May 04, 2023
< 1 mins read

Facebook Live Sales နဲ့ပတ်သက်ပြီးသတင်းအမှား၊အမှန်တွေက ဘာတွေလဲ?

Facebook Live Sales နဲ့ပတ်သက်ပြီးသတင်းအမှား၊အမှန်တွေက ဘာတွေလဲ?

Facebook က Live Sales နဲ့ ပတ်/သက်ပြီး Liveလွင့်ပြီး စေ◌ျးရောင်းလို့မရတော့ဘူး။ထုတ်ကုန်တွေ ကြော်ငြာလို့မရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ Facebook Page တစ်ခုစီတိုင်းမှာ မြန်မာနိုင်ငံက လူတွေ လွဲမှားတဲ့ ယူဆချက်က Live Section မှာ Product ကြော်ငြာလို့မရတော့ဘူးဆိုပြီး ထင်မြင်ယူဆနေကြတာပါ။

တကယ်က Page တွေမှာ Product Playlist ဆိုတဲ့ အပိုင်းရှိပါတယ်။ Product Playlist ထားရှိတဲ့ Market Place အပိုင်းတစ်ခုဖြစ်တဲ့ လိုအပ်တဲ့ Product ကို Clickတစ်နှိပ်လိုက်ရုံနဲ့ စေ◌ျးနှုန်းနှင့်ပုံကို ကြည့်ရှုနိုင်ပြီး Page Messenger မှာ ဝယ်ယူနိုင်တဲ့ အပိုင်းတွေကို ပုံမှန် Facebook Live Sale တွေမှာTag တွဲပြီး တင်လို့ရပါသေးတယ်။ ယခုက Product Playlistကို Live Sale Sectionမှာ Tag တွဲအသုံးပြု၍ ကြော်ငြာခြင်းပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

ယခု Facebookမှာ Online Shopping သမားတွေ အသုံးပြုနေတာကတော့ Pageရဲ့Live Section အပိုင်းပါ။ ဒါကြောင့်၁ရက်နေ့၁၀လပိုင်းမှာ ဖျက်သိမ်းမယ့် အပိုင်းကတော့Live Sale ရောင်းတဲ့သူတွေအတွက် ထိခိုက်မှာမဟုတ်ပါဘူး။ ပုံမှန် Live Sale ကို Page Live Section နဲ့ ကြော်ငြာနေကြသူတွေကတော့ ပုံမှန်အတိုင်း ကြော်ငြာနိုင်ပါတယ်။ Product Playlist Tagsတွဲခြင်းကိုသာ မပြုလုပ်နိုင်တော့ပဲ သာမန် Live Sale သာ ကြော်ငြာနိုင်မှာပါ။

Facebook က ယခုကဲ့သို့ ဖျက်သိမ်းရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီးရှင်းလင်းထားတာကတော့ Facebook နဲ့ Instagram မှာ Reel Section ကို အားစိုက်ချင်လို့သာ ဖြစ်ကြောင်း တင်ပြထားပါသေးတယ်။

Reel ကတော့ TikTok လိုပဲ Shortcut Video အသုံးပြုနိုင်တဲ့ အပိုင်းပါ။

15 Seconds ရိုက်ကူးနိုင်တဲ့ Music Clipနဲ့ လိုအပ်သလို Video ရိုက်ကူးကာအသုံးပြုနိုင်မှာဖြစ်ပြီး Newfeedsပေါ်မှာ Reel Video ကြည့်ရှုနိုင်မယ့်အပြင် Profile Section ရဲ့ဘေးမှာ Reelsကို သပ်သပ်ကြည့်ရှုအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Productsများကိုတော့ Instagram Reel Videosတွေမှာသာ Tag တွဲပြီးကြော်ငြာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ2020 နောက်ပိုင်း Covid-19 ဖြစ်ပွားပြီးနောက် 70% ရာခိုင်နှုန်းသောသူများဟာ Social Media Platform တစ်ခုဖြစ်တဲ့ Facebook ကို အားကိုးအားထားပြုပြီး Online ပေါ်မှ စေ◌ျးဝယ်ခြင်းကို ပြုလုပ်လာကြပါတယ်။ Onlineကို အားကိုးအားထားပြုရတဲ့အတွက်ကြောင့် ယခုကဲ့သို့ Facebookသတင်းထွက်ပေါ်လာမှုအပေါ် သတင်းအမှား၊ သတင်းအမှန်ကို ခွဲခြားနိုင်စေဖို့အတွက် တင်ပြပေးလိုက်ပါတယ်။

Magnify Myanmar ရဲ့ အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် လေ့လာစုံစမ်းမေးမြန်းနိုင်ပါတယ်။