May 04, 2023
2 mins read

Campaign Analysis with Social Listening

Valentine’s Day ဟာ စီးပွားရေးလုပ်ငန်းများအတွက် ယခုဖေဖော်ဝါရီလမှာ အရောင်းမြှင့်တင်ရန်နှင့် သုံးစွဲသူအသစ်များထံ ဆက်သွယ်ရန် အခွင့်အရေးများ ပေါများလှပါတယ်။ သို့သော် မည်သည့်ထုတ်ကုန်များက ပေါ်ပြူလာဖြစ်နေလဲဆိုတာကို သိရှိဖို့နဲ့ သုံးစွဲသူများက ဘာကို ရှာဖွေနေကြသလဲ ဆိုတာကိုသိရှိပြီး မည်သို့သောနည်းဗျူဟာများကို အသုံးပြုရမည်ကို သိရှိရန် ခက်ခဲသောကြောင့် Social Listening & Media Monitoring သာ အားကိုးအားထားသင့်ကြောင်း သိစေလိုပါတယ်။Magnify Myanmar မှ ရရှိနိုင်သော Data အချက်အလက်များကသာ နည်းဗျူဟာများချမှတ်ရန် အကူအညီပေးနိုင်ကြောင်းကိုလည်း ထည့်သွင်းစဥ◌်းစားသင့်ပါတယ်။

Valentine’s Day နေ့ဟာ စီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ချဲ့ထွင်ရေး နည်းဗျူဟာများ စတင်ရန် အချိန်ကောင်းလည်းဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ လူငယ်များက သင့်လုပ်ငန်းအကြောင်း ပြောနေကြပုံကို နားလည်ခြင်းဖြင့် သင်ဟာ သင့်ရဲ့စျေးကွက်ရှာဖွေရေးဗျူဟာများကို ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်မှာဖြစ်ပြီး သုံးစွဲသူတို့ရဲ့ သဘောထားကို နားလည်ရန် Social Listening မှ ရရှိလာသော အချက်အလက်များဖြင့် ပြန်လည် အသုံးချနိုင်ပါတယ်။

Hashtags များ အသုံးပြုမှုကို ခြေရာခံခြင်းဖြင့်လည်း လက်တလော Trending ဖြစ်နေပြီးအများဆုံးပြောဆိုနေကြသောဖြစ်ရပ်များကို နားလည်နိုင်သလို ပိုမိုပစ်မှတ်ထားသော စျေးကွက်ရှာဖွေရေး နည်းဗျူဟာများကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Influencers များမှ တစ်ဆင့်လည်း စျေးကွက်ရှာဖွေရေးနည်းစနစ်များ အသုံးပြုခြင်းဖြင့် သုံးစွဲသူ အသစ်များထံသို့ ပိုမိုချဲ့ထွင်စေနိုင်မှာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာဟာ ဈေးကွက်ရှာဖွေရေးအတွက် အစွမ်းထက်တဲ့ ကိရိယာတစ်ခုဖြစ်ကြောင်း သံသယဖြစ်စရာမရှိပါ။ ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ စုဆောင်းရရှိသည့် များပြားလှသောဒေတာပမာဏကြောင့် စီးပွားရေးလုပ်ငန်းများဟာ ကြော်ငြာများနှင့် မက်ဆေ့ချ်များကို ယခင်ကထက် ပိုမိုထိရောက်စွာ ပစ်မှတ်ထားနိုင်ပါတယ်။ ဖောက်သည်များရဲ့ ခံစားချက်ကို နားလည်ခြင်းဖြင့် လုပ်ငန်းများဟာ ထိရောက်သော ကြော်ငြာများကို သုံးစွဲသူတို့ထံရောက်ရှိစေပြီး သုံးစွဲသူတို့ရဲ့ ထိတွေ့ဆက်ဆံမှုနဲ့ ထိန်းသိမ်းမှုအဆင့်များကို မြင့်မားလာစေပြီး အကျိုးအမြတ်များ ပိုမိုရရှိစေပါတယ်။

စီးပွားရေးလုပ်ငန်းများဟာ ၎င်းတို့ရဲ့ သုံးစွဲသူများနဲ့ ခိုင်မာသော ဆက်ဆံရေးများတည်ဆောက်နိုင်ပြီး ၎င်းတို့ရဲ့ စျေးကွက်ရှာဖွေရေးရင်းနှီးမြှုပ်နှံမှုများတွင် ROI (Return on Investment) များကို မြှင့်တင်နိုင်ပါတယ်။ ကမ်ပိန်းများရဲ့ထိရောက်မှုကိုတိုင်းတာရန်အတွက် A/B စမ်းသပ်ခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။

Social Listening ဟာ Valentine’s Dayတွင် စီးပွားရေးလုပ်ငန်းများအတွက်အသုံးချရန်အားကောင်းသောကိရိယာတစ်ခု ဖြစ်ကြောင်း အတည်ပြုလိုပါတယ်။ Magnify Myanmar ရဲ့ Social Listening ဟာ အချိန်နှင့်တစ်ပြေးညီ ရရှိလာသော ဒေတာများကို တစ်နေရာထဲတွင် ရှင်းလင်းပြတ်သားသော ဒေတာများဖြင့် လိုအပ်သလို အသုံးပြုနိုင်သောကြောင့်လည်း ဖြစ်ပါတယ်။ Valentine Day နှင့်ပတ်သက်ပြီးဆာဗေးကောက်၍သော်လည်းကောင်း၊ ကမ်ပိန်းပြုလုပ်၍သော်လည်းကောင်း Magnify ၏ Social Listening ကို အသေးစိတ်လေ့လာနိုင်ပါတယ်။

Valentine’s day offers plenty of opportunities for businesses to promote sales and reach potential customers. However, since it is difficult to know which products popular and what users are are looking for to find out what strategies to use, relying on social listening & media monitoring is essential. The fact that only data information available from Magnify Myanmar can help formulate strategies for businesses needs to be considered.

Valentines’ day is also a good time for businesses to start marketing strategies. By understanding how youths are talking about a particular business on social media, marketing strategies can be tailored very well by leveraging the information gained from social listening to understand consumer attitudes.

By tracking the use of hashtags, trending topics can be analyzed, helping to create more targeted marketing strategies. Along with the help of influencers, consumer scoop can also be expanded.

There is no doubt that social media is a powerful tool for marketing. Thanks to the vast amount of data collected from social media platforms, businesses can target ads and messages more effectively than ever before. By understanding customer sentiment, businesses can deliver effective advertising to customers, increase customer engagement and retention levels, and generate more profits.

Businesses can build stronger relationships with their customers and improve ROI (Return on Investment) on their marketing investments. A/B tests can also be implemented to measure the effectiveness of campaigns.

Social listening can be a powerful tool for businesses, especially on special occasions like Valentine’s Day. Magnify Myanmar’s social listening can utilize real-time data in a well-organized structure. By taking a survey or promoting a Valentine’s Day campaign, Magnify Myanmar’s social listening can help gain specified data to observe more.

#magnifymyanmar

#sociallistening

#campaign