Jan 31, 2024
2 mins read

Brand Reputation နှင့် ပတ်သက်ပြီး Social Listening ကို အသုံးပြုခြင်းဖြင့် သင့်လုပ်ငန်းအတွက် အကျိုးထိရောက်မှု ဘယ်လောက်ရှိသလဲ?

In today’s digital age, Social Listening has emerged as an integral tool for managing and promoting your business’s brand reputation. With a social media platform that tracks conversations surrounding your brand, businesses can gain valuable insights into how their brand is perceived by users. By monitoring user sentiment and trends, businesses can harness invaluable information to improve their brand image and reputation.

Leveraging Magnify Myanmar’s social listening capabilities offers a distinct advantage by enabling the identification of potential issues before they escalate into full-blown crises, thereby safeguarding your brand reputation.
In times of crisis, such as negative comments or product complaints on social media platforms, social listening can provide a swift and efficient means of understanding and addressing customer feedback. Reacting promptly to resolve a crisis not only prevents your brand reputation from deteriorating but also enables you to establish a positive and dependable image among your users.

Utilizing Social Listening aids in comprehending the preferences, dislikes, and requirements of your business users, thereby providing valuable insights.
This valuable information will enable you to customize marketing strategies, enhance products or services, and establish a robust market position for your work.

As an entrepreneur, you have the ability to implement strategies to enhance your business’s brand reputation. Consider utilizing Magnify Myanmar’s Social Listening tool to achieve your goals. To explore more about Magnify Myanmar, you can reach out at 09-791 029 719 or visit our website at www.magnifymyanmar.com.

ယနေ့ ဒီဂျစ်တယ်ခေတ်မှာ Social Listening က သင့်လုပ်ငန်း အတွက်လိုအပ်တဲ့ Brand ကိုစီမံခန့်ခွဲရန် နှင့် Reputation ကို မြှင့်တင်ရန်အတွက် အဓိကအရာတစ်ခု ဖြစ်လာပါတယ် ။ Social Media Platform များမှ သင့်ကုန်ပစ္စည်း အမှတ်တံဆိပ်များအကြောင်း သုံးစွဲသူတို့ ပြောဆိုနေကြသည့် စကားလုံးများနှင့် ပတ်သက်သော အကြောင်းအရာများ ၊ သုံးစွဲသူတို့ခံစားချက်များနှင့် ခေတ်ရေစီးကြောင်းအလိုက် ဖြစ်ပေါ်နေသော Social Media Trend များကို စောင့်ကြည့်ခြင်းများ စသဖြင့် စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော အချက်အလက်များကို စုစည်းရယူနိုင်ပါတယ်။ သင်တို့၏ အမှတ်တံဆိပ်အပေါ် သုံးစွဲသူတို့၏ အမြင်ကို သိရှိနိုင်မည် ဖြစ်သဖြင့် တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများကို ရရှိနိုင်မှာဖြစ်ပါတယ်။

Magnify Myanmar ရဲ့ Social Listening ကိုအသုံးပြုပြီး သင့် Brand Reputation မြှင့်တင်နိုင်မည့် အားသာချက်များထဲမှ တစ်ခုမှာ သင့်လုပ်ငန်းတွင် ဖြစ်ပေါ်နိုင်သော Crisis မကြီးထွားမီ ဖြစ်နိုင်ချေရှိသော ပြဿနာများကို ကြိုတင်လေ့လာ၍ ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။ Social Media မှာ သင့် Brand နှင့်ပတ်သက်သည့် အကြောင်းအရာများ ပြောဆိုနေကြသည့်ထဲမှ Negative Comment များ ၊ သင့်လုပ်ငန်း၏ ထုတ်ကုန်နှင့်ပတ်သတ်ပြီး Bad Reviews ကဲ့သို့ Social Media ပေါ်တွင် Crisis များပေါ်ပေါက်လာသည့်အခါ Social Listening ကို အချိန်နှင့် တစ်ပြေးညီလျှင်မြန်စွာ သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ယခုလို အခက်အခဲ၊ အကျပ်အတည်းများပေါ်‌ပေါက်လာသည့်အခါ လျှင်မြန်စွာ သိရှိနိုင်သဖြင့် သင့်ထုတ်ကုန်သုံးစွဲသူတို့၏ စိုးရိမ်ပူပန်မှုများကို ဆောလျင်စွာ တုံ့ပြန်နိုင်ပြီး ပြဿနာများအတွက် ကျေနပ်လောက်သော ဖြေရှင်းချက်များကို ပေးနိုင်မှာဖြစ်ပါတယ်။ ဤသို့ Crisis များကို မြန်ဆန်စွာ ဖြေရှင်းနိုင်ခြင်းက သင့် Brand Reputationကို မကျဆင်းအောင် လုပ်ဆောင်နိုင်ရုံသာမက သင့်ကုန်အမှတ်တံဆိပ်က သုံးစွဲသူများကြားထဲတွင် ကောင်းမွန်ယုံကြည်ပြီး စိတ်ချရသောပုံရိပ်ကို တည်ဆောက်နိုင်စေပါတယ်။

Social Listening ဖြင့်နားထောင်ပြီးသိရှိလာသော အချက်အလက်များမှ တဆင့် သင့်ထုတ်ကုန်အပေါ် သုံးစွဲသူများ၏နှစ်သက်မှု၊ မနှစ်သက်မှုများနှင့် လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေပါတယ်။ ဤသို့ တန်ဖိုးရှိသော အချက်အလက်များကြောင့် စျေးကွက်ရှာဖွေရေး ဗျူဟာများကို အံဝင်ခွင်ကျစွာချမှတ်နိုင်သည့်အပြင် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေဖို့ လုပ်ဆောင်နိုင်သောကြောင့် သင့်ကုန်အမှတ်တံဆိပ်အတွက် ကောင်းမွန်ခိုင်မာသည့် အနေအထားကို အစဥ် ထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်။

ထို့ကြောင့် သင်ဟာ လုပ်ငန်းရှင်တစ်ယောက်ဆိုလျှင် သင့်လုပ်ငန်း Brand Reputation အတွက်တိုးတက်ကောင်းမွန်ဖို့ လိုအပ်သော နည်းဗျူဟာများကို ချမှတ်နိုင်ဖို့ဆိုလျှင် Magnify Myanmar ၏ Social Listening က ရွေးချယ်သင့်သည့် Tool တစ်ခုပဲ ဖြစ်ပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖုန်းနံပါတ် 09- 791 029 719 သို့မဟုတ် Magnify Myanmar ၏ Website Link www.magnifymyanmar.com သို့ အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#magnifymyanmar
#sociallisteninginmyanmar

May 04, 2023
3 mins read

Harnessing Social Listening to Enhance Your Brand’s Online Reputation

Social crisis is a nightmare for any business. If not resolved quickly, products may experience side effects that might tarnish the reputation of the brand, affect the trust of consumers in the brand, and may decrease sales. Negative comments from customers can be heard when they received wrong products or were dissatisfied with the service. In such cases, appropriate follow-up strategies should be prepared to take actions in time with these customers’ criticisms. 

Brand and product descriptions; Information gained from social listening, including industry trends and competitive insights, can help understand what customers are interested in. This data will help to understand your business and customers better, and develop more innovative products or strategies that meet customer needs.

A key benefit of social listening is the ability to track brand mentions on social media platforms; By making sure to discover all comments directly or indirectly related to the brand, comments from consumers can be collected as soon as possible and respond back to the customers. With more people needing to address their complaints on social media than sending emails or making phone calls, it is imperative for every business to monitor the data obtained from social listening and respond to them as quickly as possible. When businesses respond quickly and professionally, they can retain their customers and help them acquire new customers.

Social listening can also determine the strengths and weaknesses of a particular product. When tracking social media conversations about the products, any insights can guide future product improvements. Companies can recruit users through social media to participate in various product trials and monitor their social media activities. Through this, the success of the product can be measured based on the reactions of their users. 

Brands interact with them in today’s digital business environment as there are millions of users talking about their products and service issues on social media. Additionally, as people become more accustomed to digital marketing, social media, as opposed to traditional forms of advertising, people tend to trust the reviews and comments shared by others on forums and blogs across the internet. Using effective social listening and being able to properly reuse the data obtained is very important for any business.

Magnify Myanmar’s Social Listening and Media Monitoring Tool measures Burmese language through AI technology in order to listen to each person’s voice, helping a lot to ensure that there is no keyword missing out and information-oriented. Learn more about Magnify Myanmar via 09-791029719 or the link. www.magnifymyanmar.com 

Social Crisis များဟာ မည်သည့်လုပ်ငန်းအတွက်မဆို အိပ်မက်ဆိုးများဖြစ်ပါတယ်။ လျင်မြန်စွာ မဖြေရှင်းပါက Brand ရဲ့ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေတဲ့ ဘေးထွက်ဆိုးကျိုးများ ခံစားရမှာဖြစ်ပြီး သုံးစွဲသူတို့ရဲ့ Brand အပေါ်ယုံကြည်မှုကို ထိခိုက်စေကာ ရောင်းအားကို ကျဆင်းစေနိုင်တာ ဖြစ်ပါတယ်။ သုံးစွဲသူများထံမှ အရည်အသွေးမမှီသော ထုတ်ကုန်တစ်ခုကို လက်ခံရရှိခြင်း သို့မဟုတ် ဝန်ဆောင်မှုService ကို ကျေနပ်မှုမရှိဟု ယူဆသော Negative Comments များကို မကြာခဏဆိုသလို ကြားရတက်ပါတယ်။ ထိုသို့သောအခြေအနေမျိုးမှာ သုံးစွဲသူတို့ရဲ့ ဝေဖန်မှုများနဲ့ ချိန်ဆပြီး သင့်လျော်သော နောက်ဆက်တွဲ စီးပွားရေးဗျူဟာများ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ 

Social Listening ရဲ့ အဓိကအကျိုးကျေးဇူးမှာ Social Media Platform များမှ ထုတ်ကုန်များအကြောင်းကို ခြေရာခံနိုင်ခြင်း၊ သင့်ထုတ်ကုန်နဲ့ပတ်သက်သော မှတ်ချက်များအားလုံးကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ တွေ့ရှိကြောင်း သေချာစေပါတယ်။ Social Listening အသုံးပြုခြင်းကြောင့် အဆိုပါဖော်ပြချက်များကို အမြန်ဆုံး စုဆောင်းကာ သုံးစွဲသူတို့အပေါ် ပြန်လည်တုံ့ပြန်နိုင်ပါတယ်။ အီးမေးလ်များ ပေးပို့ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်းထက် ဆိုရှယ်မီဒီယာမှာ ၎င်းတို့ရဲ့ တိုင်ကြားချက်များကို ဖြေရှင်းရန် ပိုမိုလိုအပ်တာကြောင့် Social Listening မှ ရရှိသော ဒေတာများကို စောင့်ကြည့်ပြီး အမြန်ဆုံးတုံ့ပြန်ရန်မှာ စီးပွားရေး လုပ်ငန်းတိုင်းအတွက် လိုအပ်လာပြီ ဖြစ်ပါတယ်။ လုပ်ငန်းများဟာ လျင်မြန်စွာနဲ့ ပရော်ဖက်ရှင်နယ်ကျကျ တုံ့ပြန်သောအခါမှာ ၎င်းတို့ရဲ့ သုံးစွဲသူများကို ထိန်းသိမ်းထားနိုင်ပြီး ထိုသူများမှ တစ်ဆင့် သုံးစွဲသူအသစ်များရရှိရန် ကူညီပေးလာနိုင်ပါတယ်။

Social Listening ဟာ သင့်ထုတ်ကုန်များရဲ့ အားသာချက်များနှင့် အားနည်းချက်များကိုလည်း အဆုံးအဖြတ်ပေးနိုင်ပါတယ်။ သင့်ထုတ်ကုန်များနဲ့ ပတ်သက်တဲ့ ဆိုရှယ်မီဒီယာ စကားဝိုင်းများကို ခြေရာခံလိုက်တဲ့အခါ ထုတ်ကုန်အား အနာဂတ်မှာ မည်သို့သော မြှင့်တင်မှုများ ပြုလုပ်ရမယ်ဆိုတာကို လမ်းညွှန်ပေးနိုင်ပါတယ်။ ကုမ္ပဏီများဟာ အမျိုးမျိုးသော ထုတ်ကုန်စမ်းသပ်မှုများကို ဆိုရှယ်မီဒီယာမှတစ်ဆင့် သုံးစွဲသူများကို ဖိတ်ခေါ်ပြီး ၎င်းတို့ရဲ့ Social Activities လှုပ်ရှားမှု၊ဝေဖန်မှုများကို စောင့်ကြည့်နိုင်ပါတယ်။ ထိုမှတစ်ဆင့် သုံးစွဲသူများရဲ့ တုံ့ပြန်မှုများအပေါ် အခြေခံ၍ ထုတ်ကုန်၏ အောင်မြင်မှုကို တိုင်းတာနိုင်ပါတယ်။ 

ယနေ့ခေတ် ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်မှာ ၎င်းတို့နဲ့ ထိတွေ့ဆက်ဆံရသည့် အမှတ်တံဆိပ်များ၊ ၎င်းတို့ရဲ့ ထုတ်ကုန်များနဲ့ Customer Service ပြဿနာများအကြောင်း ပြောဆိုနေကြတဲ့ သန်းပေါင်းများစွာသော သုံးစွဲသူများဟာ တည်ရှိနေပါတယ်။ ထို့အပြင် လူများဟာ ဒစ်ဂျစ်တယ်မားကတ်တင်းကို ပိုမိုကျင့်သားရလာတာကြောင့် သမားရိုးကျ ကြော်ငြာပုံစံများနဲ့ ဆန့်ကျင်တဲ့ ဆိုရှယ်မီဒီယာ၊ ဘလော့ဂ်များ၊ ဖိုရမ်များနဲ့ အင်တာနက်တစ်ခုလုံးမှာ အခြားသူများမျှဝေသည့် သုံးသပ်ချက်များနဲ့ မှတ်ချက်များကို ပို၍ယုံကြည်လာကြပါတယ်။ဒါကြောင့်မို့ Social Listening ကို အသုံးပြုကာ ရရှိလာတဲ့ ဒေတာများကို မှန်ကန်စွာ ပြန်လည်အသုံးချနိုင်ရေးဟာ စီးပွားရေး လုပ်ငန်းတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ 

Magnify Myanmar ရဲ့ Social Listening နဲ့ Media Monitoring Tool ဟာ လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့အသံကို နားဆင်နိုင်ရန်အတွက် မြန်မာဘာသာစကားကို AI နည်းပညာများမှတစ်ဆင့် တိုင်းတာသောကြောင့် Keyword များ လစ်ဟာမှု မရှိစေဘဲ အချက်အလက်များကို သေချာ သိရှိစေရန် များစွာအထောက်အကူပြုပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link www.magnifymyanmar.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။