Dec 26, 2023
4 mins read

How can you measure through Social Listening to better understand Consumer Journey?

Understanding what consumers want becomes essential to your business’s success as an entrepreneur in today’s highly competitive industry. The success of your business in the modern business environment cannot be determined solely by the quality of your products or the level of the service you provide to your consumers. It’s critical for businesses to comprehend the wants and topics that their customers are discussing on social media. It is beneficial to use Magnify Myanmar’s Social Listening for understanding these consumers’ voices promptly. These ten (10) parts may assist you define your business’s consumer journey through social listening.

  1. Defining Business-Related Phrases and Hashtags:

Magnify Myanmar’s Social Listening feature helps you identify terms and hashtags related to your business’s activities on social media. This tool makes it simple to explore brand-focused hashtags, content, and discussions related to products. It further helps to understand the views of consumers and supports a thorough analysis of the Consumer Journey.

  1. Analyzing User Sentiment:

Measuring consumer sentiment toward your brand and products is essential. Magnify’s Social Listening accurately identifies user opinions by classifying sentiments as Positive, Negative, Neutral, and Interest. Analyzing the various consumer sentiment levels becomes essential when analyzing the Consumer Journey.

  1. Monitoring Brand Mentions:

By utilizing social listening, you can keep an eye on what consumers are saying about your business on a variety of social media sites, such as Facebook Groups and Pages. That close monitoring not only promotes a proactive strategy but also assists in preventing possible situations of crisis.

  1. Assisting in Marketing Campaigns:

Social listening becomes an essential tool for your business’s social media campaigns. Measuring engagement metrics like likes, shares, comments, and overall engagement with your articles may be accomplished with it. By measuring consumer interest, this data helps to improve marketing efforts.

  1. Identifying Influencers and Celebrities:

Using celebrities and social influencers is typical in modern business circles. Social listening assists in determining the influencers’ existing level of popularity, evaluating possible problems, and choosing ones who share your goals for effective advertising.

  1. Studying Consumer Feedback for Strategy Enhancement:

Through Social Listening, you gain access to consumer feedback on your brand and products. This valuable information provides insights into consumer needs and preferences, facilitating the refinement of marketing strategies for increased business effectiveness.

  1. Supporting Customer Service through Real-Time Feedback:

Real-time feedback from consumers and issues are solved on social media platforms through social listening. This quick information allows businesses to create customer service strategies that quickly resolve issues and satisfy the needs of consumers.

  1. Measuring Competitor Business Conditions:

Entrepreneurs have to keep an eye on competitors in addition to carefully analyzing their own businesses. Magnify Myanmar’s Social Listening supports long-term business growth and the creation of innovative strategies by helping to monitor the social media activity of competitors’ businesses.

  1. Adopting Effective Strategies for the Consumer Journey:

By utilizing information gathered by Magnify Myanmar’s Social Listening, businesses can develop strategies that adjust to user feedback and enhance the quality of their interactions with consumers at every stage of their purchasing journey.

10. Creating Consumer Personas:

Social listening gathers data about your business’s consumers and their interests and behaviors helping in the creation of detailed consumer personas. Having this understanding of requirements and habits is essential for creating focused marketing strategies.

To sum up, the wide range of advantages mentioned previously highlight the importance of incorporating Magnify Myanmar’s Social Listening into your business strategies. Visit Magnify Myanmar or contact 09 791029719 a call for more details.

ယနေ့ခေတ် ပြိုင်ဆိုင်မှု ပြင်းထန်သည့်စီးပွားရေးနယ်ပယ်မှာ လုပ်ငန်းရှင်များအနေနှင့် သင့် Consumerတွေရဲ့ အကြောင်းကို နားလည်သဘောပေါက်သိရှိခြင်းက သင့်လုပ်ငန်းအတွက်အရေးကြီးတဲ့ အောင်မြင်မှုတစ်ခုဖြစ်လာပါတယ်။ ယခုခေတ်မှာ စီးပွားရေးလုပ်ငန်းများအနေနှင့် သင့်ရဲ့ Product quality ဒါမှမဟုတ် Customer Service ကောင်းနေရုံနဲ့ လုပ်ငန်းအောင်မြင်ကြောင်း သတ်မှတ်ရန် မလုံလောက်တော့ပါ။ စီးပွားရေးလုပ်ငန်းများအနေဖြင့် သင့်Consumer တွေ Social Media ပေါ်မှာ သင့်လုပ်ငန်းနှင့်ပတ်သက်ပြီး ပြောဆိုနေသည့် အကြောင်းအရာများနှင့် ၎င်းတို့ရဲ့ လိုအပ်ချက်တွေကို သေချာနားလည်သဘောပေါက်ဖို့ကလည်း အရေးကြီးပါတယ်။ ယခုလို Consumer တွေရဲ့ စကားသံကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်နိုင်ဖို့ဆိုလျှင် Magnify Myanmar ရဲ့ Social Listening  က အထောက်အကူ ဖြစ်စေပါတယ်။ Social Listening ကိုအသုံးပြုပြီး သင့်လုပ်ငန်း အတွက် Consumer Journey ကို ဤအချက် (10) ချက်ဖြင့်ရှာဖွေနိုင်ပါတယ်။ 

  1. လုပ်ငန်း နှင့် သက်ဆိုင်သည့် စကားစုများနှင့် Hashtags များကို သတ်မှတ်ခြင်း။

Social Media ပေါ်မှာ သင့်လုပ်ငန်း၊ ထုတ်ကုန်များနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည့် စကားစုများ၊ Hashtags များနှင့် သင့် Brand နှင့် ဆက်စပ်သော အကြောင်းအရာများကို သုံးစွဲသူများက Mention လုပ်၍ ပြောဆိုနေမှုများကို Magnify Myanmar ရဲ့ Social Listening ဖြင့် အကြောင်းအရာများကို လေ့လာသိရှိနိုင်ပါတယ်။ ထိုသို့ သုံးစွဲသူများ၏ စကားသံများကို သိရှိနိုင်ခြင်းက Consumer Journey ကို လေ့လာရာမှာ အထောက်အကူပြုစေပါတယ်။ 

2. သုံးစွဲသူတို့၏ စိတ်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာခြင်း။ 

သင့်ရဲ့ Brand ၊ Product နှင့်ပတ်သက်ပြီး  သုံးစွဲသူတို့ဖြစ်ပေါ်လာသော ခံစားချက်များကို စောင့်ကြည့်လေ့လာဖို့ကလည်း အရေးကြီးပါတယ်။ Magnify ရဲ့ Social Listening ဟာ သင့်လုပ်ငန်းအပေါ် သုံးစွဲသူတို့ဖြစ်ပေါ်နေသော စိတ်ခံစားချက်များကို Positive, Negative, Neutral, Interest ဖြင့် Sentiment အလိုက် ပြောဆိုနေသောအကြောင်းအရာ အခြေအနေများကို အတိအကျ ဖော်ပြပေးနိုင်ပါတယ်။ Consumer တွေရဲ့  မတူညီတဲ့ ခံစားချက်အဆင့်ဆင့်ကိုပါ ထိုးထွင်းသိမြင်နားလည်နိုင်ဖို့က Consumer Journey ကို တိုင်းတာဖို့အတွက် အရေးကြီးသောအချက်များထဲမှ တစ်ချက်ဖြစ်ပါတယ်။

3. Brand နှင့်ပတ်သက်သည့် ဖော်ပြချက်၊စကားလုံးများ ကိုစောင့်ကြည့်ခြင်း။

သင့် Brand အကြောင်းကို Social Media ပေါ်မှာ သုံးစွဲသူတို့က သက်ဆိုင်ရာ Facebook Page နှင့် Group အစရှိသည့် နေရာများတွင်  မည်သို့ စကားလုံး အကြောင်းအရာများ ပြောဆိုနေလည်းဆိုတာကို Social Listening ကိုအသုံးပြု၍ စောင့်ကြည့် လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့လေ့လာစောင့်ကြည့်ခြင်းဖြင့် မလိုလားအပ်သော Crisis အခြေအနေများကိုလည်း ရှောင်ရှားနိုင်သောကြောင့် ဖြစ်ပါတယ်။

4.Marketing Campaign များအတွက် အထောက်အကူပြုခြင်း။

Social Media ပေါ်မှာ သင့်လုပ်ငန်းနှင့် ပတ်သက်သည့်  Marketing Campaign များ၊ Product Promotions များ၊ Post များပြုလုပ်သည့်အခါ Like, Share, Comment များနှင့် Engagement မည်မျှရရှိသည်ကိုပါ Social Listening  ကိုအသုံးပြုပြီး တိုင်းတာနိုင်မှာဖြစ်သောကြောင့် သင့် Consumer တွေရဲ့  စိတ်ဝင်စားမှုမည်မျှအထိ ရှိနိုင်လည်းဆိုတာကိုပါ ခြေရာခံပြီး သိရှိနိုင်ပါတယ်။ 

5. လုပ်ငန်းနှင့်ကိုက်ညီစွာအသုံးပြုနိုင်မည့် Influencers များနှင့် Celebrities များကို ရှာဖွေခြင်း။

ယနေ့ခေတ်မှာစီးပွားရေးလုပ်ငန်းအများစုဟာ Celebrities များ၊ Social Influencers များကိုအသုံးပြုပြီး Consumer များရဲ့ စိတ်ဝင်စားမှုကိုရရှိအောင် မိမိတို့ရဲ့ Services/ Product တွေကို ကြော်ငြာလာကြပါတယ်။ ယခုကဲ့သို့ အသုံးပြုပြီး ကြော်ငြာလာသည့်အခါ Social Listening ကို အသုံးပြုပြီး  မည်သည့် Influencer တွေက လက်ရှိနာမည်ကြီးကျော်ကြားနေသလဲ? Crisisတွေနှင့် ကြုံတွေ့နေပြီး ဂုဏ်သတင်းကျဆင်းနေသလား? စသဖြင့် သင့်လုပ်ငန်းနှင့်ကိုက်ညီစွာ ကြော်ငြာနိုင်မည့် Social Influencers/ Celebrities များကိုပါ ရွေးချယ်သိရှိနိုင်မှာ ဖြစ်ပါတယ်။

6. စျေးကွက်ရှာဖွေရေးနည်းဗျူဟာတိုးတက်အောင် Consumer များ၏ Feedback များကိုလည်း လေ့လာခြင်း။

သင်တို့ Brand နဲ့ Product တွေနဲ့ပတ်သက်ပြီး Consumerတွေ သုံးစွဲပြီးနောက် ထွက်ပေါ်လာသော Feedback များကို Social Listening ဖြင့်စောင့်ကြည့်နိုင်မှာဖြစ်သောကြောင့် Consumer တွေရဲ့ လိုအပ်ချက်များနှင့် နှစ်သက်မှုများ ကိုသိရှိနိုင်မှာပါတယ်။ ထို့သို့သော Feedback တွေကို သိရှိနိုင်သည့်အတွက် စျေးကွက် ရှာဖွေရေးနည်းဗျူဟာများကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာဖြစ်သောကြောင့် လုပ်ငန်းအတွက် ထိရောက်ပြီး တိုးတက်အောင်မြင်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

7. သုံးစွဲသူများ၏ Feedback မှတစ်ဆင့် Customer Service ကိုလည်း အထောက်အကူပြုခြင်း။

Social Listeningဟာ Social Media ပေါ်က  Consumer တွေရဲ့  ပြဿနာများ၊ စိုးရိမ်ပူပန်မှုနှင့် Feedback တွေကိုပါ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပါတယ်။ ထို့ကြောင့် ပြဿနာတစ်စုံတစ်ခုပေါ်လာသည့်အခါမှာ ချက်ချင်းတာဝန်ယူဖြေရှင်းနိုင်သည့်အတွက် Consumer တို့အတွက် စိတ်ကျေနပ်စေမည့် Customer Service နည်းဗျူဟာကိုလည်း Social Listening ကို အသုံးပြုခြင်းမှ တစ်ဆင့် ရရှိနိုင်ပါတယ်။

8 Social Listening အသုံးပြုပြီး သင့်ပြိုင်ဘက်လုပ်ငန်းအခြေအနေများကိုတိုင်းတာခြင်း။

လုပ်ငန်းရှင်များအနေနှင့် သင့်လုပ်ငန်းအကြောင်းသာမက မိမိ ပြိုင်ဘက်လုပ်ငန်းများအခြေအနေများကို လေ့လာစောင့်ကြည့်ဖို့ကလည်း အရေးကြီးပါတယ်။ ထို့ကြောင့် Magnify Myanmar ရဲ့ Social Listening ကိုအသုံးပြုပြီး Social Media ပေါ်က ပြိုင်ဘက်လုပ်ငန်းများ၏ လှုပ်ရှားမှုအခြေအနေများကိုပါ စောင့်ကြည့်လေ့လာနိုင်မှာဖြစ်သည့်အတွက် သင်တို့ လုပ်ငန်းရေရှည်တိုးတက်အောင်မြင်ဖို့နဲ့  နည်းဗျူဟာသစ်များချမှတ်ရန်မှာ များစွာ အထောက်အကူပြုပါတယ်။ 

9. Consumers Journeyကို ပိုမို သိရှိနိုင်ရန်အတွက် ကောင်းမွန်သော Strategy များပါချမှတ်နိုင်ခြင်း။

Magnify Myanmar ရဲ့ Social Listening ကို အသုံးပြုပြီးရရှိလာသည့် ဒေတာများမှတစ်ဆင့် သုံးစွဲသူများ၏အမြင်အပေါ် အခြေခံ၍ ပိုမိုထိရောက်သော Consumer များနှင့် ထိတွေ့ဆက်ဆံမှု များအတွက် ကောင်းမွန်သော Strategy များ ရွေးချယ်သတ်မှတ်နိုင်ပါတယ်။

10. လုပ်ငန်းနှင့်ပတ်သက်ပြီး သုံးစွဲသူတို့၏ Consumer Personas များဖန်တီးနိုင်ခြင်း။

Social Listeningကို အသုံးပြုပြီး သင့်လုပ်ငန်း၏ သုံးစွဲသူများနှင့်ပတ်သက်ပြီး ရှာဖွေတွေ့ရှိထားသည့် အချက်အလက်တွေအပေါ် အခြေခံကာ Consumerများ၏ နှစ်သက်မှုများ၊ အလေ့အထများနှင့်လိုအပ်ချက်များကို အသေးစိတ်သိရှိနိုင်သောကြောင့် Consumer Personas များကို ဖန်တီးရာမှာ များစွာအထောက်အကူ ဖြစ်ပါတယ်။

အထက်ပါအချက်များမှတစ်ဆင့် သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ Consumers Journey အတွက် Strategy များ ချမှတ်နိုင်ရန် Social Listening က များစွာ အထောက်အပံ့ဖြစ်တာကြောင့် Magnify Myanmar ရဲ့ Social Listeningကို အသုံးပြုသင့်ပါတယ်။ Magnify Myanmar ရဲ့ Social Listening အကြောင်းကို အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 791029719 သို့မဟုတ် Magnify Myanmar ရဲ့ Website Link ဖြစ်တဲ့ www.magnifymyanmar.com မှ တစ်ဆင့် Free Trial အတွက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။