May 04, 2023
2 mins read

New Updates in Facebook Digital Creator

Facebook or Meta ဟာ တစ်ကမ္ဘာလုံးရှိသုံးစွဲသူများဆီသို့ မနေ့တစ်နေ့က Professional Mode ကို ချပြခဲ့ပါတယ်။ Professional Mode ဟာ ၂၀၂၁ ဒီဇင်ဘာထဲက စတင်စမ်းသပ်နေပေမယ့် ယခုအပတ်ထဲမှ Professional Mode ကို သုံးစွဲသူများထံသို့ ချပြခဲ့တာဖြစ်ပါတယ်။ Professional Mode ဟာ Facebook Page များကဲ့သို့ Personal Profile များကို Creator Mode အဖြစ်ရရှိခဲ့ပါတယ်။ Creator Mode ထဲမှာ အခန်းကဏ္ဍအလိုက် ရွေးချယ်လိုသော Mode ကို ပြောင်းလဲနိုင်ပါတယ်။ Actor, Artist, Athlete, Blogger, Chef, Comedian, Designer, Digital Creator, Entrepreneur, Fashion Model, Gamer, Journalist, Musician, Photographer, Public Figure နဲ့ Writer ဆိုပြီး ကိုယ်ပိုင် Profile မှာ ကိုယ်ဟာမည်သူဖြစ်ကြောင်းကို Creator Mode မှာပြောင်းလဲနိုင်ပါတယ်။

Professional mode ဟာ Page တွေကဲ့သို့ဆင်တူနိုင်ပေမယ့် Personal Profile မှာသီးခြားအနေနဲ့ရပ်တည်နိုင်ဖို့အတွက် ချပြထားခဲ့တာဖြစ်ပါတယ်။ Blog Post တစ်ခုမှာတော့ ယခုချပြလာတဲ့ Creator Mode ဟာ Viewers များထံမှ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် Page မှမဟုတ်ပဲ Personal Profile မှာပင် ဝင်ငွေတစ်ခုအဖြစ် စတင်နိုင်အောင် လမ်းကြောင်းစတင်ခင်းပေးထားသည် ဟုလည်း ပြောဆိုထားကြပါသေးတယ်။

Profile Setting မှာ Monetization Features နဲ့ Analytics Tools ကို ထည့်သွင်းပေးထားပြီး Professional Mode အသုံးပြုနည်းကိုပါထည့်သွင်းပေးထားတဲ့အတွက် အသုံးပြုရာမှာ လွယ်ကူအဆင်ပြေစေပါတယ်။

Professional Mode ကိုပြောင်းလဲလိုက်ပြီဆိုလျှင် Profile မှာ View Tools သို့ဝင်ရောက်ကာ ပါဝင်သော Tool များအကြောင်းကိုလေ့လာနိုင်ပါတယ်။ Profile Overviews အောက်မှာ ကိုယ်ပိုင် account ရှိ Followers Count ကိုပြသထားမှာဖြစ်ပါတယ်။

ပထမဦးစွာ Your Tools အောက်မှာ Moderation Assist ရှိပါတယ်။ Moderation Assist က မိမိကိုယ်စား တာဝန်ယူလုပ်ဆောင်ပေးမယ့် ထိန်းချုပ်ပေးမယ့်လက်ထောက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဆုံးဖြတ်ချက်ချရန်တစ်ခုခုပေါ်ပေါက်လာတဲ့အခါ ကိုယ်တိုင်လိုက်ကြည့်စရာမလိုပဲ မလိုလားအပ်သောစကားလုံးများ၊မမြင်ချင်သော စကားလုံးများ၊ Photo Comment များ Video Commentများကို Add or Edit Criteria မှာ ထည့်သွင်းကာ Comment များကို Auto Hidden အလိုအလျောက် မမြင်အောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။

Tools to Try အောက်မှာဆိုရင် ကဏ္ဍမျိုးစုံရှိပါတယ်။ Stars ကတော့ Grow Your Audience အတွက်အဓိကအထောက်အပံ့ပေးတာဖြစ်ပြီးတော့ Audience များလာတာနဲ့ ဝင်ငွေများလာမှာလည်းဖြစ်ပါတယ်။ ယခု Tool to Try ကတော့ အချို့သောနိုင်ငံတွေမှာသာ ရရှိသေးသာဖြစ်ပါတယ်။

ထို့နောက် Help and Guidance မှာ Professional Mode Guide ကိုတွေ့ရှိမှာဖြစ်ပြီး Professional Mode ဆိုတာဘာလဲဆိုတာအကျယ်တဝင့် ရှင်းပြထားပါသေးတယ်။

New Ways to Monetize ကတော့ တင်လိုက်တဲ့ Public Content များထဲကနေ ဝင်ငွေကိုရှာနိုင်သလို Eligibility For Monetization tools (ငွေရှာနိုင်ဖို့ အရည်အချင်းပြည့်မှီသော ကိရိယာ) ကနေတစ်ဆင့် Payout Account in Professional Dashboard ကိုဖန်တီးနိုင်ကာ ဝင်ငွေရအောင် နည်းလမ်းများနဲ့ စည်းမျဉ်းစည်းကမ်းချက်များကို သိနိုင်မှာဖြစ်ပါတယ်။

Friends and Followers ကတော့ Professional Mode သို့ပြောင်းလဲလိုက်တာနဲ့ အကောင့်ထဲရှိ သူငယ်ချင်းများအပါအဝင် Followers List ထဲသို့ရောက်ရှိသွားတာဖြစ်ပြီး တင်လိုက်သော Content မှန်သမျှ အကုန်လုံးဆီရောက်ရှိမှာဖြစ်ပါတယ်။ ယခင်က Facebook နဲ့ Followers ကို ခွဲခြားထားပေမယ့် ယခုအခါ အားလုံး Followers ဖြစ်သွားသလို Friends များကလည်း ဆက်လက်တည်ရှိနေအုန်းမှာဖြစ်ပေမယ့် Followers ထဲမှာတော့ Personal Name အလိုက်ပြသမှာမဟုတ်ပါဘူး။ Follower Counts ထဲမှာတော့ Friends Count ကိုပါ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆုံးသတ်မရှိ Followers Growth များကို Creator Mode ကနေတစ်ဆင့် ကိုယ်တိုင် Contentများကို တင်ရင်း Followers များကို တိုးပွားအောင် ဖန်တီးယူနိုင်ပါတယ်။

Insights ကတော့ Audience Trends, Age and Location နဲ့ Top Engagement ရရှိထားတဲ့ Contents တွေကို Page Insights ကဲ့သို့ Overview လေ့လာနိုင်ပါတယ်။ Top Performer ကနေ Post Impressions, Reach နဲ့ Engagement Count များကိုသိရှိနိုင်ပြီး Content များကိုလည်း တွေ့ရှိနိုင်သလို Reach ရောက်တဲ့ထဲမှ Age , Gender များကို % ဖြင့် သိနိုင်ပါတယ်။ အကောင့်ထဲသို့ရောက်ရှိသော Count များကိုလည်း Profile Visits ကနေတစ်ဆင့် သိရှိနိုင်ပါတယ်။

နောက်ဆုံးကျန်ရှိတဲ့ Feature ကတော့ Safety and well – Being ဖြစ်ပါတယ်။ Content များထဲမှ Conversation ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ရွေးချယ်ထားသော စံနှုန်းများအပေါ် အခြေခံ၍ Public Postများတွင် မလိုလားအပ်သော မှတ်ချက်များကို အလိုအလျောက်ဖျောက်ရန် ကူညီဆောင်ရွက်ပေးပါတယ်။ သူငယ်ချင်း သို့မဟုတ် နောက်လိုက်များမပါဘဲ ပရိုဖိုင်များမှ မှတ်ချက်များကို ဖျောက်ရန် ရွေးချယ်နိုင်သလို Moderation Assist Takes ကို ကိုယ်တိုင် Actions ယူကာ ပြင်ဆင်နိုင်ပါတယ်။

အထက်ပါအကြောင်းအရာများတော့ Facebook က ချပြထားတဲ့ Creator Mode ‌ခေါ် Professional Mode အကြောင်းကို အသေးစိတ်ရှင်းပြထားတာဖြစ်ပါတယ်။ Magnify Myanmar အကြောင်းကိုလည်း လေ့လာလိုပါက ဖုန်းနံပါတ် ၀၉-၇၉၁၀၂၉၇၁၉ သို့မဟုတ် ဖော်ပြပါ link www.magnifymyanmar.com မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#magnifymyanmar

#professionalmode

#meta