May 04, 2023
2 mins read

လူတိုင်းလူတိုင်းဟာ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့လုပ်ငန်းဆောင်တာတွေမှာ မရှိမဖြစ် ပြုလုပ်နေကြတဲ့ အရာကဘာလို့ထင်ပါသလဲ။

လုပ်ငန်းခွင်ဝင်ကြသောသူများလည်း ရှိသလို အိမ်မှာ စာပေလေ့လာကြသူများ၊ မိတ်ဆွေများနဲ့တွေ့ဆုံကာ လက်ဖက်ရည်ဝိုင်းဖွဲ့ကြသူများ စသဖြင့် လူတိုင်းဟာ မတူညီတဲ့ဘဝမျိုးစုံ ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့် လူတိုင်းဟာ တစ်နေ့တာကို ကုန်ဆုံးပြီးတာနဲ့ ကိုယ်စီကိုယ်စီအနားယူကြတဲ့အခါ မိသားစုနဲ့အချိန်ကုန်ဆုံးကြတာရှိသလို တစ်ယောက်တည်း အခန်းထဲမှာ စာအုပ်ဖတ်ရင်း ကုန်ဆုံးကြသောသူများလည်း ရှိပါတယ်။ နေ့ရက်တိုင်းမှာ လူတိုင်းဟာ နေ့စဉ်ဘဝမှာမရှိမဖြစ် အနီးကပ်အသုံးပြုကြသောအရာကို ပြပါဆိုလျှင်စမတ်ဖုန်းကို ညွှန်ပြရပါလိမ့်မယ်။ စမတ်ဖုန်းနဲ့ရပ်ဝေးရပ်နီးမိတ်ဆွေများကို ခေါ်ကြတာလဲရှိသကဲ့သို ဆိုရှယ်မီဒီယာကို အားလပ်ချိန်မှာ အသုံးပြုနေကြတာကို တွေ့ရပါတယ်။

ဒါဆိုရင် နေ့စဉ်လှုပ်ရှားမှုဘဝတိုင်းအတွက် တယ်လီဖုန်းကရာခိုင်နှုန်းဘယ်လောက်လောက်ပါဝင်တာလဲ။ မြန်မာနိုင်ငံမှာ ၃၃ မီလီယံဟာ မိုဘိုင်းအသုံးပြုကြသူများဖြစ်ကြပြီးတော့ စမတ်ဖုန်းအသုံးပြုသူများကတော့ ၈၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ စမတ်ဖုန်းဟာလူတွေရဲ့နေထိုင်မှုပုံစံ၊ အတွေးအခေါ်များကအစ ပြောင်းလဲပေးနိုင်ပါတယ်။

နည်းပညာတွေ ဖွံဖြိုးတိုးတက်မှုမရှိခင်က မြန်မာနိုင်ငံမှာ သိရှိလိုသော သတင်းအကြောင်းအရာများကို သတင်းစာ၊ဂျာနယ်များမှတစ်ဆင့် သိရှိခဲ့ရပါတယ်။နည်းပညာသတင်းများသည်လည်း ထိုနည်းတူစွာပင်။ စမတ်ဖုန်းများခေတ်စားလာပြီးနောက် ဖုန်းမှတစ်ဆင့်နောက်ဆုံးပေါ်သတင်းအကြောင်းအရာများ၊ နိုင်ငံအတွင်းဖြစ်ပျက်နေသော သတင်းများ၊ ပြည်ပ၌ ဖြစ်ပျက်နေသော သတင်းကဏ္ဍမျိုးစုံကို သိရှိနိုင်ပါတယ်။

စမတ်ဖုန်းမှတစ်ဆင့် အတွေးအခေါ်စတိုင်များလည်း ပြောင်းလဲနိုင်ပါသေးတယ်။ ဖက်ရှင်အမြင်များဆန်းသစ်လာခြင်း၊ သွားလာရမယ့်နေရာများနှင့်အတူ ပြုလုပ်ရမယ့်အရာများကို စမတ်ဖုန်းမှ လိုအပ်တာကို ရှာဖွေနိုင်ပါသေးတယ်။ စမတ်ဖုန်းဟာ သက်ရှိလက်ထောက်ကဲ့သို စူးစမ်းလေ့လာမှုများလည်းပြုလုပ်နိုင်သလို ယခင်ကထက်နည်းပညာများပိုမိုမြှင့်မားလာသောကြောင့် ကျန်းမာရေးလေ့ကျင့်ခန်းများအတွက်လည်း များစွာအထောက်အကူပြုပါသေးတယ်။

Magnify Myanmar ဟာ စမတ်ဖုန်းကဲ့သို့ထုတ်ကုန်အကြောင်းအပါအဝင် ဆိုရှယ်မီဒီယာ ပေါ်တွင်ရှိသောအကြောင်းအရာများကို သိရှိလိုသော ထုတ်ကုန်အခြေအနေ၊ ထုတ်ကုန်အကြောင်းပြောဆိုနေကြသော သုံးစွဲသူများရဲ့အခြေအနေနဲ့ ပြိုင်ဖက်အခြေအနေများကို လေ့လာနိုင်ပါတယ်။ Magnify Myanmar ရဲ့ Social Listening and Media Monitoring Tool ဟာ မြန်မာဘာသာစကားကို AI နည်းပညာအခြေခံသောကြောင့် သတင်းများလစ်ဟာမှုမရှိပါဘူး။ သိရှိလိုသော သတင်းအချက်အလက်များနဲ့ ထုတ်ကုန်အကြောင်းကို အသေးစိတ်လေ့လာလိုပါက Magnify Myanmar ၏ ဖုန်းနံပါတ် 09-791029719 သိုမဟုတ် ဖော်ပြပါ Link www.magnifymyanmar.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

What do you think about the essential thing that everyone does in their daily routines?

Everyone has to go through different lives, such as those who work, study at home, and meet friends. However, everyone spends their time with their families at the end of the day, whereas some end up reading books in the room. Smartphones are essential in people’s lives since we call our friends or relatives and use social media for leisure.

What percentage does the telephone involve in our daily activity?

In Myanmar, 33 million people are mobile users, and 80 percent are smartphone users. Smartphones can change people’s lifestyles and ideas.

Traditionally, the only medium providing daily news were newspapers and magazines. However, today’s latest news about local and foreign news can be viewed via smartphones easily.

A smartphone may also change fundamental ideas, such as how fashion is viewed. Due to improved technology, a smartphone may now perform inquiry like our virtual assistants and tremendously aid in exercising for health.

Magnify Myanmar’s Social Listening, and Media Monitoring Tool can evaluate social media trends, product constraints, and customer voices, including discussions regarding cell phones. It’s AI-based in the Burmese Language; therefore, it will always be up to speed on the latest news and trends.

Learn more about Magnify Myanmar via 09-791029719 or this link www.magnifymyanmar.com below.

#magnifymyanmar

#SocialListening