May 04, 2023
< 1 mins read

Campaign တွေကို ပြုလုပ်တဲ့အခါ အရေးကြီးဆုံးအချက်ကဘာလဲ။

၁၂ လရာသီထဲမှာ လူအများဆုံးရွေးချယ်ကြတဲ့ ရာသီဥတုကဘာလို့ထင်ပါသလဲ။

မြန်မာနိုင်ငံမှာ ရာသီဥတု ၃ ပါးရှိပြီးတော့ လူအများစုဟာ နေရာဒေသအသီးသီးအလိုက် ကိုယ်စီကြိုက်နှစ်သက်ကြတဲ့ ရာသီဥတုကတော့ ရှိမှာပါ။ အချို့ကတော့ နေရောင်ခြည်လင်းဖြာနေတာကို သဘောကျတဲ့ နွေးထွေးတဲ့ ရာသီဥတုကို နှစ်သက်ကြတာရှိသလို မိုးအငွေ့အသက်နဲ့ မိုးစက်လေးတွေကို ကြည့်ရင်း စိုစွတ်တဲ့ ရာသီဥတုကို နှစ်ခြိုက်ကြတဲ့သူလည်းရှိပါတယ်။ သို့သော် အများစုကြိုက်နှစ်သက်ကြတဲ့ ရာသီဥတုကို ဖော်ပြရမယ်ဆိုရင် အေးချမ်းတဲ့ ရာသီဥတုဖြစ်တဲ့ ဆောင်းရာသီဖြစ်ပါလိမ့်မယ်။ ဆောင်းရာသီဟာ ၁၂လရာသီမှာ နောက်ဆုံး နိုဝင်ဘာလမှစတင်ပြီး ဖေဖော်ဝါရီ အထိ ဖြစ်ပါတယ်။

ဒီဇင်ဘာဟာ နှစ်တစ်နှစ်ရဲ့နှစ်ဆုံးလတစ်လဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့အဆုံးဖြစ်တဲ့အတွက် လူတိုင်းဟာ မိသားစုတွေအတွက် အချိန်တွေတူတူဝေငှရင်း ပျော်စရာခရီးများလည်းဖြတ်သန်းကြသလို ပွဲတော်အထိမ်းအမှတ်နေ့ကိုလည်း အတူတူကျင်းပကြပါတယ်။ ထင်ရှားပြီး တစ်ကမာလုံး ကျင်းပပြုလုပ်ကြတဲ့ပွဲတော်ကို ရည်ညွန်းပြသပါဆိုလျှင် ခရစ်စမတ်ပွဲတော်နဲ့ Happy New Year ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။

ဒီလိုပွဲတော်ရက်တွေမှာ လူတိုင်းဟာ မိသားစုနဲ့ အချိန်အတူတူကုန်ဆုံးကြတာလည်းရှိသလို ခရီးသွားခြင်းတွေလည်းပြုလုပ်ကြပါတယ်။ ဆွေမျိုးမိတ်သဟာများကို လက်ဆောင်များပေးကမ်းခြင်းဖြင့် ရာသီပွဲတော်များကိုလည်း ဆင်နွဲကြပါတယ်။ ဒီလိုလက်ဆောင်တွေပေးတဲ့ဓလေ့မှာ Shopping Center ကြီးများကလည်း ထုတ်ကုန်များကို အထူးလျော့စျေးများနဲ့လည်းရောင်းချကြသလို Special Campaign များကိုလည်း ပြုလုပ်ကြပါတယ်။

Campaign တွေအနေနဲ့ပြုလုပ်ကြတဲ့အခါမှာ လုပ်ငန်းရှင်တွေအနေနဲ့ သုံးစွဲသူတွေအတွက် ဘယ်လိုအရာတွေကို အထူးလျော့စျေးနဲ့ ပြုလုပ်ပေးကြပါသလဲ။ တစ်နှစ်နဲ့တစ်နှစ် မတူညီတဲ့ Campaign တွေအတွက် သုံးစွဲသူတွေရဲ့အသံကို နားထောင်ပါသလား။ သုံးစွဲသူတွေ အမြဲတမ်းဝယ်ယူဖြစ်တဲ့ အမျိူးအစားတွေရယ်၊ တစ်နှစ်ပတ်လုံးမှာ ထုတ်လုပ်ခဲ့တဲ့ ထုတ်ကုန်တွေထဲက ဘယ်လိုထုတ်ကုန်မျိုးက သုံးစွဲသူတွေအကြိုက်ဆုံးလဲ။ ဆိုတာကို သေချာနားဆင်ပါသလား။ ပုံစံတူပြိုင်ဖက်လုပ်ငန်းများရဲ့ ဆိုရှယ်မီဒီယာမှာ လှုပ်ရှားမှုများကိုလည်း သေချာဂရုပြုသင့်ပါတယ်။ ဒါကြောင့် Campaign များကို ပြုလုပ်ရာမှာလည်း သုံးစွဲသူနဲ့ထုတ်ကုန်ကြား လိုအပ်တဲ့နည်းလမ်းတွေကို ဖြည့်တွေးသင့်တာလဲဆိုတာ သိရဖို့အတွက် Social Listening ဆိုတာ လိုကိုလိုအပ်ပါတယ်။

Social Listening နဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့ဆက်သွယ်လိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#magnifymyanmar#sociallistening