May 04, 2023
2 mins read

Its December!

ရုံးဝန်ထမ်းသမားများအတွက် အပျော်ဆုံးလနဲ့ အလုပ်အရှုပ်ဆုံးလကို ပြောပါဆိုလျှင် ဒီဇင်ဘာလပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာဟာ ရာသီဥတုအားဖြင့်လည်း နေရာဒေသမရွေး အေးချမ်းဆိတ်ငြိမ်ခြင်းရှိသလို ခရီးသွားကာလလည်းဖြစ်တဲ့အားလျော်စွာ အများစုဟာ အနားယူအားလပ်ရက်များကို ဖန်တီးကြပါတယ်။

မိသားစုများနှင့်အချိန်ကုန်ဆုံးခြင်း၊ ရုံးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းနှင့်အတူ နှစ်တစ်နှစ်ရဲ့အဆုံးသတ်ကာလဖြစ်တဲ့အတွက် အချို့သောသူများဟာ တစ်နှစ်တာဖြတ်သန်းလာမှု မှတ်တမ်းများကို ဖန်တီးခြင်းများလည်းရှိကြပါတယ်။ ဒါတွေဟာ လူအမျိုးမျိုးသောရဲ့ ဖြတ်သန်းမှု အခြေအနေဖြစ်သကဲ့သို့ လစ်ဟာနိုင်သော အချက်အလက်များလည်း ကျန်ရှိနိုင်ပါသေးတယ်။

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုများရှိနေသေးသော်လည်း မြန်မာနိုင်ငံကပြည်သူများအဖို့ စိတ်ပူပန်ရခြင်း၊ ထိတ်လန့်ရခြင်း၊ ပျော်ရွှင်ခြင်းများ စသည့် ရသမျိုးစုံလည်း ရရှိပါသေးတယ်။ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအထက်ပိုင်းမှာ ငလျင်သတင်းများ စဥ◌်ဆက်ကြားခဲ့ရသလို လူအများစုဟာ ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်စာမျက်နှာများမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော သတင်းများကိုလည်း ‌ဝေငှခဲ့ကြပါသေးတယ်။ ငလျင်သမိုင်းကြောင်းအဆိုအရ ငလျင်ပြတ်ရွေ့ကြောနှင့် နီးကပ်လွန်းသောကြောင့် ငလျင်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှူတွေလည်း လက်ရှိမှာလည်း ရှိနေကြဆဲ ဖြစ်ပါတယ်။

အလားတူစွာ ယမန်နေ့က ကမ္ဘာ့ဖလား၂၀၂၂ဟာလည်း ပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။ အာဂျင်တီးနားနှင့်ပြင်သစ်အသင်းတို့အားပြိုင် ယှဥ◌်ပြိုင်မှုများဟာ ဘောလုံးဝါသနာရှင်များသာမက လူတိုင်းနီးပါး ကြည့်ကြပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းနေခဲ့ပါသေးတယ်။ လက်ရှိသတင်းတွေဟာ လူအများကြား လက်ရှိကာလမှာ ရေပန်းစားနေသော သတင်းများလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလဖြစ်တဲ့အတွက် ခရစ်စမတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းများလည်း ပြုလုပ်နေကြပြီး မကြာခင် ပိတ်ရက်လေးများလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Five Stars အဆင့်မှီဟော်တယ်ကြီးများမှာလည်း Unplugged Show, ညစာများနှင့်အတူ Promotionကြီးများလည်းရှိသလို စားသောက်ဆိုင်များတွင်လည်း Promotion များကို ပြုလုပ်ပေးနေကြပြီပဲဖြစ်ပါတယ်။ ခရစ်စမတ်မှာ ခရစ်ယာန်ဘာသာဝင်များသာမကပဲ မြန်မာနိုင်ငံမှာ လူအများစုပါ ပါဝင်ဆင်နွဲနေကြတဲ့ပွဲလည်း ဖြစ်ပါတယ်။ Shopping Center ကြီးများဖြစ်တဲ့ Ocean နဲ့ City Mart စသည်တို့မှာလည်း December Christmas and New Year Special Promotion များလည်း ချပေးနေတဲ့အတွက် အားလုံးစေ◌ျးဝယ်ပြီး ပျော်ရွှင်နေကြသော ကာလလည်းဖြစ်ပါတယ်။

ဒီဇင်ဘာဟာ လူတိုင်းအတွက် ခံစားချက်မျိုးစုံကို ပေးစွမ်းနိုင်သောလဖြစ်တယ် လို့ ယူဆထင်မြင်မိပါတယ်။ မကြာမီကာလမှာ ၂၀၂၃ ကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် လုပ်ငန်းတိုင်းဟာလည်း နှစ်တစ်နှစ်ကုန်ဆုံးတော့မယ်ဆိုလျှင် အသစ်အဆန်းများကိုလည်း ဖန်တီးသင့်ပါပြီ။ Public နှင့် ထိတွေ့ဆက်ဆံနေရသော လုပ်ငန်းများဟာ Social Listening ပြုလုပ်သင့်ပါတယ်။ တစ်နှစ်တာလုံးလုပ်ငန်းဟာ မည်သို့ဖြတ်သန်းလာပုံအဆင့်ဆင့်ကို ပြန်လည်သုံးသပ်ရန် အချိန်ကျရောက်လာသလို ရှေ့ဆက်မည့်လုပ်ငန်းသစ်များအတွက် မည်သို့ ကောင်းမွန်စွာဖန်တီးရန်၊သုံးစွဲသူများရဲ့အသံကို စနစ်တကျ လေ့လာရန် အကောင်းမွန်ဆုံးအချိန်ဟု သတ်မှတ်ရန်သင့်ပါတယ်။ ဒါကြောင့် Social Listening နဲ့ပတ်သက်ပြီး စိတ်ဝင်စား၍မေးမြန်းလိုပါက ဖော်ပြပါဖုန်းနံပါတ် 09 – 791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

December holiday is the most awaited time for everyone. It is when we spend quality time with our loved ones and celebrate in a jolly mood. The most annual leave is taken this month as well.No matter how intricate Myanmar’s political uncertainty is, individuals may experience various emotions in December, including anxiety, fear, and delight.

In upper Myanmar, reports of earthquakes started to circulate, and most people posted about their experiences on social media. Due to its proximity to the fault line, there are still fears about earthquakes, according to earthquake history.

In a similar vein, the World Cup 2022 concluded effectively last week. Everyone enjoyed the thrilling encounter between Argentina and France, not just football enthusiasts. These are the news stories that are presently trending.

Big promotions, unplugged performances, and meals at five-star hotels are also prepared to offer. Additionally, businesses are running unique campaigns during the Christmas season. Shopping malls like Ocean and City Mart also feature special Christmas and New Year’s deals throughout December, so everyone is having a good time.

Everyone might experience a range of emotions throughout December. Every business should create something distinctive as the year concludes 2023 will soon be there. Businesses that engage with the public need to practice social listening.

This is the time to reflect on how a specific business has developed over the year and thoroughly examine the customer’s voice to develop a better plan for the new business moving ahead.

Are you interested and want to find out more about social listening?

Be sure to call 09 – 791029719 or click the link https://magnifymyanmar.com/ below to learn more about Magnify Myanmar.

#magnifymyanmar

#sociallistening