beyond surface-level data, empowering your organization with strategic advantages in today’s dynamic marketplace.

ပြောင်းလဲတိုးတက်နေတဲ့ ဒစ်ဂျစ်တယ် ခေတ်ကြီးထဲမှာ ဆိုရှယ်မီဒီယာပေါ်မှာရှိတဲ့ လူတွေပြောဆိုနေကြတဲ့ စကားဝိုင်းဟာ အရေးပါလာကြောင်းကို လုပ်ငန်းရှင်များက သတိထားမိလာကြပါတယ်။ ပြောဆိုနေကြတဲ့ စကားဝိုင်းဟာ အမျိုးမျိုးရှိပေမယ့် ယခုခေတ်နောက်ပိုင်းမှာ လုပ်ငန်းရှင်များဟာ ၎င်းတို့ရဲ့ ထုတ်ကုန်နဲ့ပတ်သက်ပြီး သုံးစွဲသူများက မည်သို့ဝေဖန်ပြောဆိုနေကြသည်ကို သိစေရန် Social Listening ကိုအသုံးပြုရန်လိုအပ်လာကြောင်းကို သတိထားမိလာကြပါတယ်။ Social Listening ဟာ စေ◌ျးကွက်ရှာဖွေရေးနဲ့ သုံးစွဲသူများရဲ့ သဘောထားကို သိမြင်နိုင်စေတဲ့ အမြင်ကို ပေးစွမ်းနိုင်သောကြောင့် လုပ်ငန်းရှင်များဟာ Social Listening ကို Market Research အတွက် အသုံးချလာကြပါတယ်။ ယခု Article ဟာ Market Research ပြုလုပ်ခြင်းအတွက် Social Listening ဟာ မည်မျှ အသုံးဝင်ကြောင်းနှင့် အရေးပါကြောင်းကို ဖော်ပြရင်း Magnify ရဲ့ Social Listening ကို အသုံးပြုခြင်းဟာ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ စေ◌ျးကွက်နည်းဗျူဟာများအတွက် မည်သို့အသုံးဝင်ကြောင်းကို ဖော်ပြထားပါတယ်။

1. စျေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ခြင်း။

Market Research ပြုလုပ်ခြင်းဟာ Market အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့က လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ၏စျေးကွက်အခြေအနေကို Social Listening ပြုလုပ်ခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်သောကြောင့် Social Listening နားထောင်ခြင်းဟာ Market Research အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ Market Research ပြုလုပ်ခြင်းဖြင့် ကုမ္ပဏီများဟာ ၎င်းတို့၏ Target Audiences ကို ခွဲခြားသတ်မှတ်နိုင်ပြီး စားသုံးသူအကြိုက်များ၊ လူဦးရေပုံသဏ္ဍာန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝယ်ယူမှုအပြုအမူများကို ထိုးထွင်းသိမြင်နိုင်မှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ Social Listening ပြုလုပ်ခြင်းဟာ သက်ဆိုင်ရာလုပ်ငန်းများနဲ့သက်ဆိုင်သော ဒေတာများကို ရယူနိုင်တဲ့အပြင် Market Research ပြုလုပ်သောအခါ Noise Data များကို ဖယ်ထုတ်ကာ အဓိကလိုအပ်တဲ့အချက်များကို ပြည့်ပြည့်စုံစုံ ရရှိမှာ ဖြစ်ပါတယ်။

2. အတည်ပြုခြင်းနှင့် တိကျမှု

အများစု Social Listening မှာ General ဆန်သော ဒေတာများကို ထည့်သွင်းထားသော Keywords များအရ မလိုလားသော သတင်းများလည်း ရရှိနိုင်ပါတယ်။ ထိုကဲ့သို့သတင်းများကို ရရှိခဲ့သော်လည်း ဆန်းစစ်ဖို့က လိုအပ်ပါတယ်။ Market Research ပြုလုပ်ခြင်းဟာ ကျယ်ပြန့်သောကြောင့် သတင်းအချက်အလက်များရယူသောအခါ ဒေတာဟာ မှန်ကန်မှုရှိမရှိ၊ ကိုက်ညီမှု ရှိမရှိ ပြန်လည်စစ်ဆေးဖို့က လိုအပ်ပါတယ်။ Magnify ရဲ့ Social Listening ဟာ Dashboard ထဲတွင် လိုအပ်သော ဒေတာများကို အပြည့်အဝရရှိပြီး လစ်ဟင်းမှုမရှိအောင် ဒေတာများကို ရယူနိုင်ပါတယ်။ ထို့အပြင် Noise ဖြစ်စေသော သတင်းများကိုလည်း စိစစ်ထားသောကြောင့် လုပ်ငန်းနှင့်သက်ဆိုင်သော ဒေတာများကိုသာ ရရှိမှာဖြစ်ပါတယ်။

၃။ အတွင်းကျကျ ထိုးထွင်းသိမြင်မှုကို ဖော်ထုတ်ခြင်း။

Social Listeningဟာ သုံးစွဲသူများ၏ ထင်မြင်ယူဆချက်များကို အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်သော်လည်း Market Research ပြုလုပ်ခြင်းဟာ သုံးစွဲသူများ၏ထိုးထွင်းသိမြင်မှု၊ လှုံ့ဆော်မှုနှင့် အရင်းခံလိုအပ်ချက်များကို ပိုမိုနက်ရှိုင်းစွာ ပိုင်းခြားသိရှိနိုင်စေရန် အခွင့်အရေးပေးပါတယ်။ စစ်တမ်းများ၊ အာရုံစိုက်အုပ်စုများနှင့် အင်တာဗျူးများကဲ့သို့သော စျေးကွက်သုတေသနနည်းစနစ်များဟာ သုံးစွဲသူများကို ပိုမိုနားလည်သဘောပေါက်စေပါတယ်။ Magnify ၏ Social Listening ပြုလုပ်ခြင်းဟာ စျေးကွက်သုတေသနနည်းလမ်းများ၏စွမ်းအားကို အဆင့်မြင့်ဒေတာခွဲခြမ်းစိတ်ဖြာမှုများဖြင့်ပေါင်းစပ်ပေးကာ စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ Target Audiences ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အတွင်းကျကျထိုးထွင်းသိမြင်နိုင်သော Insights များကို ရရှိနိုင်စေပါတယ်။

4. လမ်းကြောင်းကို ခွဲခြားသတ်မှတ်ခြင်းနှင့် လိုက်လျောညီထွေရှိမှု

Social Listening ဟာ ပေါ်ပေါက်လာသော ခေတ်ရေစီးကြောင်းများနှင့် သုံးစွဲသူများ၏ နှစ်သက်မှုကို ဖော်ထုတ်ရာမှာ ထိရောက်မှုရှိပါတယ်။ Social Listening မှရရှိသောဒေတာများကို နားထောင်ခြင်းဟာလည်း အကန့်သတ်ရှိသော ရှုထောင့်များမြင်အောင် ပေးစွမ်းနိုင်ပါတယ်။ Magnify ၏ Social Listening မှ ဒေတာများကို စျေးကွက်သုတေသနကျွမ်းကျင်မှုများဖြင့် ပေါင်းစပ်ပြီး အဖွဲ့အစည်းများအား ၎င်းတို့၏မဟာဗျူဟာများကို အချိန်နှင့်တပြေးညီ လိုက်လျောညီထွေဖြစ်ရန်၊ ပြိုင်ဆိုင်မှုထက် သာလွန်နေစေရန်နှင့် ပေါ်ပေါက်လာသော စျေးကွက်အခွင့်အလမ်းများကို ရရှိရန် အသုံးချနိုင်စေပါတယ်။

5. စိတ်ကြိုက်ဖြေရှင်းချက်များနှင့် လုပ်ဆောင်နိုင်သော အကြံပြုချက်များ

Magnify ၏Social Listening ဟာ Market Research နှင့် Social Listening မှ ဒေတာပေါင်းစပ်မှုအပေါ်အခြေခံ၍ စိတ်ကြိုက်ဖြေရှင်းချက်များနှင့် အရေးယူနိုင်သောအကြံပြုချက်များကို ပေးဆောင်နိုင်ကြောင်း ထင်ရှားပါတယ်။ ၎င်းတို့၏ စျေးကွက်သုတေသနစွမ်းရည်များကို အသုံးချခြင်းဖြင့် Magnify ရဲ့ Social Listening ဟာ စီးပွားရေးလုပ်ငန်းများအား ၎င်းတို့Target Audiences များ၏ လိုအပ်ချက်များ၊ နှစ်သက်မှုများနှင့် Negative Comments များကို နက်ရှိုင်းစွာ နားလည်သဘောပေါက်စေပါတယ်။ ၎င်းသည် အဖွဲ့အစည်းများအား အံဝင်ခွင်ကျသော စျေးကွက်ရှာဖွေရေးဗျူဟာများကို ဖန်တီးနိုင်စေကာ၊ ပုဂ္ဂိုလ်ရေးသီးသန့် တစ်ဥ◌ီးတစ်ယောက်စီ၏ အတွေ့အကြုံများကိုပါ ဖွံ့ဖြိုးတိုးတက်စေကာ အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုကို တွန်းအားပေးစေပါတယ်။

6. အဆင့်မြင့်နည်းပညာနှင့် ဒေတာခွဲခြမ်းစိတ်ဖြာခြင်း။

Magnify ရဲ့ Social Listening မှ ဒေတာများဟာ အဓိပ္ပာယ်ရှိသော ထိုးထွင်းသိမြင်မှုများကို ထုတ်ယူရန်အတွက် နောက်ဆုံးပေါ်နည်းပညာနှင့် အဆင့်မြင့်ဒေတာခွဲခြမ်းစိတ်ဖြာမှုများကို အသုံးပြုနိုင်ပါတယ်။ ၎င်းတို့၏ ခိုင်မာသော ပလက်ဖောင်းတွင် ဒေတာအများအပြားကို အချိန်နှင့်တပြေးညီ ဖမ်းယူခွဲခြမ်းစိတ်ဖြာရန်

NLP နည်းပညာကို အသုံးပြုထားပြီး မြန်မာဘာသာစကားကို နားလည်သော Ai System ကို အသုံးပြုထားပါတယ်။ ယင်းက စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ပြုလုပ်နိုင်ပြီး ၎င်းတို့၏ စျေးကွက်ရှာဖွေရေးနှင့် လုပ်ငန်းဗျူဟာများတွင် သွက်လက်နေစေရန် များစွာ အထောက်အကူပြုပါတယ်။

Market Research များအတွက် Social Listening ပြုလုပ်ခြင်းဟာ ပြီးပြည့်စုံသော စီးပွားရေးဗျူဟာတစ်ခုအတွက် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းများဖြစ်ပါတယ်။ Social Listening နှင့်အတူ Market Research ကို အသုံးချခြင်းဖြင့် စီးပွားရေးလုပ်ငန်းများဟာ ၎င်းတို့ရဲ့ Target Audiences ကို အပြည့်အဝနားလည်ပြီး ထိုးထွင်းသိမြင်မှုကို အတည်ပြုနိုင်ပါတယ်။ ထို့အပြင် ပေါ်ပေါက်လာသော ခေတ်ရေစီးကြောင်းများကို ဖော်ထုတ်ကာ အသိဉာဏ်များဖြင့် ဆုံးဖြတ်ချက်များကို ချနိုင်မှာဖြစ်ပါတယ်။ Magnify ရဲ့ Social Listening ဟာ စျေးကွက်သုတေသနကျွမ်းကျင်မှု၏စွမ်းအားကို အဆင့်မြင့်နည်းပညာနှင့်ပေါင်းစပ်ပြီး အဖွဲ့အစည်းများကိုလုပ်ဆောင်နိုင်သောထိုးထွင်းဥာဏ်များကိုထုတ်ယူနိုင်ပါတယ်။ ထို့အပြင် ပြိုင်ဆိုင်မှုထက်ရှေ့ဆက်နေရန်နှင့် စီးပွားရေးတိုးတက်မှုကိုတွန်းအားပေးစေပါတယ်။ Magnify ရဲ့ Social Listening နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09 – 791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

May 04, 2023
2 mins read

Loreal’s Marketing Strategy Shifts

လုပ်ငန်းတစ်ခုမှာ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းနယ်ပယ်ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ထုတ်ကုန်ဖြန့်ချိထားမှုနှင့်ပတ်သက်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်၊ တောင်းဆိုချက်များကို လျစ်လျူရှုခြင်းမပြုသင့်ပါ။ သာဓကပြရသော် Loreal ဟာ ထုတ်ကုန်အသစ်မဖြန့်ချိမှီ သုံးစွဲသူများရဲ့ အသံကို Social Listening အသုံးပြုပြီး စေျးကွက်အခြေအနေများကိုစုံစမ်းပါတယ်။

Loreal ဟာဆံပင်ဆေးဆိုးသော ကာလာအသစ်မထုတ်လုပ်မှီ ပုံမှန်သုံးစွဲနေကျ သုံးစွဲသူများက ဆံပင်ကာလာTrending တစ်ခုဖြစ်တဲ့ Crazy Color ဆိုးခြင်းကို ဆိုင်သို့မသွားပဲ အိမ်မှာတွင်သာ ဆေးဆိုးချင်ကြကြောင်းကို Loreal က Social Listening အသုံးပြုနားစွင့်ခဲ့ခြင်းကြောင့် သိရှိခဲ့ပါတယ်။ ဆံပင်အရောင်နှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူသောအခါ တွေ့ရှိချက်အရ အိမ်တွင် Ombre Color ရရန် DIY ပြုလုပ်ချက်များနှင့် ဆိုးဆေး ဆံပင်အတွက် ရှာဖွေမှု ဝေါဟာရတွေ သိသိသာသာ မြင့်တက်လာတာကို တွေ့ရှိခဲ့ပါတယ်။ Social Listening အသုံးပြုခြင်းကြောင့် L’Oréal ဟာ တွန်းအားတစ်ခုအနေနဲ့ ဆန်းသစ်သော Ombré DIY Home Kit ကို ဖန်တီးခဲ့ပါတယ်။ ထိုဖန်တီးမှုဟာ တစ်ရှိန်ထိုးအောင်မြင်ပြီး သုံးစွဲသူများကြား ရေပန်းစားထုတ်ကုန်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Social Listening အသုံးပြုခြင်းဟာ Research & Development ကို ပိုမို တိုးတက်ပြောင်းလဲစေပါတယ်။ ယခင်က ထုတ်ကုန်တွေကို သုံးစွဲသူတို့က စမ်းသပ်ပြီး ဈေးကွက်ထဲကို မဖြန့်ချီခင်မှာ ပြန်လည်သုံးသပ်ပြီးနောက်မှ ထုတ်ကုန်တွေကို အချောသတ် တီထွင်ဖြန့်ချိခဲ့ပါတယ်။ နည်းပညာနှင့် AI ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ၊ စီးပွားရေးလုပ်ငန်းများဟာ ဤလုပ်ငန်းစဉ်ကို အတိုချုံ့ပြီး သုံးစွဲသူတို့ထံမှ Social Listening ပြုလုပ်ပြီး သိရှိထားသည့် ထုတ်ကုန်တစ်ခုကို သုံးစွဲသူတို့ စိတ်တိုင်းကျဖန်တီးနိုင်ခဲ့ပါတယ်။

သုံးစွဲသူများဟာ Online Platform အမျိုးမျိုးရှိ အမှတ်တံဆိပ်များအကြောင်း လိုအပ်သောအချက်အလက်များကို ရှာဖွေဖတ်ရှုခြင်း၊ သုံးသပ်ချက်ဖတ်ခြင်း သို့မဟုတ် စာရေးခြင်းတို့အတွက် အချိန်ပိုသုံးစွဲကြပါတယ်။ သုံးစွဲသူတို့ရဲ့ လိုအပ်ချက်နဲ့ နှစ်သက်မှုများကို နားလည်ခြင်းဟာ အောင်မြင်သော ဆက်သွယ်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ အပြန်အလှန် အကျိုးရှိသော ရလဒ်များအတွက် အရေးပါသော သော့ချက်လည်းဖြစ်ပါတယ်။

Magnify Myanmar ရဲ့ Social Listening နဲ့ Media Monitoring Tool ဟာ လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့အသံကို နားဆင်နိုင်ရန်အတွက် မြန်မာဘာသာစကားကို AI နည်းပညာများမှတစ်ဆင့် တိုင်းတာသောကြောင့် Keyword များ လစ်ဟာမှု မရှိစေဘဲ အချက်အလက်များကို သေချာ သိရှိစေရန် များစွာအထောက်အကူပြုပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link www.magnifymyanmar.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

As a business grows, the interchanging needs of its consumers can’t be ignored without evaluation. L’Oréal often conducts its marketing based on information from its consumers.

A prominent feature of the global economy, which is stronger than ever with evolving trends, is the use of technology. Instead of relying on traditional marketing, various tools can be used to further filter through consumers’ comments and create better interactive marketing strategies.

Social Listening can focus present actions more and connect users for continuous improvement in real-time, keeping track by making it possible to adapt to the situation. Some have successfully entered new markets by listening to their consumers, while others have developed new products after discovering their consumers’ thoughts. For L’Oréal, social listening is about connecting and listening to people at critical moments in their marketing journey.

L’Oréal uses Google’s analytics to target their potential customers. They not only target people searching for their brand or products but also target individuals searching for other popular beauty content.

Social Listening is revolutionizing research & development. In the past, users tested and reviewed products before being distributed to the market. With the development of technology and AI, businesses can shorten this process by social listening from users and creating a product that will be tailored to their needs.

After surveying users on social media, L’Oréal found that search terms for DIY ombre hair color at home and dyed hair have increased significantly. Through social listening, L’Oréal Paris’ innovative ombré DIY home kit product was inspired to create. L’Oréal’s success has been fueled by social listening within a business ecosystem.

People search and read necessary information about various brands on several online platforms and spend more time reading or writing reviews. Understanding consumer needs and preferences are the key to successful communication; It is also critical to transparency and mutually beneficial results.

Magnify Myanmar’s Social Listening and Media Monitoring Tool can listen to an individual’s voice through the Burmese language using AI technologies to measure keywords without missing any information. Learn about Magnify Myanmar via 09-791029719 or the link www.magnifymyanmar.com.

May 04, 2023
2 mins read

ထုတ်ကုန်တစ်ခုကြော်ငြာတော့မယ်ဆိုရင် ဘယ်အချက်တွေက အရေးကြီးပြီး ဂရုစိုက်ဖို့လိုအပ်သလဲ။

Social Media ပေါ်မှာ ယခု၂၁ ရာစုနောက်ပိုင်း ထုတ်ကုန်များကြော်ငြာခြင်းကို အများဆုံးပြုလုပ်လာကြပါတယ်။ ဒါတွေဟာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြော်ငြာတွေကို ကြည့်တဲ့အခါမှာ သုံးစွဲသူတွေစိတ်ဝင်စားလာအောင် ကြော်ငြာခြင်း၊စမ်းသပ်သုံးစွဲချင်လာအောင် ကြော်ငြာခြင်းဟာလည်း အရေးကြီးပါတယ်။ ကြော်ငြာပြီဆိုကတည်းက ဒီထုတ်ကုန်ဟာ ကောင်းမွန်ကြောင်း၊ သုံးစွဲသူများနဲ့လည်း သင့်လျော်ကြောင်းပြသကြမည်က ပထမအချက်၊ ဒုတိယအချက်က သုံးစွဲခြင်းဖြင့်ရရှိမယ့်အကျိူးကျေးဇူး၊ တတိယအချက်က စျေးနှူန်းလည်း သင့်တင့်မှုရှိပြီး စျေးကွက်နဲ့အညီ တန်းတူသွားနိုင်မယ့် ထုတ်ကုန်မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။

အချို့သောလုပ်ငန်းရှင်များဟာ ထုတ်ကုန်များကြော်ငြာခြင်းအပေါ် Agency များအပ်နှံခြင်းဖြင့် ကြော်ငြာကြသလို နာမည်ရှိပြီးသားလုပ်ငန်းရှင်များဟာလည်း Social Media ပေါ်တွင် လတ်တလော ရေပန်းစားနေသော Social Influencers များဖြင့်လည်း လုပ်ငန်းများကို Project အနေဖြင့်တွဲလုပ်ပြီး ထုတ်ကုန်ကို အာရုံစိုက်မိအောင်ပြုလုပ်လာကြတာတွေလည်း ရှိပါတယ်။ မည်သို့သော Project များဖြင့် ထုတ်ကုန်ကိုစိတ်ဝင်စားအောင်လုပ်စေကာမူ အရေးကြီးဆုံးအချက်က ထုတ်ကုန်မည်မျှ ကောင်းမွန်သည် ဟူသော အချက်ပါ။ ဒုတိယအချက်ကတော့ ကိုယ်ရွေးချယ်သည့် Social Influencers ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ Brand Image တိုးတက်မှုက ပြည်သူတွေသဘောကျကြသော လွှမ်းမိုးမှုရှိသော အမှန်တစ်ကယ် အနုပညာကို ချစ်မြတ်နိုးသောသူဖြစ်ရန်လည်း လိုအပ်ပါတယ်။

Social Media ပေါ်မှာ ကောင်းတာနဲ့ ဆိုးတာ ၂မျိုးလုံး ရောနှောနေပါတယ်။ ဒီအထဲက အချို့သော Social Media ပေါ်မှာ အလုပ်လုပ်ကိုင်ကြသောသူတွေမှာ ကောင်းတာကော ဆိုးတာကော ရောနေတဲ့အတွက် ထုတ်ကုန်နဲ့အတူတွဲဖက် အလုပ်လုပ်တော့မယ်ဆိုရင် သုံးစွဲသူတွေအမြင်ကို အဓိက အရေးကြီးပါတယ်။ စမ်းသစ်သုံးစွဲသူမယ့်တွေဟာ ထုတ်ကုန်အပေါ် ရေရှည်အသုံးပြုကြမည့်သူများဖြစ်တဲ့အတွက် ဥ◌ီးစွာသုံးစွဲသူတွေရဲ့အမြင်ကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။

ထုတ်ကုန်ရဲ့အခြေအနေကို စူးစမ်းလေ့လာတော့မယ်ဆိုရင် ထုတ်ကုန်ကိုသုံးစွဲမယ့် သုံးစွဲသူတွေရဲ့အခြေအနေရယ် ပုံစံတူပြိုင်ဖက်လုပ်ငန်းများရဲ့ Social Media အပေါ် ဖန်တီးပြုလုပ်ကြသော အခြေအနေများကို လေ့လာဖို့လည်း လိုအပ်ပါတယ်။ ဒီလိုမျိူး လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းနဲ့မီဒီယာအချက်အလက်တွေကို လေ့လာတော့မယ်ဆိုရင် သတင်းတွေကို လစ်ဟင်းမသွားဖို့ကလည်း အရေးကြီးပါတယ်။

Magnify Myanmar မှာ သတင်းနဲ့မီဒီယာမှာ လုပ်ငန်းနဲ့သက်ဆိုင်သော သတင်းအချက်အလက်များကို Keyword များလစ်ဟင်းမှုမရှိပဲ သတင်းနဲ့သက်ဆိုင်သော အချက်အလက်များကို လေ့လာနိုင်ပါတယ်။ မြန်မာဘာသာဟာ ခက်ခဲနက်နဲတဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့အတွက် သတင်းနဲ့အချက်အလက်တွေကို စုစည်းလေ့လာတဲ့အခါ ထင်မြင်ယူဆချက်လွဲနေတာလေးတွေကို တွေ့ရတတ်ပါတယ်။

Magnify Myanmar ရဲ့ Tools တွေဟာ မြန်မာဘာသာကို နားလည်တဲ့ AI System ကိုအသုံးပြုထားတာ ဖြစ်တဲ့အတွက် ဘာသာစကားလွဲမှားမှုလည်း မရှိသလို သတင်းအစုံအလင်ကိုတစ်နေရာထဲမှာ လေ့လာနိုင်ပါတယ်။ Magnify Myanmar သတင်းကို စိတ်ဝင်စားလို့ ဖတ်ရှုလိုပါက ဖော်ပြပါ Link https://magnifymyanmar.com/ သို့မဟုတ် ဖုန်းနံပါတ် 09- 791029719 သို့ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

What factors are crucial and must be considered while advertising a product?

Product advertising on social media has been the most common after the 21st century. However, advertising is also crucial, persuading the consumers willing to try out the product. Formerly, it is essential to showcase that the product needs to be useful enough for consumers. Secondly, sharing the product’s benefits and finally, it is essential to have a product that has a reasonable price and can get along with the market trend.

Just as most entrepreneurs advertise their products with agencies, well-known entrepreneurs also operate with recently popular social Influencers on social media. Despite fascinating social media projects, the most important thing is product quality. The brand image of a particular business also depends on the social influencers who genuinely represent the brand and can influence the public.

Social media is a blend of positive and negative deeds. Some people who work on social media have positive and negative peripheries; consumers’ perceptions must be considered. Since consumers will be long-term product users, it is necessary to focus on their perception.

As the status of a product is going to be explored, it is necessary to analyze the situation of consumers and similar competitors on social media. It’s also critical not to miss any information while investigating news and media for the business.

In Magnify Myanmar, you can study information related to your business in news and media without missing any keywords. Since the Burmese language is complicated, it is common to find small misconceptions when gathering information. Magnify Myanmar’s tools utilize an AI system that understands the Burmese language, ensuring avoiding misconceptions and organizing all news in one place—interested in reading Magnify Myanmar news? Contact us via the link below https://magnifymyanmar.com/ or 09-791029719 for a free trial.

#magnifymyanmar

#sociallistening

May 04, 2023
2 mins read

Benefits of Social Listening for Marketing Strategy

Marketing Strategy တစ်ခု စတင် ဖန်တီးရေးဆွဲသည့်အခါ “Content” ဟာ အရေးပါတဲ့ အခန်းမှာ ပါဝင်ပါတယ်။ “Content” သည် စျေးကွက်ရှာဖွေရေး၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု အဖြစ်လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ထို့ကြောင့် လူမှုကွန်ယက်တွင် မျှဝေသော Content များဟာ သုံးစွဲသူတို့ အတွက် သက်ဆိုင်မှု၊ ဆွဲဆောင်မှုနှင့် ကုန်ပစ္စည်းမှာ ၎င်းတို့ အတွက် အမှန်တကယ် အသုံးဝင်ကြောင်း သေချာစေရန်လိုအပ်ပါတယ်။

သုံးစွဲသူတို့ လိုချင်သောအရာကို ရှာဖွေတွေ့ရှိရန် အမြန်ဆန်ဆုံးနှင့် အတိကျဆုံးနည်းလမ်းမှာ ၎င်းတို့၏ ဆိုရှယ်မီဒီယာတွင် ပြောဆိုနေသော စကားသံ များကို နားထောင်ခြင်းဖြစ်ပါတယ်။

Social Listening သည် မိမိ နယ်ပယ်ရှိ သုံးစွဲသူတို့၏ အရှိန်အဟုန်ကို အဆက်မပြတ်ရယူစေပြီး ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ မေးခွန်းများ၊ ခေတ်စားနေသော အကြောင်းအရာများနှင့် လူဦးရေစာရင်းဆိုင်ရာ ဝိသေသလက္ခဏာများအကြောင်း အချိန်နှင့်တပြေးညီ သိရှိနိုင်ပါတယ်။ Social Listening မှ ရရှိသော Data များသည် ၎င်း Brand ၏ ဈေးကွက်ရှာဖွေရေးဗျူဟာ ကို ရှေ့သို့မောင်းနှင်ပေးမည့် အသေးစိတ်ထိုးထွင်းသိမြင်မှုများကို ပံ့ပိုးပေးပါတယ်။

သုံးစွဲသူတို့ထံမှ Data များ ရရှိပြီးသော အခါ စျေးကွက်ရှိ အဓိကအကြောင်းအရာများနှင့် ခေတ်ရေစီးကြောင်းများကို ခွဲခြားသတ်မှတ်ခြင်းအပြင် သုံးစွဲသူများက ပြောဆိုနေကြသည့်အရာများကို ထိုးထွင်းသိနိုင်ကာ သုံးစွဲသူတို့၏ မျှော်လင့်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပြီး အသစ်ထွက်ပေါ်နေသော အကြောင်းအရာများအတွက် Content အသစ်များကိုလည်း ဖန်တီးနိုင်ပါတယ်။

ထို့အပြင် ပြိုင်ဘက် စီးပွားရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ၎င်းတို့ မည်သည့် Campaign များ ပါဝင် လှုပ်ရှားနေသည်၊ မည်သည့် Content များဖန်တီးနေသည်ကို အသေးစိတ် လေ့လာနိုင်ပြီး လုပ်ငန်းအတွက် စျေးကွက်နှင့် ကဏ္ဍဆိုင်ရာ ဗျူဟာများကို မြှင့်တင်နိုင်မှာလည်း ဖြစ်ပါတယ်။

Social Listening သည် စျေးကွက်ရှာဖွေသူများကို ၎င်းတို့၏ပြိုင်ဘက်များနှင့် ကွဲပြားစေရုံသာမက ၎င်းတို့၏ သုံးစွဲသူတို့ နှင့်လည်း လိုက်လျောညီထွေဖြစ်စေသော Content များကို ဖန်တီးရာတွင် အထောက်အကူပြုပေးပါတယ်။

Social Listening အကြောင်းကို အသေးစိတ်လေ့လာလိုပါက Magnify Myanmar Page များသို့ လေ့လာနိုင်သလို ဖုန်းနံပါတ် 09- 791029719 သို့မဟုတ် ဖော်ပြပါ Link www.magnifymyanmar.com သို့နှိပ်၍ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

When developing a marketing plan, content, an essential component of marketing, is critical.

Social media content must be relevant to the audience, including ensuring that the appeal and product are truly valuable to them. Listening to what people are talking about on social media is the quickest and most accurate approach to figure out what they want.

Social listening is constantly getting the momentum of users in a specific industry analyzing their interests and questions. Real-time insights into trending topics and demographic characteristics are also monitored. Data obtained from social listening supports detailed insights that could drive a particular brand’s marketing strategy forward.

Once after getting data from consumers, key topics and trends in the market could be identified from these insights of what users are talking about. Adapting to users’ expectations, new contents for emerging topics could also be created.

In relation to competitor businesses, campaigns and contents from competitor businesses could also be learnt in detail by social listening and utilize them to improve marketing strategies.

Social listening helps marketers create content that not only differentiates them from their competitors, but also resonates with their target audience.

Learn more about social listening via 09-791029719 or click on the link www.magnifymyanmar.com to inquire about a free trial.

#sociallistening#magnifymyanmar

May 04, 2023
2 mins read

B2B (Business to business) လုပ်ငန်းများဟာ Social Listening ကို ဘာကြောင့်အသုံးပြုသင့်သလဲ ?

Social Media မှာ တစ်ချိုလူတွေက ထုတ်ကုန်တွေနဲ့ ပတ်သတ်ပြီး ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေ အကြောင်း ပြောနေပြီး တစ်ဖက်မှာတော့ ကုမ္ပဏီနဲ့ပတ်သက်ပြီး အပျက်သဘော မှတ်ချက်တွေ ပြောနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော လူတွေဟာ သတင်းစကားတွေနဲ့ ပတ်သတ်ပြီး ထင်မြင်ချက်တွေပေးနေကြတာဖြစ်ပါတယ်။

Social Media နည်းဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Social Listening (လူမှုရေးနားထောင်ခြင်း) ကို အသုံးမပြုဘူးဆိုလျှင် သုံးစွဲသူ တို့ ဘာပြောနေတယ်ဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ Social Listening ကို မူလ အစက B2C (Business to consumer) လုပ်ငန်းများအကြား ကောင်းမွန်သော ဆက်ဆံရေးကို ဖန်တီးရန်အတွက် ကြားခံကိရိယာတစ်ခုအဖြစ် ယူဆခဲ့ကြပါတယ်။

မကြာသေးခင်ကပင် B2B (Business to business) လုပ်ငန်းများမှ ဈေးကွက်နည်းဗျူဟာတွင် Social Listening ကို ပေါင်းစပ်လိုက်ကြတာဖြစ်ပါတယ်။ ယခု နှစ်တွင် Social Media Platform များ အသုံးပြုမှုဟာ ၄၄ ရာခိုင်နှုန်း အထိ မြင့်တက်လာပြီး ၊ သုံးစွဲသူ ၅ ယောက် အနက်မှ ၂ ယောက်ကတော့ ပစ္စည်းအမျိုးအစား တူစေကာမူ ၄င်းတို Social Media မှာ Follow ပြုလုပ်ထားသော Brand ထံမှ ထုတ်ကုန်ကိုသာ ပိုမို ဝယ်ယူလိုကြောင်း ပြောဆိုလာကြပါတယ်။

B2B စီးပွားရေး လုပ်ငန်းတွေအနေနဲ့ Social Listening ပြုလုပ်ခြင်းဟာ လတ်တစ်လော Social Media မှာ ဖြစ်ပေါ်နေတဲ့ Trending တွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာ ဖြစ်တာကြောင့် လုပ်ငန်း အခြေအနေကို ပြိုင်ဖက်တွေနဲ့ အမြဲ ယှဉ်တွဲပြီး လုပ်ငန်း အကျိုးအမြတ် ရရှိဖို လမ်းကြောင်းတွေ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

ထိုအပြင် Social Listening ပြုလုပ်ခြင်းဖြင့် စက်မှုလုပ်ငန်းနှင့် ၎င်း၏ ပေါ်ပေါက်လာသော ခေတ်ရေစီးကြောင်းများကို စောင့်ကြည့်ရုံသာမက၊ နယ်ပယ်တွင် လုပ်ငန်းကို ကွဲပြားအောင် ကူညီပေးနိုင်သည့်အပြင် ပြိုင်ဘက်များ မည်သို ဆောင်ရွက် နေသည်ကိုစောင့်ကြည့်ကာ Consumer များ၏လိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက် စျေးကွက်ရှာဖွေရေးအစီအစဉ်များ ထပ်မံ ပြုလုပ်နိုင်ပြီး ပြိုင်ဖက်လုပ်ငန်းများ၏ အမှားများကို ရှောင်ရှားရန် အကဲဖြတ်ပေးလာနိုင်မှာ ဖြစ်ပါတယ်။

သိုကြောင့် Social Listening ပြုလုပ်ရန်အတွက် မြန်မာ ဘာသာစကားဟာ Keyword များ လစ်ဟာမှူ မရှိစေရန်နှင့် တိကျမှုရှိစေရန်အတွက် ခက်ခဲတဲ့ ဘာသာ စကားတစ်မျိုးဖြစ်တာကြောင့် မြန်မာဘာသာစကားကိုနားလည်နိုင်တဲ့ Social Listening ဟာမဖြစ်မနေ လိုအပ်ပါတယ်။ Magnify Myanmar ရဲ့ Social Listening နဲ့ Media Monitoring Tool ဟာ လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့အသံကို နားဆင်နိုင်ရန်အတွက် မြန်မာဘာသာစကားကို AI နည်းပညာများမှတစ်ဆင့် တိုင်းတာသောကြောင့် Keyword များ လစ်ဟာမှု မရှိစေဘဲ အချက်အလက်များကို သေချာ သိရှိစေရန် များစွာအထောက်အကူပြုပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သိုမဟုတ် ဖော်ပြပါ Link www.magnifymyanmar.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Why should B2B (Business to business) use social listening?

On social media, some people are talking about new offers that they want the product to start launching. On the other side, given that hundreds of individuals are sharing their thoughts on the news, it is also possible to examine negative comments about the firm.

If social listening, a component of social media strategy, is not implemented, it will be impossible to follow the voices of consumers. Initially, social listening was thought to be the best way to connect customers with B2C (business-to-consumer) companies.

A new development in B2B (business-to-business) marketing strategy is the use of social listening. Two out of every five consumers are only likely to purchase a product from a specific company they have already followed on social media, despite a 44% increase in social media platform usage this year.

For businesses to increase their income, social listening for B2B companies will be able to identify recent social media trends promptly.

Additionally, social listening not only keeps an eye on the market and its new trends but also aids in brand diversification by monitoring the circumstances of competing companies and satisfying customer demands in marketing initiatives that assess to prevent mistakes in competitor brands.

Since Burmese is a challenging language, social listening requires a program that can monitor the Burmese language without missing any terms. Magnify Myanmar’s Social Listening and Media Monitoring Tool uses artificial intelligence (AI) to analyze spoken Burmese to provide reports with a high accuracy rate. Call 09-791029719 or visit the above-stated website, www.magnifymyanmar.com, to learn more about Magnify Myanmar.

#magnifymyanmar

May 04, 2023
2 mins read

Promotions နဲ့ပတ်သက်ပြီး လူတွေရဲ့အမြင်။

စျေးဝယ်ရတာကို မနှစ်ခြိုက်တဲ့သူမရှိပါဘူး။ စျေးဝယ်သူအများစုဟာ “Promotions or Discounts” စာသားကိုမြင်လျှင် အထွေအထူးစဉ်းစားခြင်းမရှိပဲ ဝယ်ယူကြပါတယ်။ သာမန်စျေးထက် ကြက်ခြေခတ်၏ဘေးတွင် အနည်းငယ်သာ စျေးချလျှင်ပင် “စျေးသင့်သည် ၊ စျေးချိုသည်“ဟုထင်ကာ ဝယ်ယူကြပါတယ်။ ကုန်ပစ္စည်း၏ အရည်အသွေးကို အထူးတလည် အကဲဖြတ်ခြင်းမရှိပဲ ဝယ်ယူပြီး တစ်ခါသုံးအဖြစ်သာ သတ်မှတ်ခံရသော ကုန်ပစ္စည်းများလည်းရှိပါတယ်။

အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများဟာ ပုံမှန်သုံးစွဲသူများ ရှိနေခြင်းကြောင့် အမြဲစျေးလျှော့ချင်မှ လျှော့ပါလိမ့်မယ်။ထိုအခါ စျေးဝယ်သုံးစွဲသူတို့ဟာ ကုန်ပစ္စည်းအပေါ် ရံဖန်ရံခါ ငြိုငြင်ခြင်း၊ စျေးလျော့ပေးစေလိုခြင်းများ ဖြစ်လာတတ်ပါတယ်။ စျေးဝယ်သူအချင်းချင်း တစ်ဦးစကားတစ်ဦး ဆိုသလို “စျေးကအမြဲဒီစျေးပဲ။ Discount လေးတောင်မရှိဘူး” စသဖြင့် ဝေဖန်သံများစတင်ကြားရပါလိမ့်မယ်။ ထိုစဉ် စီးပွါးရေးလုပ်ငန်းအသေးစားပိုင်ရှင်များက ပုံစံတူလုပ်ငန်းများဖြင့် စျေးကွက်ကို တစ်နည်းနည်းဖြင့် ထိုးဖောက်လာတတ်ကြပါတယ်။ ထိုအခါ လုပ်ငန်းရှင်ကြီးများအနေဖြင့် ထုတ်ကုန်များကိုသာ အာရုံမထားပဲ သုံးစွဲသူများကြား အခြေအနေများကို ဂရုစိုက်သင့်ပါတယ်။

Promotions or Discounts လျှော့ချတဲ့ အချိန်တွေက ဘယ်အချိန်တွေလဲ?

မြန်မာနိုင်ငံမှာဆိုရင် ယခုကဲ့သို့ သီတင်းကျွတ်အထူးလျော့စျေး၊ မြန်မာရက်ကြီးအခါကြီးရပ်ကြီးနေ့ရက်မျိုးနှင့်အတူ 11:11 sale, Black Friday Sale and 12:12 Sale တို့မှာ အဓိကဖြစ်ပါတယ်။ဘယ်လိုမျိုးတွေကို သုံးစွဲသူတွေက အများစုဝယ်ကြလဲဆိုရင် စားသောက်ကုန် နဲ့ အလှကုန်ပိုင်းတွေက အဓိကဖြစ်တယ်။

ဒါဆိုရင် အလှကုန်နဲ့ စားသောက်ကုန်လုပ်ငန်းတွေအနေနဲ့ ဘယ်လို ထုတ်ကုန်တွေကို promotion ချပေးသလဲ?

သုံးစွဲသူတွေအများဆုံး သဘောကျကြတဲ့ ထုတ်ကုန်လား?

အများစုနဲ့ သင့်လျော်အဆင်ပြေစေမယ့် ထုတ်ကုန်လား?

သက်တမ်းကုန်ခါနီး ထုတ်ကုန်တွေလား? စသဖြင့်မေးခွန်းထုတ်စရာရှိပါတယ်။

Promotionပြုလုပ်ခါနီးအချိန်ဆိုရင် သုံးစွဲသူတွေရဲ့အသံကို နားထောင်ဖို့လိုအပ်ပါသေးတယ်။ ရောင်းချသူနဲ့ ဝယ်ယူသူ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ကလည်း အရေးကြီးပါတယ်။ သုံးစွဲသူတွေရဲ့အသံဟာ ထုတ်ကုန်တစ်ခုကို Brand Reputation ဖြစ်စေနိုင်သလို ကျလဲကျဆင်းစေနိုင်ပါတယ်။

သုံးစွဲသူများရဲ့ဝေဖန်ပြောဆိုမှုများနှင့်အတူ ထုတ်ကုန်လက်ရှိအခြေအနေများကို လေ့လာချင်ပါသလား? ပုံစံတူပြိုင်ဖက်လုပ်ငန်းများရဲ့ အခြေအနေအရပ်ရပ်ကိုလည်း အသေး စိတ်သိရှိလိုတယ်ဆိုရင် Magnify Myanmar ဖုန်းနံပါတ် 09-791029719 သို့မဟုတ် www.magnfiymyanmar.com သို့ ဆက်သွယ်၍ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Everyone loves shopping. Most shoppers don’t think twice when they see the word “promotion” or “discount”. Even if the discounted amount is low, the price is often considered fair and affordable regardless of the product quality.

Because of the regular customers, high-end products usually don’t offer discounts, which then lead customers to criticize and request the brand to offer more discounts. In some ways, SMEs will see the feedback, such as “The price is always stable, there isn’t even a single discount.” and gain advantage for them to penetrate the market with similar businesses. Enterprises should also pay attention to consumer voices rather than merely focusing on product development.

When are Promotions or Discounts offered?

Discounts are often offered during special occasions in Myanmar such as Thadingyut Holidays, along with 11:11 sale, Black Friday Sale and 12:12 sale to celebrate holiday seasons, assuming food and cosmetics have been purchased the most.

So, what products in cosmetics and food industries are usually included in the promotion ?

Most popular products? Most suitable product for consumers? Nearly expiring products?

It is vital for the brands to listen to consumer voices before starting a promotional campaign and to have a clear communication between the seller and a buyer. A consumer’s voice can bring the brand reputation to the peak in either positive or negative way.

Learn more about your product reputation along with consumers’ voices and for more information, please contact Magnify Myanmar phone number 09-791029719 or www.magnfiymyanmar.com for free trial.

#magnifymyanmar

#sociallistening

May 04, 2023
< 1 mins read

Digital Marketing Agency တွေ ရေရှည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အရေးကြီးဆုံးအချက်ကဘာလဲ။

Digital Marketing Agencyတွေဟာ Clients မျိုးစုံကို ကိုင်တွယ်ရပါတယ်။ ထိုအခါ Brand တစ်ခုချင်းစီရဲ့သတင်းအချက်အလက်တွေကို စုဆောင်းရတဲ့အခါမှာ သတင်းတွေဟာ လူအားနဲ့ ကိုင်တွယ်ရင်း လိုအပ်ချက်တွေရှိလာပါတယ်။ သတင်းလုံလောက်မှုမရှိခြင်း၊ Keywords များလစ်ဟာမှုရှိခြင်း၊ သတင်းစုရသည့်အချိန်ကုန်ခြင်း တွေဖြစ်လာပါတယ်။ ထိုအခြေအနေများဖြစ်ပေါ်လာတဲ့အခါ လူအားထက် Tool ကို အသုံးပြုရန် မဖြစ်မနေ လိုကိုလိုအပ်လာပါတယ်။ ဒါကြောင့် Social Listening Tool နဲ့ Print Media Monitoring Tool ဟာ Digital Marketing Agency တွေအတွက် မဖြစ်မနေ အရေးပါပါတယ်။

Social Listening ကို ပြုလုပ်ခြင်းအားဖြင့် Brand များရဲ့အခြေအနေများအပြင် Brandများရဲ့ပြိုင်ဖက်အခြေအနေများနဲ့ အရေးကြီးဆုံးဖြစ်တဲ့ Brand တစ်ခုစီတိုင်းရဲ့ သုံးစွဲသူများရဲ့ ဝေဖန်ပြောဆိုချက်များကို အဓိက သုံးသပ်လေ့လာတာဖြစ်တဲ့အတွက် မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

Print Media Monitoring ဟာ မြန်မာနိုင်ငံမှာနေ့စဉ်ထွက်ရှိတဲ့ သတင်းစာ၊မဂ္ဂဇင်း၊ဂျာနယ်နဲ့မီဒီယာအချက်အလက်တွေမှာ Brands အကြောင်းပါတဲ့ သတင်းတွေကို နေ့စဉ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ သတင်းစာအကုန်လုံးကို လိုက်လံရှာဖွေဖတ်ရှုစရာမလိုပဲ Brand Mention ပါဝင်တဲ့သတင်းအားလုံးကို တစ်နေရာထဲမှာ စုံစုံလင်လင် သိရှိနိုင်မှာ ဖြစ်ပါတယ်။

Magnify Myanmar မှာ Social Listening Tool နဲ့ Print Media Monitoring Tool ကို အဓိက အသုံးပြုနိုင်ပါတယ်။ ခက်ခဲနက်နဲတဲ့ မြန်မာစကားလုံးတစ်ခုစီတိုင်းကို အဓိပ္ပာယ်ဖွဲ့ဆိုနိုင်ပြီး AI System ကြောင့် Brand Mention များလစ်ဟာမှုရှိစေမှာ မဟုတ်ပါဘူး။ One Click Reporting System ကြောင့် Brand တစ်ခုစီတိုင်းအတွက် အချိန်ကုန်သက်သာစေပါတယ်။ ဒါကြောင့် Digital Marketing Agency တွေအနေနဲ့ Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါဖုန်းနံပါတ် ၀၉-၇၉၁၀၂၉၇၁၉ သို့မဟုတ် https://www.magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် အသေးစိတ်လေ့လာနိုင်ပါတယ်။

What is essential for digital marketing agencies to be sustainable in the long term?

Digital Marketing agencies have to manage clients from various industries, and manual data collection for monitoring each brand can be overwhelming and time-consuming, leading to insufficient data and keywords. Social Media and Print Media Monitoring Tools can become handy for agencies in these circumstances.

Social Listening can greatly help monitor and analyze the brand reputations and the competitor’s and consumers’ feedback on each brand.

With print media monitoring, brand-mentioned articles from various newspapers, magazines, and journals will be updated in one place without having to go through the papers manually.

Magnify Myanmar can provide essential tools for social listening and print media monitoring. With our AI system, you can monitor and customize the keywords in a complicated Burmese language, and our one-click reporting system will help you save time.

To learn more about Magnify Myanmar, don’t hesitate to contact 09-791029719 or go to http://www.magnifymyanmar.com for a free trial.

May 04, 2023
2 mins read

Social Listening for Mobile Phone Industry

မြန်မာနိုင်ငံမှာ Smart Phone ဟာ ၂၀၁၂ နောက်ပိုင်းကစပြီး လူတိုင်းကို ရသမျိုးစုံပေးစွမ်းနေပါတယ်။

ဖုန်းတစ်လုံးလက်ထဲရှိပြီဆိုတာနဲ့ ချစ်ခင်ရသောသူများကို ဖုန်းဆက်ခြင်း၊ Social Media ကို ကောင်းစွာအသုံးပြုနိုင်ခြင်း၊ စားသောက်ချင်သော အစားအစာများကို ဖုန်းမှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်ခြင်း၊ စျေးဝယ်ရာမှာလည်း ငွေသားမကိုင်ပဲ လက်ကိုင်ဖုန်းမှတစ်ဆင့် အလွယ်တကူငွေပေးချေခြင်း၊ အနားယူသောအချိန်တွင် သီချင်းနားထောင်ပြီး ဂိမ်းဆော့ခြင်း၊ရုပ်ရှင်ကြည့်ခြင်း အစရှိတာတွေကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်ကြပါတယ်။

တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲလာတာနဲ့အမျှ တယ်လီဖုန်းနဲ့ပတ်သက်ပြီး အဆင်ဒီဇိုင်းမျိုးစုံတိုးတက်ပြောင်းလဲလာပါတယ်။

ဖုန်းဝယ်ရာမှာ လူတွေက ဘာကိုအဓိက ဦးစားပေးပြီး ရွေးချယ်ကြလဲ?

စျေးနှုန်းနဲ့ ကွာလတီ ကို အဓိက စဉ်းစားပြီး ရွေးချယ်ကြပါတယ်။

ယခုကဲ့သို့ တိုးတက်ပြောင်းလဲလာတာနဲ့အညီ Smart Phoneရောင်းချတဲ့ Companies များဟာလည်း အပြိုင်အဆိုင် ရောင်းဝယ်ဖောက်ကားလာကြပါတယ်။ အရည်အသွေးပြည့်မှီတဲ့Specifications များစွာ နဲ့ ဆန်းသစ်သောဒီဇိုင်းမျိုးစုံစျေးကွက်ထဲသို့ ခြေချလာကြတာကိုတွေ့ရပါတယ်။ သုံးစွဲသူအများစုဟာလည်း အသစ်အဆန်းများကို သဘောကျကြတာနဲ့အညီ ဒီ Brand တစ်ခုတည်းကိုပဲရေရှည်သုံးစွဲကြသူများလည်းရှိသကဲ့သို့ မတူညီသော Brand များကို စမ်းသပ်သုံးစွဲကြသောသူများလည်းရှိကြပါတယ်။

သုံးစွဲသူများရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လိုအပ်သော အချက်များကို Mobile Industry အနေနဲ့ လေ့လာနေရပြီဆိုလျှင် တိကျသေချာသောအချက်အလက်များစုဆောင်းပြီး သုံးသပ်လေ့လာချက်များကို ပြုလုပ်သင့်ပါတယ်။ Magnify Myanmar မှာ မြန်မာဘာသာဖြင့် Keywords များကို အသေးစိတ်ရှာဖွေနိုင်တာကြာင့် Mobile Industry အတွက် များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် သုံးစွဲသူများ၏ Review, Social Influencers များ၏ Review စသည်တို့ကို အတိအကျလေ့လာနိုင်သည့်အပြင် ပြိုင်ဖက်ပတ်ဝန်းကျင်ရဲ့ Social Media ပေါ်တွင်ဖြစ်ပျက်နေသောအခြေအနေများကို လေ့လာနိုင်သောကြောင့် Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါ ဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Since 2012, smartphones have been providing a variety of entertainment to people in Myanmar. It has become a lot easier to communicate with your loved ones, use social media, order your desired take-out food, make digital payments, and enjoy music, games, movies, etc. all through your mobile phone. But, what do people look for when purchasing a smartphone and how do they choose, price or performance?

In line with the growing technology, smartphone companies were encouraged to create different unique designs, along with innovative features and specifications every year to compete in the market. The majority of consumers enjoy trying out new features from the same brand for the long term whilst some like to explore different tastes from different brands.

It is as important to study consumer behavior as it is to learn about the mobile industry, and precise data collection is one of the main factors for accurate research. With Magnify Myanmar, you can monitor the required data with customized Burmese keywords, which will be a big help in researching the industry. Also, you can study the behavior of social media users via reviews, and reactions towards influencers and competitor brands. If you want to know more about Magnify Myanmar, feel free to reach out to 09-791029719 or the link:https://magnifymyanmar.com/ for a free trial.

#Magnifymyanmar#sociallisteningtool#MobilePhoneIndustry

May 04, 2023
2 mins read

Is Fiber the fastest network in Myanmar

လုပ်ငန်းတိုင်းမှာ မရှိမဖြစ် လိုအပ်သော အရာကို စတင်စဉ်းစားပါဆိုလျှင် Fiber Networkသည် ပထမဦးစားပေးဖြစ်သည်။ ဆက်သွယ်မှုကွန်ယက်အောက်မှာ တည်ရှိသော Fiber Network သည်လည်း လုပ်ငန်းလည်ပတ်ဆက်သွယ်ခြင်းကို များစွာအထောက်အကူပြုပါသည်။

Fiber Networkကို မည်သည့်ဆက်သွယ်ရေးအတွက်မဆို လုပ်ငန်းလည်ပတ်ရာသော်လည်းကောင်း၊ အိမ်မှာ အသုံးပြုရန်သော်လည်းကောင်း Fiber Networkကို အသုံးပြုကြသည်။ Fiber Networkနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင်ရောင်းဝယ်ဖောက်ကားနေသော Company များစွာ ရှိလာပါသည်။

၂၀၁၅ မှစတင်ပြီး မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်များသာ Fiber or FTTH ကိုစတင်အသုံးပြုကြပြီး ၂၀၁၈ နောက်ပိုင်းတွင် အိမ်တိုင်းအိမ်တိုင်း Fiber or FTTH Network ကို အသုံးပြုလာကြသည်။

Fiber Networkသည်၂၀၁၅ နှင့် ၂၀၂၀ ကြားတွင် ပိုမိုတွင်ကျယ်လာပြီးနောက် အသုံးပြုရမှုနှန်းနှင့်စျေးနှုန်းသည် သင့်လျော်မှုရှိပြီး ယခု၂၀၂၁ နောက်ပိုင်းတွင် အင်တာနက်လိုင်းအခြေအနေများနှင့် ပတ်သက်၍ သုံးစွဲသူများ၏ ဝေဖန်မှုသည်လည်း ပုံမှန်ထက်မြှင့်တက်နေပါသည်။ စျေးနှုန်းထက် အင်တာနက်လိုင်းများနှေးခြင်း၊ ချိတ်ဆက်ရအဆင်မပြေခြင်း၊ Service မကောင်းခြင်း အစရှိသည်ကို ကြုံတွေ့နေကြရသည်ကို လေ့လာတွေ့ရှိရပါသည်။ Fiber Network Company များအနေနှင့် အရေးကြီးသော အချက်မှာ Customer Service ဖြစ်သည်။ Publicနှင့်အဓိက ထိတွေ့ဆက်ဆံနေရသည့်အတွက် Negative ထက် Interest Rate မြှင့်တက်နေစေဖို့က ပိုမိုအရေးကြီးပါသည်။သုံးစွဲသူများ၏ ပါးစပ်ဖျားတွင် “အဆင်မပြေဘူး၊ဆက်ဆံရေးကလည်းမကောင်းဘူး “စတာတွေ အပြောများလာပြီဆိုလျှင် Company ရေရှည်ရပ်တည်နိုင်ရေးက ခက်ခဲပါသည်။

ခေတ်အခြေအနေသည်လည်း တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ သုံးစွဲသူများသည် Company ၏ Main Pageအောက်တွင် ဝေဖန်စာများရေး၍သော်လည်းကောင်း၊ Group ဖွဲ့၍ပြောဆိုခြင်းလည်းကောင်း၊ Personal Profileတွင် စာရှည်ရေး၍သော်လည်းကောင်း ဝေဖန်ကြသည်။ ထိုသို့ အဆိုးပြောဆိုမှုများခြင်းကို လျစ်လျူရှုခြင်းမပြုလုပ်သင့်ပဲ သုံးစွဲသူများရဲ့အခြေအနေကို အသေးစိတ်လေ့လာပြီး Social Listening ပြုလုပ်သင့်ပါသည်။

Social Listening သည် Public နှင့် ထိတွေ့ဆက်ဆံနေရသော လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးကြီးပါသည်။ Social Listeningနှင့်ပတ်သက်၍ Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါဖုန်းနံပတ် 09- 791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trialအတွက် အသေးစိတ်လေ့လာနိုင်ပါသည်။

#MagnifyMyanmar#Sociallisteningtool#fibernetwork#InternetConnection#Myanmar

Fiber Network is vital for all types of business operations and communications these days as well as for personal communication at home. Companies providing fiber network services are growing every day in Myanmar as the usage of fiber or FTTH for businesses has become popular in 2015, then nearly every residence in 2018.

As the prices become more affordable, fiber network usage has grown between 2015 to 2020 along with the complaints and criticisms about the network stability later in 2021. Most of the users experience slow internet, connectivity errors, and poor customer service rather than the price ranges. Customer service is one of the most important factors for fiber network companies as they have to engage with consumers on the daily basis to improve consumer interest rates. It could be a major obstacle for the company to survive long-term if complaints such as, “Very inconvenient” and “Poor service” are growing constantly.

Along with the constantly developing technology, consumers nowadays give their feedback under the company’s main Facebook page, in Facebook groups, or with statuses on their personal profiles. It is important to listen to consumers’ feedback and then use them to improve the company’s strategies and reputation.

Social listening is essential for all businesses that are closely engaging with the public. If you want to know more about Magnify Myanmar for Social Listening, feel free to call this number 09- 791029719 or go to https://magnifymyanmar.com/ for a free trial.