Aug 28, 2026
< 1 mins read

Customer Feedback တစ်ခုကို လျစ်လျူရှုလိုက်ရင် FMCG လုပ်ငန်းတွေ ဘာတွေဆုံးရှုံးနိုင်မလဲ?

Fast-Moving Consumer Goods (FMCG) လုပ်ငန်းတွေက နာမည်နဲ့အညီ အရာရာဟာ အလွန်လျင်မြန်ပြီး အပြိုင်အဆိုင် အလွန်များပြားတဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ထုတ်ကုန်တွေကို တန်ဖိုးထားပြီး စားသုံးနေကြတဲ့ Customer တွေဆီက ပြန်ရလာတဲ့ အကြုံပြုချက် Feedback တစ်ခုချင်းစီဟာ တန်ဖိုးရှိပြီး လုပ်ငန်းရည်ရှည်ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အဓိကကျတဲ့ အရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်တဲ့ Feedback တွေကို လျစ်လျူရှုလိုက်မယ်ဆိုရင် ဘာတွေ ဆုံးရှုံးနိုင်မလဲ?

၁။ Brand Loyalty ဆုံးရှုံးခြင်း။
FMCG စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းတွေမှာ ရွေးချယ်စရာ Brand တွေက အများကြီးရှိပါတယ်။ Customer တစ်ယောက်က ပစ္စည်းတစ်ခုရဲ့ အရသာ၊ အနံ့၊ ထုပ်ပိုးမှု သို့မဟုတ် သုံးစွဲရတာနဲ့ပတ်သက်ပြီး အားနည်းချက်တွေကို ထောက်ပြလာချိန်မှာ လျစ်လျူရှုလိုက်တဲ့အခါ နောက်တစ်ခါ ထပ်ဝယ်ဖို့မစဥ်းစားတော့ဘဲ ပြိုင်ဘက် Brand ဆီကို အလွယ်တကူပဲ ပြောင်းသွားနိုင်ပါတယ်။

၂။ ရေရှည်ဝယ်လိုအား ကျဆင်းခြင်း။
FMCG လုပ်ငန်းတွေအတွက် တစ်ကြိမ်တည်း ဝယ်ယူမှုထက် ထပ်ခါထပ်ခါ ပြန်ဝယ်တဲ့ Repeat Customer တွေက ပိုအရေးကြီးပါတယ်။ Feedback ကို လျစ်လျူရှုခံရတဲ့ ဖောက်သည်တစ်ဦးဟာ ပြန်မဝယ်တော့ရုံသာမကဘဲ သူ့ရဲ့ မိသားစု၊ သူငယ်ချင်းတွေကိုပါ ထုတ်ကုန်ကို ရှောင်ကြဉ်ဖို့ တိုက်တွန်းနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးတည်းရဲ့ မကျေနပ်ချက်ဟာ တကယ်တမ်းမှာ ဖောက်သည်အများအပြားရဲ့ ဝယ်လိုအားကို ထိခိုက်စေနိုင်တာ သတိထားသင့်ပါတယ်။

၃။ Market Share တွေဆုံးရှုံးနိုင်ခြင်း။
Feedback တွေဟာ အနုတ်လက္ခဏာဆောင်ပုံပေါ်ပေမယ့် တစ်ဖက်မှာတော့ ကုမ္ပဏီအတွက် အခမဲ့ရရှိတဲ့ Market Research အချက်အလက်တွေပါ။ “အရသာပြောင်းသွားတယ်”၊ “ဈေးနှုန်းနဲ့ အရည်အသွေးမလိုက်ဘူး” စတဲ့ Feedback တွေကို လျစ်လျူရှုလိုက်တဲ့အခါ လက်ရှိထုတ်ကုန်ရဲ့ အရည်အသွေးကို ထိန်းသိမ်းထားဖို့နဲ့ နောက်ထပ် ထုတ်ကုန်အသစ်တွေအတွက် အကြံပြုချက်တွေကို လက်လွှတ်ဆုံးရှုံးရာ ရောက်ပါတယ်။ ပြိုင်ဘက်တွေက ဒီလို Feedback တွေကို လျင်မြန်စွာ ကိုင်တွယ်ပြီး ထုတ်ကုန်ပြောင်းလဲမှုတွေ လုပ်လိုက်ရင် Market Share ကို လွယ်လွယ်ကူကူ လွှဲပြောင်းပေးလိုက်ရာ ရောက်သွားနိုင်ပါတယ်။

FMCG ဈေးကွက်ရဲ့ ယှဉ်ပြိုင်မှုတွေက နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။ Customer တစ်ဦးရဲ့ Feedback ကို လျစ်လျူရှုလိုက်တာက သေးငယ်တဲ့ကိစ္စလို့ ထင်ရပေမယ့် အထက်မှာ ဖော်ပြခဲ့သလို Brand Trust ကနေ Market Share အထိ ဆုံးရှုံးနိုင်စွမ်း ရှိပါတယ်။

ဒါပေမယ့် Customer တွေက ကိုယ့်လုပ်ငန်းရဲ့ Facebook Page မှာ Comment ဝင်ရေးရုံတင် မကဘဲ Review Post တွေ၊ Facebook Group တွေနဲ့ Tiktok တွေမှာပါ Feedback တွေကို ပြောဆိုနေကြပါတယ်။ ဒီလို ကွဲပြားပျံ့နှံ့နေတဲ့ Channels ပေါင်းစုံက အသံတွေအားလုံးကို လူကိုယ်တိုင် လိုက်လံစောင့်ကြည့်ဖို့ဆိုတာ အချိန်ကုန်ပြီး မတိမှုလည်း မရှိနိုင်ပါဘူး။

ဒါကြောင့် FMCG Brand ကြီး အများစုက Social Listening တွေလုပ်လာကြပါတယ်။ Social Listening ဆိုတာ Brand နဲ့ ထုတ်ကုန်တွေအကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုနေသမျှကို Real-time လိုက်လံစောင့်ကြည့်ပြီး Customer တွေရဲ့ တကယ့်အသံကို စုစည်းပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

Magnify Myanmar ဟာ Myanmar ဈေးကွက်အတွင်းမှာရှိတဲ့ Brand တွေအတွက် Media Monitoring နှင့် Social Listening ဝန်ဆောင်မှုတွေ ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Customer တွေရဲ့ အသံတွေကို Social Media Platform တွေအပြင် Offline ဖြစ်တဲ့ သတင်းစာ၊ ဂျယ်နယ်စတဲ့ နေရာမျိုးစုံကနေ စုစည်းပြီး သင့်လုပ်ငန်းအတွက် အသုံးဝင်မယ့် Insight တွေကို ထုတ်ပေးနိုင်တာကြောင့် သင့်ရဲ့ FMCG လုပ်ငန်းအတွက် ကောင်းမွန်တဲ့ အဖော်မွန်ဖြစ်လာပါလိမ့်မယ်။ 

သင့်ရဲ့ FMCG လုပ်ငန်းအတွက် Customer တွေရဲ့ တကယ့်အသံကို နားစွန့်ပြီး ပိုမိုထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ Magnify Myanmar နဲ့ လက်တွဲဖို့ အကြံပြုလိုက်ပါတယ်။

အသေးစိတ် စုံစမ်းလိုပါက Email; contact@magnifymyanmar.com (သို့) ဖုန်းနံပါတ် 09 408194400 သို့ ဆက်သွယ်ကာ Free Trial ရယူနိုင်ပါတယ်။