May 04, 2023
2 mins read

Media Consumptions on Health Care News

ရာသီဥတုအကူးအပြောင်းကာလဖြစ်တဲ့အတွက် ပြည်သူအများစုဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး နှာစေးချောင်းဆိုးခြင်း၊ဖျားနာခြင်းများ အဖြစ်များကြပါတယ်။ ကိုဗစ် ၁၉ရောဂါဟာလည်း ပျောက်ဆုံးခြင်းမရှိသေးတဲ့အတွက် အချို့တစ်ဝက်သောသူတို့က အနည်းငယ်နာမကျန်းဖြစ်ရုံပင် ဆေးရုံ၊ဆေးခန်းသွားကြတဲ့သူများလည်း ရှိပါတယ်။ အချို့သောလူငယ်များအပြင်လူကြီးများက Online ပေါ်မှကျန်းမာရေးဆောင်းပါးများကိုဖတ်ရှုကာ ဆေးမှီးတိုကုနည်းများဖြင့်လည်း ကုကြသောသူများလည်းရှိကြပါတယ်။

ဒီလိုကျန်းမာရေးဆောင်းပါးတွေကိုဖတ်ရှုတဲ့သူတွေက Facebook က တင်သမျှ Page များစွာထဲမှ သတင်းတွေကို ကြုံသလိုဖတ်ကြသလား။ ဒါမှမဟုတ် ကျန်းမာရေးစာစောင်အထူးပြုရေးသားသော စာစောင်များကိုဖတ်ရှုကြသလား။ မည်သို့သောအကြောင်းအရာများဖြင့် ဖတ်ရှုပါစေ။ ယခုနောက်ပိုင်းတွင်ကျန်းမာရေးWebsite များလည်းပေါ်ပေါက်လာပြီးဖြစ်သောကြောင့် စိတ်ကြိုက်သတင်းများကိုဖတ်ရှုနိုင်သလို Online ပေါ်က ကျန်းမာရေးအကြံပေးဆရာဝန်များနှင့်လည်း ဆွေးနွေးလာနိုင်တာကို သတိပြုမိလာပါတယ်။

ဒါဆိုရင် ဆေးဝါးတင်ပို့တဲ့ Retailed Company တွေအနေနဲ့ ဆေးဝါးများကို ကြော်ငြာရာမှာ ဘယ်လိုကြော်ငြာကြသလဲ။ သုံးစွဲသူတွေကကော ဆေးဝါးရှာဖွေရာမှာ ဆရာဝန်မှတစ်ဆင့်သိကြသလား။ ဆေးအကြောင်းဝက်ဘ်ဆိုဒ်များမှ ဖတ်ရင်းလိုအပ်သောဆေးများကို ဝယ်ကြသလား ဆိုတာ မေးခွန်းများစွာပေါ်ပေါက်လာပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ လူတိုင်းဟာ အသက်ကိုဉာဏ်စောင့်ဆိုသော စကားအတိုင်းပဲ ကျန်းမာရေးကို နည်းလမ်းမျိုးစုံနဲ့ ဂရုစိုက်ကြတာဖြစ်တဲ့အတွက်ကြောင့် ဆေးဝါးထုတ်လုပ်ဖြန့်ချိသောကုမ္ပဏီများအနေနဲ့ သုံးစွဲသူတွေဆီသို့ဖြန့်ချိရာမှာ မည်သို့သောနည်းလမ်းများနဲ့ဖြန့်ချိကြသလဲ။ အမျိုးမျိုးသောနည်းလမ်းများထဲမှ သုံးစွဲသူတွေအနေနဲ့ ဆေးဝါးနာမည်တစ်ခုကိုရင်းနှီးနေရခြင်းများထဲမှ တစ်ခုဟာ ဆေးဝါးများအကြောင်းတင်ထားသော Page နှင့် ကျန်းမာရေးဆောင်းပါးများဝေငှသော Page များမှ သိရှိနိုင်သော အရာများကြောင့်ဖြစ်ပါတယ်။

ဒါဆိုရင်ထုတ်ကုန်ဟာ Social Media ပေါ်မှာကြော်ငြာခြင်းကအကျိုးသက်ရောက်မှု ရာခိုင်နှုန်းဘယ်လောက်ရှိလဲပြောရမယ်ဆိုရင် ၈၀% ရှိပါတယ်။ ယခုနောက်ပိုင်းလူလတ်ပိုင်း၊သက်ကြီးပိုင်းကအစ Social Media ကိုအသုံးပြုကြတဲ့အတွက်ကြောင့်ပါ။ သုံးစွဲသူတွေရဲ့ Review ဟာအရမ်းအရေးကြီးပါတယ်။ ထုတ်ကုန်အကြောင်းကိုဘယ်လိုပြောဆိုနေကြလဲ။ ဝေဖန်နေကြလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ Product Devlopment ဖြစ်ဖို့၊ လုပ်ငန်းပိုင်းရေးရာ Research နဲ့ M‌arket Research လုပ်ဖို့အတွက် Social Media ဟာ အဓိကနေရာဖြစ်တဲ့အတွက် ထုတ်ကုန်အခြေအနေကို အသေးစိတ်သိရှိရန် လိုအပ်ပါတယ်။

Magnify Myanmar ရဲ့ Social Listening ဟာ မြန်မာဘာသာစကားကိုအဓိကနားလည်တဲ့ AI System ကိုအသုံးပြုတဲ့အတွက် ဘာသာစကားအခက်အခဲများကို စိတ်ပူစရာမလိုပဲ ထုတ်ကုန်အကြောင်းပြောဆိုနေကြသော သတင်းမီဒီယာများနဲ့ ထိုများထဲမှ ဝေဖန်ပြောဆိုနေကြသော သုံးစွဲသူများရဲ့ ဝေဖန်ချက်များကိုပါလေ့လာနိုင်ပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် www.magnifymyanmar.com သို့ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

The majority of people are experiencing coughs and ailments as a result of the change in seasons. Due to their concern over COVID-19, some even visited hospitals and clinics for minor illnesses.

Do readers read from all the Facebook pages, or do they read publications that only contain information about wellness? It is possible to read news and articles on health on some websites, and expert doctor consultations are also accessible.

So how do users learn about pharmaceutical advertisements and retail companies? How do pharmaceutical manufacturing businesses distribute medications to consumers, who look after their health in a variety of ways? One of the ways in which users are familiar is with social media relating to the industry.

Advertising a specific product on social media has an 80% impact. Reviews and testimonials are crucial since people of all ages use social media in a number of ways. Product development, business research, and market research all heavily rely on social media.

With the aid of AI technology in Burmese Language, Magnify Myanmar’s social listening and media monitoring solutions can give brand mentions from daily news media with high accuracy rate. If you are interested about social listening, please feel free to contact the phone number 09-791029719 or the link www.magnifymyanmar.com for a free trial.