May 04, 2023
< 1 mins read

E-commerce တွေ အနေနဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့ မှာ ကျရောက်မယ့် 11:11 Sale မှာ ဈေးဝယ်သူတွေရဲ့ သုံးသပ်ချက်တွေ နဲ့ အကြံပြုချက်တွေကို ဘယ်လိုမျိုး တိုင်းတာသိရှိနိုင်မလဲ။

အမျိုးမျိုးသော Shopping Malls တွေ နဲ့ E-commerce တွေကတော့ ဈေးဝယ်သူတွေ အဆင်ပြေစေဖို့ Promotion တွေ ၊ Special Discount Coupons တွေနဲ့ Campaigns တွေကို ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပ Website များမှ တစ်ဆင့် ကုန်ပစ္စည်းဝယ်ယူသောအခါ သုံးစွဲသူ လူထု အနေနဲ့ တစ်ချိန်တည်း စုပြုံဝယ်ယူမှုကြောင့် Website domain များ အလုပ်မလုပ်နိုင်ခြင်း၊ Order Out of Stock များကို အချိန်နှင့် တစ်ပြေးညီ Website တွင် Update မလုပ်နိုင်ခြင်း စသည်တို့ဟာ ဈေးဝယ်သူတွေ အပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကို ဘယ်လိုမျိုး တိုင်းတာ သိရှိ နိုင်မလဲ။

E-commerce တွေ အနေနဲ့ 11/11 Sale ကာလမှာ ထုတ်ကုန်တွေရဲ့ ဝယ်လိုအားအခြေအနေ ၊ ဈေးဝယ်သူတွေ အနေနဲ့ Website မှတစ်ဆင့် ပစ္စည်း ဝယ်ယူခြင်း အဆင်ပြေမှု ရှိ ၊ မရှိ နဲ့ ပစ္စည်း အရည်အသွေး စိတ်ချရမှု ရှိ ၊ မရှိ ကိုတော့ ဈေးဝယ်သူတွေရဲ့ သုံးသပ်ချက် Sentiment များမှ တစ်ဆင့် သိရှိနိုင်ပါတယ်။ သို့အတွက် Social Listening and Media Monitoring ပြုလုပ်ပြီး တိုင်းတာရန် လိုအပ်ပါတယ်။

Magnify Myanmar ရဲ့ Social Listening နဲ့ Media Monitoring Tool ဟာ လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့အသံကို နားဆင်နိုင်ရန်အတွက် မြန်မာဘာသာစကားကို AI နည်းပညာများမှတစ်ဆင့် တိုင်းတာသောကြောင့် Keyword များ လစ်ဟာမှု မရှိစေဘဲ အချက်အလက်များကို သေချာ သိရှိစေရန် များစွာအထောက်အကူပြုပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သိုမဟုတ် ဖော်ပြပါ Link www.magnifymyanmar.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

To boost sales, many shopping Malls and E-commerce offer promotions, special discount coupons, and campaigns to facilitate shoppers.

Sellers are ought to make sure that website domains are operating properly due to mesh orders at once and out of stock orders not being updated timely, to ensure smooth purchase for their customers.

Customers’ review feelings during the 11/11 sale period can be used to track consumer demand for products and the ease of online shopping, while social listening and media monitoring tools can be used to monitor these data.

Magnify Myanmar’s Social Listening and Media Monitoring Tool measure Burmese language through AI technology to listen to each person’s voice so that every single keyword is not missed. Learn more about Magnify Myanmar via 09-791029719 or the link www.magnifymyanmar.com mentioned above.

#magnifymyanmar

#SocialListening

May 04, 2023
2 mins read

Promotions နဲ့ပတ်သက်ပြီး လူတွေရဲ့အမြင်။

စျေးဝယ်ရတာကို မနှစ်ခြိုက်တဲ့သူမရှိပါဘူး။ စျေးဝယ်သူအများစုဟာ “Promotions or Discounts” စာသားကိုမြင်လျှင် အထွေအထူးစဉ်းစားခြင်းမရှိပဲ ဝယ်ယူကြပါတယ်။ သာမန်စျေးထက် ကြက်ခြေခတ်၏ဘေးတွင် အနည်းငယ်သာ စျေးချလျှင်ပင် “စျေးသင့်သည် ၊ စျေးချိုသည်“ဟုထင်ကာ ဝယ်ယူကြပါတယ်။ ကုန်ပစ္စည်း၏ အရည်အသွေးကို အထူးတလည် အကဲဖြတ်ခြင်းမရှိပဲ ဝယ်ယူပြီး တစ်ခါသုံးအဖြစ်သာ သတ်မှတ်ခံရသော ကုန်ပစ္စည်းများလည်းရှိပါတယ်။

အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများဟာ ပုံမှန်သုံးစွဲသူများ ရှိနေခြင်းကြောင့် အမြဲစျေးလျှော့ချင်မှ လျှော့ပါလိမ့်မယ်။ထိုအခါ စျေးဝယ်သုံးစွဲသူတို့ဟာ ကုန်ပစ္စည်းအပေါ် ရံဖန်ရံခါ ငြိုငြင်ခြင်း၊ စျေးလျော့ပေးစေလိုခြင်းများ ဖြစ်လာတတ်ပါတယ်။ စျေးဝယ်သူအချင်းချင်း တစ်ဦးစကားတစ်ဦး ဆိုသလို “စျေးကအမြဲဒီစျေးပဲ။ Discount လေးတောင်မရှိဘူး” စသဖြင့် ဝေဖန်သံများစတင်ကြားရပါလိမ့်မယ်။ ထိုစဉ် စီးပွါးရေးလုပ်ငန်းအသေးစားပိုင်ရှင်များက ပုံစံတူလုပ်ငန်းများဖြင့် စျေးကွက်ကို တစ်နည်းနည်းဖြင့် ထိုးဖောက်လာတတ်ကြပါတယ်။ ထိုအခါ လုပ်ငန်းရှင်ကြီးများအနေဖြင့် ထုတ်ကုန်များကိုသာ အာရုံမထားပဲ သုံးစွဲသူများကြား အခြေအနေများကို ဂရုစိုက်သင့်ပါတယ်။

Promotions or Discounts လျှော့ချတဲ့ အချိန်တွေက ဘယ်အချိန်တွေလဲ?

မြန်မာနိုင်ငံမှာဆိုရင် ယခုကဲ့သို့ သီတင်းကျွတ်အထူးလျော့စျေး၊ မြန်မာရက်ကြီးအခါကြီးရပ်ကြီးနေ့ရက်မျိုးနှင့်အတူ 11:11 sale, Black Friday Sale and 12:12 Sale တို့မှာ အဓိကဖြစ်ပါတယ်။ဘယ်လိုမျိုးတွေကို သုံးစွဲသူတွေက အများစုဝယ်ကြလဲဆိုရင် စားသောက်ကုန် နဲ့ အလှကုန်ပိုင်းတွေက အဓိကဖြစ်တယ်။

ဒါဆိုရင် အလှကုန်နဲ့ စားသောက်ကုန်လုပ်ငန်းတွေအနေနဲ့ ဘယ်လို ထုတ်ကုန်တွေကို promotion ချပေးသလဲ?

သုံးစွဲသူတွေအများဆုံး သဘောကျကြတဲ့ ထုတ်ကုန်လား?

အများစုနဲ့ သင့်လျော်အဆင်ပြေစေမယ့် ထုတ်ကုန်လား?

သက်တမ်းကုန်ခါနီး ထုတ်ကုန်တွေလား? စသဖြင့်မေးခွန်းထုတ်စရာရှိပါတယ်။

Promotionပြုလုပ်ခါနီးအချိန်ဆိုရင် သုံးစွဲသူတွေရဲ့အသံကို နားထောင်ဖို့လိုအပ်ပါသေးတယ်။ ရောင်းချသူနဲ့ ဝယ်ယူသူ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ကလည်း အရေးကြီးပါတယ်။ သုံးစွဲသူတွေရဲ့အသံဟာ ထုတ်ကုန်တစ်ခုကို Brand Reputation ဖြစ်စေနိုင်သလို ကျလဲကျဆင်းစေနိုင်ပါတယ်။

သုံးစွဲသူများရဲ့ဝေဖန်ပြောဆိုမှုများနှင့်အတူ ထုတ်ကုန်လက်ရှိအခြေအနေများကို လေ့လာချင်ပါသလား? ပုံစံတူပြိုင်ဖက်လုပ်ငန်းများရဲ့ အခြေအနေအရပ်ရပ်ကိုလည်း အသေး စိတ်သိရှိလိုတယ်ဆိုရင် Magnify Myanmar ဖုန်းနံပါတ် 09-791029719 သို့မဟုတ် www.magnfiymyanmar.com သို့ ဆက်သွယ်၍ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Everyone loves shopping. Most shoppers don’t think twice when they see the word “promotion” or “discount”. Even if the discounted amount is low, the price is often considered fair and affordable regardless of the product quality.

Because of the regular customers, high-end products usually don’t offer discounts, which then lead customers to criticize and request the brand to offer more discounts. In some ways, SMEs will see the feedback, such as “The price is always stable, there isn’t even a single discount.” and gain advantage for them to penetrate the market with similar businesses. Enterprises should also pay attention to consumer voices rather than merely focusing on product development.

When are Promotions or Discounts offered?

Discounts are often offered during special occasions in Myanmar such as Thadingyut Holidays, along with 11:11 sale, Black Friday Sale and 12:12 sale to celebrate holiday seasons, assuming food and cosmetics have been purchased the most.

So, what products in cosmetics and food industries are usually included in the promotion ?

Most popular products? Most suitable product for consumers? Nearly expiring products?

It is vital for the brands to listen to consumer voices before starting a promotional campaign and to have a clear communication between the seller and a buyer. A consumer’s voice can bring the brand reputation to the peak in either positive or negative way.

Learn more about your product reputation along with consumers’ voices and for more information, please contact Magnify Myanmar phone number 09-791029719 or www.magnfiymyanmar.com for free trial.

#magnifymyanmar

#sociallistening

May 04, 2023
< 1 mins read

Social Media Listening နဲ့ Social Media Monitoring ဘာကွာခြားမှုရှိလဲ?

Social Media Monitoring ဟာ လက်ရှိထုတ်ကုန်များ စျေးကွက်အတွင်း ဖြစ်ပေါ်လာသော Crisis အခြေအနေများကို လေ့လာပြီး လတ်တလောဖြစ်ပျက်နေသောစျေးကွက်အတွင်းအခြေနေများကို PR Communicationsနှင့်ချိတ်ဆက်ပြီး Brand အကြောင်းတင်ထားသော Media Page များကို စိစစ်လေ့လာကာBrand များကို Monitoring ပြုလုပ်ခြင်းဖြစ်ပါတယ်။

Social Media Listening ကတော့ Brand Monitoring ပြုလုပ်ပြီးနောက် သုံးစွဲသူများရဲ့အခြေအနေ၊ ပြောဆိုဝေဖန်ချက်များကို အသေးစိတ်လေ့လာသုံးသပ်ပြီး ထုတ်ကုန်အသစ်များထုတ်ဝေဖြန့်ချိနိုင်ရေးနှင့်အတူ သုံးစွဲသူ၏စကားသံများမှတစ်ဆင့် ရှေ့ဆက်ရပ်တည်မည့်အခြေအနေများအတွက် နည်းဗျူဟာအသစ်များချမှတ်ရန် ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

Magnify Myanmar ရဲ့ Social Media Listening နဲ့ Social Media Monitoring Toolဟာ ချိတ်ဆက်လျက်ရှိနေပါတယ်။ Social Listening and Social Media Monitoring မှာပါဝင်တဲ့ ကဏ္ဍတစ်ခုစီတိုင်းဟာ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အထူးသဖြင့် နည်းဗျူဟာများချမှတ်ခြင်း၊ သုံးစွဲသူများနဲ့ထိတွေ့ဆက်ဆံရာမှာ ပိုမိုလွယ်ကူစေခြင်း၊ အချိန်ကုန်သက်သာစေခြင်း အပြင် မြန်မာနိုင်ငံမှာ ပထမဦးဆုံး One Click တစ်ချက်နှိပ်ရုံဖြင့် Report များကို လိုအပ်သလို One Click System ဖြင့် Download ဆွဲနိုင်ပါသေးတယ်။လုပ်ငန်းနဲ့သက်ဆိုင်တဲ့ Brand Mention တွေကို မြန်မာ Keywords များဖြင့် အသေးစိတ်ရှာဖွေနိုင်သော AI System ပါဝင်တာကြောင့် နက်နဲခက်ခဲတဲ့ စကားလုံးတစ်ခုစီတိုင်းအတွက် Social Listening ကို အတိအကျနားထောင်နိုင်သောကြောင့် မြန်မာစကားလုံးများရဲ့ အမှားအယွင်းများကို ဖြေရှင်းနိုင်ပါတယ်။

Magnify Myanmar အကြောင်းကို အသေးစိတ်ပိုမိုလေ့လာလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link http://www.magnifymyanmar.com မှတစ်ဆင့် Free Trial အတွက် စုံစမ်းမေးမြန်းနိုင်ပါတယ်။

What distinguishes social media monitoring from social media listening?

Social Media monitoring is studying the current market situation, analyzing brand-related crises as well as keeping track of the media pages that mentioned the brand.

Social Media Listening is analyzing consumer feedbacks and data obtained from brand monitoring, which then helps with new product improvement and creating innovative strategies.

Magnify Myanmar provides both social media listening and media monitoring tools, which are both essential for businesses that communicates with consumers. It can be most helpful in setting strategies, consumer communication as well as with generating reports in one click to save time. With the trained AI system, even the brand mentions in complicated Burmese keywords can be easily monitored and avoid keyword errors.

If you want to know more about Magnify Tools, please don’t hesitate to contact phone number 09-791029719 or www.magnifymyanmar.com for a free trial.

#magnifymyanmar

#sociallisteningtool

#mediamonitoringtool

#Myanmar

May 04, 2023
< 1 mins read

Social Listening ဟာ လုပ်ငန်းခွင်တိုင်းအတွက် အရေးပါသလား?

Social Listeningဟာလူတွေရဲ့နေ့စဉ်ဖြတ်သန်းမှုမှာ ပါဝင်ပတ်သက်လျက်ရှိနေပါတယ်။ လူတွေပြောနေကျတဲ့အကြောင်းအရာတစ်ခုချင်းစီတိုင်းကို ဒေတာ လို့ သတ်မှတ်လို့ရပါတယ်။ လုပ်ငန်းတိုးတက်အောင်မြင်စေရေးအတွက် သုံးစွဲသူဒေတာတွေကိုစုဆောင်းစီမံကာ လုပ်ငန်းတိုင်းဟာ ထုတ်ကုန်ဖြန့်ချိရေးမှာ ပြန်လည်အသုံးချကြရမှာ ဖြစ်ပါတယ်။

စားသောက်ကုန်လုပ်ငန်း၊အလှကုန်လုပ်ငန်း၊ဘဏ်လုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်း၊မိုဘိုင်းနဲ့လူမှုအသုံးဆောင်ရောင်းဝယ်တဲ့လုပ်ငန်းစတာတွေမှာ ဒေတာဆိုတာလိုကိုလိုအပ်ပါတယ်။

ဥပမာအားဖြင့် “ဒီသတင်းကြားပြီးပြီလား? ဒီဖုန်းလေးကဘယ်လိုကောင်းတာ ဘယ်မှာရောင်းတယ် ဘယ်လိုစျေးလျှော့ထားတယ်”စသဖြင့် လူတွေပြောဆိုနေကြတဲ့ ဒေတာတစ်ခုစီတိုင်းဟာ လုပ်ငန်းတိုင်းအတွက် အရေးပါပါတယ်။

သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ထင်မြင်ယူဆချက်တစ်ခုစီတိုင်းဟာ မည်သည့်လုပ်ငန်းခွင်တွင်မဆို အထူးသဖြင့် Public နဲ့ထိတွေ့ရတဲ့လုပ်ငန်းတိုင်းအတွက် ရေရှည်ရပ်တည်နိုင်စေဖို့ နဲ့ ထုတ်ကုန်ပစ္စည်းဆက်လက်ထုတ်လုပ်နိုင်စေဖို့အတွက် သုံးစွဲသူများရဲ့ဒေတာတွေဟာ မဖြစ်မနေအရေးပါတာကြောင့် သုံးစွဲသူများရဲ့အသံကို သေချာနားထောင်ရပါတယ်။ထိုကဲ့သို့မဟုတ်ပဲ လျစ်လျူရှုခဲ့ပါက လုပ်ငန်းရေရှည်ရပ်တည်ဖို့လည်းခဲယဉ်းသလို ပုံစံတူပြိုင်ဖက်များက အသာရသွားနိုင်ပါတယ်။

Social Listening ဟာ သုံးစွဲသူများရဲ့ဒေတာများအပြင် ပြိုင်ဖက်များရဲ့ Social Media ပေါ်တွင်လုပ်ဆောင်နေသော အခြေအနေများကိုလည်း လေ့လာနိုင်ပါသေးတယ်။ ဒါကြောင့် Social Listeningဟာ မဖြစ်မနေ အရေးပါပါတယ်။

Social Listening အကြောင်းနဲ့ပတ်သက်၍ Magnify Myanmar အကြောင်းကို လေ့လာလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် www.magnifymyanmar.com သို့ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Is social listening essential for every workspace?

People use social media daily.

Hence, social listening is involved in people’s daily lives. Everything people are talking about can be defined as data. Businesses must collect and analyze user data to improve their business and apply it in product distribution.

Data management is crucial in the food, beauty, banking, telecommunications, mobile, and social goods trading industries, and so on.

To ensure long-term sustainability, monitoring consumer feedback carefully is one of the essential factors for any business exposed to the public. For example, “Have you heard this news? How good is this phone? Where is it sold, and how much is the discount?”.

Otherwise, it will be difficult for the business to survive in the long run, benefiting the competitor brands. Social listening can also help you keep on track of the activities on social media by competitor brands.

If you are more interested in Magnify Myanmar about Social Listening, you can contact 09-791029719 or www.magnifymyanmar.com for a free trial.

May 04, 2023
< 1 mins read

Digital Marketing Agency တွေ ရေရှည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အရေးကြီးဆုံးအချက်ကဘာလဲ။

Digital Marketing Agencyတွေဟာ Clients မျိုးစုံကို ကိုင်တွယ်ရပါတယ်။ ထိုအခါ Brand တစ်ခုချင်းစီရဲ့သတင်းအချက်အလက်တွေကို စုဆောင်းရတဲ့အခါမှာ သတင်းတွေဟာ လူအားနဲ့ ကိုင်တွယ်ရင်း လိုအပ်ချက်တွေရှိလာပါတယ်။ သတင်းလုံလောက်မှုမရှိခြင်း၊ Keywords များလစ်ဟာမှုရှိခြင်း၊ သတင်းစုရသည့်အချိန်ကုန်ခြင်း တွေဖြစ်လာပါတယ်။ ထိုအခြေအနေများဖြစ်ပေါ်လာတဲ့အခါ လူအားထက် Tool ကို အသုံးပြုရန် မဖြစ်မနေ လိုကိုလိုအပ်လာပါတယ်။ ဒါကြောင့် Social Listening Tool နဲ့ Print Media Monitoring Tool ဟာ Digital Marketing Agency တွေအတွက် မဖြစ်မနေ အရေးပါပါတယ်။

Social Listening ကို ပြုလုပ်ခြင်းအားဖြင့် Brand များရဲ့အခြေအနေများအပြင် Brandများရဲ့ပြိုင်ဖက်အခြေအနေများနဲ့ အရေးကြီးဆုံးဖြစ်တဲ့ Brand တစ်ခုစီတိုင်းရဲ့ သုံးစွဲသူများရဲ့ ဝေဖန်ပြောဆိုချက်များကို အဓိက သုံးသပ်လေ့လာတာဖြစ်တဲ့အတွက် မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

Print Media Monitoring ဟာ မြန်မာနိုင်ငံမှာနေ့စဉ်ထွက်ရှိတဲ့ သတင်းစာ၊မဂ္ဂဇင်း၊ဂျာနယ်နဲ့မီဒီယာအချက်အလက်တွေမှာ Brands အကြောင်းပါတဲ့ သတင်းတွေကို နေ့စဉ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ သတင်းစာအကုန်လုံးကို လိုက်လံရှာဖွေဖတ်ရှုစရာမလိုပဲ Brand Mention ပါဝင်တဲ့သတင်းအားလုံးကို တစ်နေရာထဲမှာ စုံစုံလင်လင် သိရှိနိုင်မှာ ဖြစ်ပါတယ်။

Magnify Myanmar မှာ Social Listening Tool နဲ့ Print Media Monitoring Tool ကို အဓိက အသုံးပြုနိုင်ပါတယ်။ ခက်ခဲနက်နဲတဲ့ မြန်မာစကားလုံးတစ်ခုစီတိုင်းကို အဓိပ္ပာယ်ဖွဲ့ဆိုနိုင်ပြီး AI System ကြောင့် Brand Mention များလစ်ဟာမှုရှိစေမှာ မဟုတ်ပါဘူး။ One Click Reporting System ကြောင့် Brand တစ်ခုစီတိုင်းအတွက် အချိန်ကုန်သက်သာစေပါတယ်။ ဒါကြောင့် Digital Marketing Agency တွေအနေနဲ့ Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါဖုန်းနံပါတ် ၀၉-၇၉၁၀၂၉၇၁၉ သို့မဟုတ် https://www.magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် အသေးစိတ်လေ့လာနိုင်ပါတယ်။

What is essential for digital marketing agencies to be sustainable in the long term?

Digital Marketing agencies have to manage clients from various industries, and manual data collection for monitoring each brand can be overwhelming and time-consuming, leading to insufficient data and keywords. Social Media and Print Media Monitoring Tools can become handy for agencies in these circumstances.

Social Listening can greatly help monitor and analyze the brand reputations and the competitor’s and consumers’ feedback on each brand.

With print media monitoring, brand-mentioned articles from various newspapers, magazines, and journals will be updated in one place without having to go through the papers manually.

Magnify Myanmar can provide essential tools for social listening and print media monitoring. With our AI system, you can monitor and customize the keywords in a complicated Burmese language, and our one-click reporting system will help you save time.

To learn more about Magnify Myanmar, don’t hesitate to contact 09-791029719 or go to http://www.magnifymyanmar.com for a free trial.

May 04, 2023
2 mins read

Social Listening for Mobile Phone Industry

မြန်မာနိုင်ငံမှာ Smart Phone ဟာ ၂၀၁၂ နောက်ပိုင်းကစပြီး လူတိုင်းကို ရသမျိုးစုံပေးစွမ်းနေပါတယ်။

ဖုန်းတစ်လုံးလက်ထဲရှိပြီဆိုတာနဲ့ ချစ်ခင်ရသောသူများကို ဖုန်းဆက်ခြင်း၊ Social Media ကို ကောင်းစွာအသုံးပြုနိုင်ခြင်း၊ စားသောက်ချင်သော အစားအစာများကို ဖုန်းမှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်ခြင်း၊ စျေးဝယ်ရာမှာလည်း ငွေသားမကိုင်ပဲ လက်ကိုင်ဖုန်းမှတစ်ဆင့် အလွယ်တကူငွေပေးချေခြင်း၊ အနားယူသောအချိန်တွင် သီချင်းနားထောင်ပြီး ဂိမ်းဆော့ခြင်း၊ရုပ်ရှင်ကြည့်ခြင်း အစရှိတာတွေကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်ကြပါတယ်။

တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲလာတာနဲ့အမျှ တယ်လီဖုန်းနဲ့ပတ်သက်ပြီး အဆင်ဒီဇိုင်းမျိုးစုံတိုးတက်ပြောင်းလဲလာပါတယ်။

ဖုန်းဝယ်ရာမှာ လူတွေက ဘာကိုအဓိက ဦးစားပေးပြီး ရွေးချယ်ကြလဲ?

စျေးနှုန်းနဲ့ ကွာလတီ ကို အဓိက စဉ်းစားပြီး ရွေးချယ်ကြပါတယ်။

ယခုကဲ့သို့ တိုးတက်ပြောင်းလဲလာတာနဲ့အညီ Smart Phoneရောင်းချတဲ့ Companies များဟာလည်း အပြိုင်အဆိုင် ရောင်းဝယ်ဖောက်ကားလာကြပါတယ်။ အရည်အသွေးပြည့်မှီတဲ့Specifications များစွာ နဲ့ ဆန်းသစ်သောဒီဇိုင်းမျိုးစုံစျေးကွက်ထဲသို့ ခြေချလာကြတာကိုတွေ့ရပါတယ်။ သုံးစွဲသူအများစုဟာလည်း အသစ်အဆန်းများကို သဘောကျကြတာနဲ့အညီ ဒီ Brand တစ်ခုတည်းကိုပဲရေရှည်သုံးစွဲကြသူများလည်းရှိသကဲ့သို့ မတူညီသော Brand များကို စမ်းသပ်သုံးစွဲကြသောသူများလည်းရှိကြပါတယ်။

သုံးစွဲသူများရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လိုအပ်သော အချက်များကို Mobile Industry အနေနဲ့ လေ့လာနေရပြီဆိုလျှင် တိကျသေချာသောအချက်အလက်များစုဆောင်းပြီး သုံးသပ်လေ့လာချက်များကို ပြုလုပ်သင့်ပါတယ်။ Magnify Myanmar မှာ မြန်မာဘာသာဖြင့် Keywords များကို အသေးစိတ်ရှာဖွေနိုင်တာကြာင့် Mobile Industry အတွက် များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် သုံးစွဲသူများ၏ Review, Social Influencers များ၏ Review စသည်တို့ကို အတိအကျလေ့လာနိုင်သည့်အပြင် ပြိုင်ဖက်ပတ်ဝန်းကျင်ရဲ့ Social Media ပေါ်တွင်ဖြစ်ပျက်နေသောအခြေအနေများကို လေ့လာနိုင်သောကြောင့် Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါ ဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Since 2012, smartphones have been providing a variety of entertainment to people in Myanmar. It has become a lot easier to communicate with your loved ones, use social media, order your desired take-out food, make digital payments, and enjoy music, games, movies, etc. all through your mobile phone. But, what do people look for when purchasing a smartphone and how do they choose, price or performance?

In line with the growing technology, smartphone companies were encouraged to create different unique designs, along with innovative features and specifications every year to compete in the market. The majority of consumers enjoy trying out new features from the same brand for the long term whilst some like to explore different tastes from different brands.

It is as important to study consumer behavior as it is to learn about the mobile industry, and precise data collection is one of the main factors for accurate research. With Magnify Myanmar, you can monitor the required data with customized Burmese keywords, which will be a big help in researching the industry. Also, you can study the behavior of social media users via reviews, and reactions towards influencers and competitor brands. If you want to know more about Magnify Myanmar, feel free to reach out to 09-791029719 or the link:https://magnifymyanmar.com/ for a free trial.

#Magnifymyanmar#sociallisteningtool#MobilePhoneIndustry

May 04, 2023
2 mins read

Is Fiber the fastest network in Myanmar

လုပ်ငန်းတိုင်းမှာ မရှိမဖြစ် လိုအပ်သော အရာကို စတင်စဉ်းစားပါဆိုလျှင် Fiber Networkသည် ပထမဦးစားပေးဖြစ်သည်။ ဆက်သွယ်မှုကွန်ယက်အောက်မှာ တည်ရှိသော Fiber Network သည်လည်း လုပ်ငန်းလည်ပတ်ဆက်သွယ်ခြင်းကို များစွာအထောက်အကူပြုပါသည်။

Fiber Networkကို မည်သည့်ဆက်သွယ်ရေးအတွက်မဆို လုပ်ငန်းလည်ပတ်ရာသော်လည်းကောင်း၊ အိမ်မှာ အသုံးပြုရန်သော်လည်းကောင်း Fiber Networkကို အသုံးပြုကြသည်။ Fiber Networkနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင်ရောင်းဝယ်ဖောက်ကားနေသော Company များစွာ ရှိလာပါသည်။

၂၀၁၅ မှစတင်ပြီး မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်များသာ Fiber or FTTH ကိုစတင်အသုံးပြုကြပြီး ၂၀၁၈ နောက်ပိုင်းတွင် အိမ်တိုင်းအိမ်တိုင်း Fiber or FTTH Network ကို အသုံးပြုလာကြသည်။

Fiber Networkသည်၂၀၁၅ နှင့် ၂၀၂၀ ကြားတွင် ပိုမိုတွင်ကျယ်လာပြီးနောက် အသုံးပြုရမှုနှန်းနှင့်စျေးနှုန်းသည် သင့်လျော်မှုရှိပြီး ယခု၂၀၂၁ နောက်ပိုင်းတွင် အင်တာနက်လိုင်းအခြေအနေများနှင့် ပတ်သက်၍ သုံးစွဲသူများ၏ ဝေဖန်မှုသည်လည်း ပုံမှန်ထက်မြှင့်တက်နေပါသည်။ စျေးနှုန်းထက် အင်တာနက်လိုင်းများနှေးခြင်း၊ ချိတ်ဆက်ရအဆင်မပြေခြင်း၊ Service မကောင်းခြင်း အစရှိသည်ကို ကြုံတွေ့နေကြရသည်ကို လေ့လာတွေ့ရှိရပါသည်။ Fiber Network Company များအနေနှင့် အရေးကြီးသော အချက်မှာ Customer Service ဖြစ်သည်။ Publicနှင့်အဓိက ထိတွေ့ဆက်ဆံနေရသည့်အတွက် Negative ထက် Interest Rate မြှင့်တက်နေစေဖို့က ပိုမိုအရေးကြီးပါသည်။သုံးစွဲသူများ၏ ပါးစပ်ဖျားတွင် “အဆင်မပြေဘူး၊ဆက်ဆံရေးကလည်းမကောင်းဘူး “စတာတွေ အပြောများလာပြီဆိုလျှင် Company ရေရှည်ရပ်တည်နိုင်ရေးက ခက်ခဲပါသည်။

ခေတ်အခြေအနေသည်လည်း တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ သုံးစွဲသူများသည် Company ၏ Main Pageအောက်တွင် ဝေဖန်စာများရေး၍သော်လည်းကောင်း၊ Group ဖွဲ့၍ပြောဆိုခြင်းလည်းကောင်း၊ Personal Profileတွင် စာရှည်ရေး၍သော်လည်းကောင်း ဝေဖန်ကြသည်။ ထိုသို့ အဆိုးပြောဆိုမှုများခြင်းကို လျစ်လျူရှုခြင်းမပြုလုပ်သင့်ပဲ သုံးစွဲသူများရဲ့အခြေအနေကို အသေးစိတ်လေ့လာပြီး Social Listening ပြုလုပ်သင့်ပါသည်။

Social Listening သည် Public နှင့် ထိတွေ့ဆက်ဆံနေရသော လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးကြီးပါသည်။ Social Listeningနှင့်ပတ်သက်၍ Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါဖုန်းနံပတ် 09- 791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trialအတွက် အသေးစိတ်လေ့လာနိုင်ပါသည်။

#MagnifyMyanmar#Sociallisteningtool#fibernetwork#InternetConnection#Myanmar

Fiber Network is vital for all types of business operations and communications these days as well as for personal communication at home. Companies providing fiber network services are growing every day in Myanmar as the usage of fiber or FTTH for businesses has become popular in 2015, then nearly every residence in 2018.

As the prices become more affordable, fiber network usage has grown between 2015 to 2020 along with the complaints and criticisms about the network stability later in 2021. Most of the users experience slow internet, connectivity errors, and poor customer service rather than the price ranges. Customer service is one of the most important factors for fiber network companies as they have to engage with consumers on the daily basis to improve consumer interest rates. It could be a major obstacle for the company to survive long-term if complaints such as, “Very inconvenient” and “Poor service” are growing constantly.

Along with the constantly developing technology, consumers nowadays give their feedback under the company’s main Facebook page, in Facebook groups, or with statuses on their personal profiles. It is important to listen to consumers’ feedback and then use them to improve the company’s strategies and reputation.

Social listening is essential for all businesses that are closely engaging with the public. If you want to know more about Magnify Myanmar for Social Listening, feel free to call this number 09- 791029719 or go to https://magnifymyanmar.com/ for a free trial.

May 04, 2023
4 mins read

Understanding the role of Delivery Services in Myanmar in recent years.

မြန်မာနိုင်ငံတွင် ကိုဗစ်၁၉မဖြစ်ခင်က ၈၀ ရာခိုင်နှုန်းသောပြည်သူတွေဟာ ပိတ်ရက်များတွင် အပြင်ထွက်ပြီး စားသောက်လေ့ရှိပါတယ်။ အချို့သောသူများကတော့ အိမ်ကိုဝယ်လာပြီး အိမ်မှာပဲ မိသားစု စားသောက်ဝိုင်းလေးတွေ ဖန်တီးကြပါတယ်။ ကိုဗစ်မတိုင်ခင်က အစားအသောက်Applicationအိမ်အရောက်ပို့ဆောင်မှုလုပ်ငန်းများရှိသော်လည်း သိပ်ပြီးတော့ တွင်ကျယ်မှု မရှိသေးပါဘူး။

၂၀၁၉ မတ်လတွင် မြန်မာနိုင်ငံမှာ ကိုဗစ်များစတင်ဖြစ်ပွားပြီးနောက် ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် အပြင်ထွက်ခြင်းမရှိပဲ အိမ်တွင် ကွာရန်တင်းနေထိုင်ရင်း ကာကွယ်နေထိုင်ခဲ့ကြပါတယ်။ အစားအသောက်နှင့်ပတ်သက်၍ ထိုအချိန်မှစတင်ပြီး မြန်မာနိုင်ငံမှာ Food Delivery Application များဟာ တွင်ကျယ်လာခဲ့ပါတယ်။ သင့်တင့်သော စျေးနှုန်းနှင့် ပို့ဆောင်ခ များနှင့်အတူ အိမ်ရှေ့ထိအရောက်ဝန်ဆောင်မှုများဟာ ထိထိရောက်ရောက် ကျယ်ပြန့်လာခဲ့ပါတယ်။ အိမ်အရောက်အစားအသောက်ဝန်ဆောင်မှုများအပြင် Delivery လုပ်ငန်းများဟာ အိမ်တွင်းကုန်ပစ္စည်းပို့ဆောင်ခြင်းပါ တွဲဖက်ပို့ဆောင်လာကြတာကို တွေ့ရပါတယ်။ ငွေပေးချေရာတွင်လည်း ငွေသားဖြစ်သော်လည်းကောင်း၊ Mobile Wallet Application များကို အသုံးပြုနိုင်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကိုဗစ်၁၉ ကာလမှာတော့ ရောဂါမပြန့်ပွားစေရန်အတွက် ငွေသားကိုင်ဆောင်ခြင်းကို ထိထိရောက်ရောက် ရှောင်ကြဥ်ကြပါတယ်။

မြန်မာနိုင်ငံမှာ အစားအသောက် ဝန်ဆောင်မှုလုပ်သော လုပ်ငန်းများမှာ ၈ ခုရှိပါတယ်။ လူသိအများဆုံးနဲ့ ဝယ်ယူမှုအများဆုံး မြင်တွေ့ရသော Food Applications တွေကတော့ Food Panda နှင့် Grab Foods ဖြစ်ကြပြီး Deliver Ink, YANGON DOOR2DOOR, FOOD2U, FOOD MALL, HI-SO MALLနဲ့ FRESHGORA တို့ဖြစ်ကြပါတယ်။ အစားအသောက်ဝန်ဆောင်မှုများအားဖြင့် ရန်ကုန်မြို့ပေါ်တွင် နေထိုင်မှုပတ်ဝန်းကျင်ရှိ နေရာ အနီးအဝေးအပေါ်မူတည်ပြီး စားသောက်ဆိုင်တွေကတော့ ကွာခြားမှုရှိပါတယ်။ မြို့ကြီးအားဖြင့် ရန်ကုန်နှင့် မန္တလေးတွင် အဓိက သုံးစွဲလျက်ရှိကြပြီး အချို့သောမြို့အနည်းငယ်တွင်သာ Food Applications သုံးစွဲနိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်။

Delivery လုပ်ငန်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ အစားအသောက်အပြင် Social Commerence နှင့် ဆေးဝါးဝန်ဆောင်မှုလုပ်ငန်းများလည်း တွင်ကျယ်လာပါတယ်။ အိမ်အရောက်ပို့ဆောင်ပေးကြသော Delivery လုပ်ငန်းများဟာ အစားအသောက်တင်မကပဲ ဘက်စုံအသုံးပြုလာနိုင်ကြတာကို မြင်ရပါတယ်။ အချို့သော ပို့ဆောင်မှူများဟာ ကားများဖြင့် ပို့ဆောင်ကြပေမယ့် အစားအသောက် ဝန်ဆောင်မှုပေးသော လုပ်ငန်းရှိ ပို့‌ဆောင်သူအများစုဟာ စက်ဘီးများဖြင့် ပို့ဆောင်ပေးကြပါတယ်။ Food Applications နဲ့ ချိတ်ဆက်ထားမှုမရှိတဲ့ အချို့သောလုပ်ငန်းငယ်တွေကတော့ Taxi ကားများဖြင့် စားသုံးသူများဆီတော့ ပို့ဆောင်ပေးကြတာကို တွေ့ရပါတယ်။ ပို့ဆောင်ခကတော့ စားသုံးသူဖက်က နေရာပေါ်မူတည်ပြီး Taxi အခကြေးငွေအတိုင်း ပေးရတာဖြစ်ပါတယ်။

စားသောက်ကုန်ပို့ဆောင်သူများဟာ ပို့ဆောင်ရေးနှင့်ပတ်သက်၍ ယာဉ်အန္တရာယ်တွေကြုံတွေ့ရသော အခြေအနေလည်းရှိပါတယ်။ မိုးတွင်းဆိုလျှင် မိုးရာသီကြောင့် အစားအသောက်ကို သတိထားသယ်ယူပို့ဆောင်ပေးရသော အခြေအနေသည် သာမန်ပို့ဆောင်ပေးရသော အခြေအနေမျိုးနှင့်မတူပါ။ မိုးတွင်းတွင် ယာဉ်အန္တရာယ်သည် အရေးကြီးသောကြောင့် ပို့ဆောင်သူများ၏ အခက်အခဲများကို မြင်တွေ့ရပါတယ်။ ဒီလိုပို့ဆောင်မှုများနဲ့ပတ်သက်ပြီး စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေဟာ စက်ဘီးဖြင့်စီးနင်းပို့ဆောင်သူများအတွက် အသက်အာမခံများ ထားရှိပေးကြသလား ဆိုတဲ့ မေးခွန်းမေးစရာ ပေါ်ပေါက်လာပါတယ်။

လွန်ခဲ့သော လအနည်းငယ်က စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို ဆန္ဒပြကြသော ဖြစ်ရပ်များကို တွေ့ရပါတယ်။ စက်ဘီးဖြင့်ပို့ဆောင်ပေးသောသူများအပေါ် ပို့ဆောင်ခငွေ ညင်းပန်းနှိပ်စက်မှု အခြေအနေများကြောင့် စားသုံးသူအများစုကပါ ထိုလုပ်ငန်းကို ဆန္ဒပြခဲ့ကြပါသေးတယ်။ သို့သော်လည်း လက်ရှိအခါတွင် စားသုံးသူများလည်း ရှိနေဆဲဖြစ်သေးတာလည်း တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ကိုဗစ်၁၉ နောက်ပိုင်းမှစ၍ ကျယ်ပြန့်လာသော စားသောက်ကုန်ပို့ဆောင်မှုလုပ်ငန်းဟာ ယခုဆိုလျှင် စျေးကွက်ထဲတွင် လုပ်ငန်းငယ်မှ တဖြည်းဖြည်း တွင်ကျယ်လာတာကို တွေ့ရပါတယ်။ စားသောက်ဆိုင် ၈၀ ရာခိုင်နှုန်းဟာ စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်ထားကြတာကြောင့် အလွယ်တကူ စားသောက်ချင်သော အစားအစာများကို မှာယူနိုင်ကြတာကို တွေ့မြင်လာရပါတယ်။

စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ Menu နှင့်ပတ်သက်ပြီး အချို့သော စားသုံးသူများဟာ အစားအသောက်များကို ရှာဖွေရာမှာ အခက်အခဲအနည်းငယ်ကို တွေ့မြင်ရပါတယ်။ အဓိကကတော့ အစားအသောက်ကို ခေါ်ဝေါ်သော နာမည်ပါ။ မြန်မာဘာသာဖြင့် ရှာမလား။ အဂ်လိပ်လို ရှာမလား စသဖြင့် keywords ပြသနာပါ။ ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ခေါ်ဝေါ်သော အခေါ်အဝေါ်များ ကွဲပြားခြင်းတို့ကြောင့်လည်း ပါဝင်ပါတယ်။ ဥပမာ ရှမ်းခေါက်ဆွဲဆိုပါစို့။ ရှမ်းပြည်နယ်တွင် ရှမ်းခေါက်ဆွဲကို ရေစိမ်နှင့် ဆန်စေး ဟူပြီး ခွဲခြားထားခြင်းမရှိပါဘူး။ ရှမ်းခေါက်ဆွဲဆိုလျှင် ရှမ်းခေါက်ဆွဲဖြစ်ပြီး ရေစိမ်ခေါက်ဆွဲဆိုလျှင် ရေစိမ်ခေါက်ဆွဲ စသဖြင့် ရိုးရှင်းပါတယ်။ သို့သော် ရန်ကုန်တွင် အစားအသောက်နာမည်ခေါ်ဝေါ်ရာမှာ ကွဲပြားမှုလေးတွေရှိပါတယ်။ ရှမ်းခေါက်ဆွဲမှာ ဆန်စေးအဖတ်နဲ့လား။ ဒါမှမဟုတ် ရေစိမ်အဖတ်ခေါ် အသေးဖတ်လား စသဖြင့် အယူအဆ အခေါ်အဝေါ် မတူတာကြောင့်မို့ အစားအစာမှာယူမှုမှားယွင်းခြင်း များကို တွေ့မြင်ရပါတယ်။

ယခုကဲ့သို့ တိုးတက်ပြောင်းလဲလာမှုများအပေါ် မြန်မာနိုင်ငံမှာ စားသောက်ဆိုင်များဟာ စားသောက်ကုန်ပို့ဆောင်မှုလုပ်ငန်းများနဲ့ မည်သို့ပူးပေါင်းရမည်ကို ဂရုတစိုက်စဉ်းစားရန်နှင့် လုပ်ငန်းလုပ်ဆောင်ရန် နည်းလမ်းအသစ်များကို စမ်းသပ်ရန် လိုအပ်ပါတယ်။ စားသောက်ကုန်ပို့ဆောင်မှုလုပ်ငန်းတွေဟာလည်း သုံးစွဲသူဒေတာကို အသုံးပြုသူများရဲ့ အတွေ့အကြုံကို မြှင့်တင်ရန်နှင့် ပေးပို့မှုနှင့် ဆက်စပ်သော ကုန်ကျစရိတ်များကို လျှော့ချရန် ဆန်းသစ်သောနည်းလမ်းများကို ရှာဖွေရန်လည်း လိုအပ်ပါသေးတယ်။ ဒီလိုပြောင်းလဲမှုများဟာ ကမ္ဘာ့စားနပ်ရိက္ခာကို ထိန်းထားနိုင်သလို၊ တည်ထောင်ပြီးသော စီးပွားရေးလုပ်ငန်းသစ်များသာမက စားသုံးသူများအတွက်ပါ သက်ရောက်မှုများလည်း ရှိလာနိုင်ပါတယ်။ ယခုကဲ့သို့ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို လော့ခ်ဖွင့်ခြင်းဟာ စျေးကွက်ရှိရာသို့ ဦးတည်နေပြီး အင်အားကြီးမားသော အင်အားစုများဖြစ်လာနိုင်ကြောင်း သတိပြုနိုင်ပါတယ်။

In Myanmar, before the outbreak of Covid-19, 80% of people used to eat out on weekends while some people created small family dinners at home. Before Covid, food order applications were not very widespread.

After the outbreak of Covid-19 in Myanmar in March 2019, people quarantined at home without going out to prevent the spread of Covid-19. Since then, food delivery applications have become widespread in Myanmar. With reasonable prices and delivery charges, door-to-door services have expanded effectively. In addition to food services, businesses also started to deliver home appliances together. Although payment is acceptable not only in cash but also with mobile wallet applications, people avoid using cash to prevent the spread of the disease during Covid-19 period.

There are altogether 8 food service businesses in Myanmar. The most popular and purchased food applications are Foodpanda and Grab Food, Deliver Ink, YANGON DOOR2DOOR, FOOD2U, FOOD MALL, HI-SO MALL and FRESHGORA. In terms of food services, available restaurants differ depending on the proximity of the residential area. It has been observed that food applications are widely used in Yangon and Mandalay, while only a few other regions are accessible.

In addition to food, social commerce and pharmaceutical services are also expanding their delivery services. Delivery businesses can be applied in many industries other than food. While some deliveries use cars, most delivery systems in the foodservice industry use bicycles. Some small businesses that are not partnered with food applications use taxis to deliver to consumers. Delivery fees depend on the location of the customer and the taxi fee.

Sometimes, food deliveries might also face traffic accidents related to transportation. In rainy seasons, it is required to transport with care which is quite different from transportation in pleasant weather conditions. Difficulties of transporters could be frequent because of the traffic danger in the rain. Regarding such deliveries, the question arises as to whether food service operators provide life insurance for their bikers.

A few months ago, there were incidents of people protesting a particular food service business. Most of the consumers even included in the protest due to oppressive delivery charges against their bikers. However, some consumers are still supporting them. Food delivery industry, which has been gradually expanding since the outbreak of Covid-19, is now widespread in the market. As 80% of restaurants are partnered with food service businesses, consumers can easily order the food they want to eat.

Regarding the menu in food service industries, some consumers find it a bit difficult to look for the food that they want to eat. The main problems are keywords and different namings of food. For instance, there is no distinction between shan noodles and rice noodles in Shan State. If it’s made of sticky rice noodles, it’s shan noodles. If it’s made of soaked shan noodles, it’s shan noodle soup. It’s very simple. However, there are slight differences in the naming of food in Yangon. Is shan noodles the one with rice noodles or the small noodles one? Because of different namings, wrong ordering of food is frequent in applications.

In light of these developments, restaurants in Myanmar need to think carefully about how to partner with food delivery industries and test new ways of business. Food delivery businesses also need to use customer data to find innovative ways to improve user experiences and reduce transportation fees. Such changes could sustain the world’s food supply whereas there could be implications not only for new businesses that have been established but also for consumers. Unlocking these emerging opportunities could lead the market trend and become powerful.