Author: magnimda
E-commerce တွေ အနေနဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့ မှာ ကျရောက်မယ့် 11:11 Sale မှာ ဈေးဝယ်သူတွေရဲ့ သုံးသပ်ချက်တွေ နဲ့ အကြံပြုချက်တွေကို ဘယ်လိုမျိုး တိုင်းတာသိရှိနိုင်မလဲ။
အမျိုးမျိုးသော Shopping Malls တွေ နဲ့ E-commerce တွေကတော့ ဈေးဝယ်သူတွေ အဆင်ပြေစေဖို့ Promotion တွေ ၊ Special Discount Coupons တွေနဲ့ Campaigns တွေကို ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပ Website များမှ တစ်ဆင့် ကုန်ပစ္စည်းဝယ်ယူသောအခါ သုံးစွဲသူ လူထု အနေနဲ့ တစ်ချိန်တည်း စုပြုံဝယ်ယူမှုကြောင့် Website domain များ အလုပ်မလုပ်နိုင်ခြင်း၊ Order Out of Stock များကို အချိန်နှင့် တစ်ပြေးညီ Website တွင် Update မလုပ်နိုင်ခြင်း စသည်တို့ဟာ ဈေးဝယ်သူတွေ အပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကို ဘယ်လိုမျိုး တိုင်းတာ သိရှိ နိုင်မလဲ။
E-commerce တွေ အနေနဲ့ 11/11 Sale ကာလမှာ ထုတ်ကုန်တွေရဲ့ ဝယ်လိုအားအခြေအနေ ၊ ဈေးဝယ်သူတွေ အနေနဲ့ Website မှတစ်ဆင့် ပစ္စည်း ဝယ်ယူခြင်း အဆင်ပြေမှု ရှိ ၊ မရှိ နဲ့ ပစ္စည်း အရည်အသွေး စိတ်ချရမှု ရှိ ၊ မရှိ ကိုတော့ ဈေးဝယ်သူတွေရဲ့ သုံးသပ်ချက် Sentiment များမှ တစ်ဆင့် သိရှိနိုင်ပါတယ်။ သို့အတွက် Social Listening and Media Monitoring ပြုလုပ်ပြီး တိုင်းတာရန် လိုအပ်ပါတယ်။
Magnify Myanmar ရဲ့ Social Listening နဲ့ Media Monitoring Tool ဟာ လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့အသံကို နားဆင်နိုင်ရန်အတွက် မြန်မာဘာသာစကားကို AI နည်းပညာများမှတစ်ဆင့် တိုင်းတာသောကြောင့် Keyword များ လစ်ဟာမှု မရှိစေဘဲ အချက်အလက်များကို သေချာ သိရှိစေရန် များစွာအထောက်အကူပြုပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သိုမဟုတ် ဖော်ပြပါ Link www.magnifymyanmar.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
To boost sales, many shopping Malls and E-commerce offer promotions, special discount coupons, and campaigns to facilitate shoppers.
Sellers are ought to make sure that website domains are operating properly due to mesh orders at once and out of stock orders not being updated timely, to ensure smooth purchase for their customers.
Customers’ review feelings during the 11/11 sale period can be used to track consumer demand for products and the ease of online shopping, while social listening and media monitoring tools can be used to monitor these data.
Magnify Myanmar’s Social Listening and Media Monitoring Tool measure Burmese language through AI technology to listen to each person’s voice so that every single keyword is not missed. Learn more about Magnify Myanmar via 09-791029719 or the link www.magnifymyanmar.com mentioned above.
New Updates in Facebook Digital Creator
Facebook or Meta ဟာ တစ်ကမ္ဘာလုံးရှိသုံးစွဲသူများဆီသို့ မနေ့တစ်နေ့က Professional Mode ကို ချပြခဲ့ပါတယ်။ Professional Mode ဟာ ၂၀၂၁ ဒီဇင်ဘာထဲက စတင်စမ်းသပ်နေပေမယ့် ယခုအပတ်ထဲမှ Professional Mode ကို သုံးစွဲသူများထံသို့ ချပြခဲ့တာဖြစ်ပါတယ်။ Professional Mode ဟာ Facebook Page များကဲ့သို့ Personal Profile များကို Creator Mode အဖြစ်ရရှိခဲ့ပါတယ်။ Creator Mode ထဲမှာ အခန်းကဏ္ဍအလိုက် ရွေးချယ်လိုသော Mode ကို ပြောင်းလဲနိုင်ပါတယ်။ Actor, Artist, Athlete, Blogger, Chef, Comedian, Designer, Digital Creator, Entrepreneur, Fashion Model, Gamer, Journalist, Musician, Photographer, Public Figure နဲ့ Writer ဆိုပြီး ကိုယ်ပိုင် Profile မှာ ကိုယ်ဟာမည်သူဖြစ်ကြောင်းကို Creator Mode မှာပြောင်းလဲနိုင်ပါတယ်။
Professional mode ဟာ Page တွေကဲ့သို့ဆင်တူနိုင်ပေမယ့် Personal Profile မှာသီးခြားအနေနဲ့ရပ်တည်နိုင်ဖို့အတွက် ချပြထားခဲ့တာဖြစ်ပါတယ်။ Blog Post တစ်ခုမှာတော့ ယခုချပြလာတဲ့ Creator Mode ဟာ Viewers များထံမှ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် Page မှမဟုတ်ပဲ Personal Profile မှာပင် ဝင်ငွေတစ်ခုအဖြစ် စတင်နိုင်အောင် လမ်းကြောင်းစတင်ခင်းပေးထားသည် ဟုလည်း ပြောဆိုထားကြပါသေးတယ်။
Profile Setting မှာ Monetization Features နဲ့ Analytics Tools ကို ထည့်သွင်းပေးထားပြီး Professional Mode အသုံးပြုနည်းကိုပါထည့်သွင်းပေးထားတဲ့အတွက် အသုံးပြုရာမှာ လွယ်ကူအဆင်ပြေစေပါတယ်။
Professional Mode ကိုပြောင်းလဲလိုက်ပြီဆိုလျှင် Profile မှာ View Tools သို့ဝင်ရောက်ကာ ပါဝင်သော Tool များအကြောင်းကိုလေ့လာနိုင်ပါတယ်။ Profile Overviews အောက်မှာ ကိုယ်ပိုင် account ရှိ Followers Count ကိုပြသထားမှာဖြစ်ပါတယ်။
ပထမဦးစွာ Your Tools အောက်မှာ Moderation Assist ရှိပါတယ်။ Moderation Assist က မိမိကိုယ်စား တာဝန်ယူလုပ်ဆောင်ပေးမယ့် ထိန်းချုပ်ပေးမယ့်လက်ထောက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဆုံးဖြတ်ချက်ချရန်တစ်ခုခုပေါ်ပေါက်လာတဲ့အခါ ကိုယ်တိုင်လိုက်ကြည့်စရာမလိုပဲ မလိုလားအပ်သောစကားလုံးများ၊မမြင်ချင်သော စကားလုံးများ၊ Photo Comment များ Video Commentများကို Add or Edit Criteria မှာ ထည့်သွင်းကာ Comment များကို Auto Hidden အလိုအလျောက် မမြင်အောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။
Tools to Try အောက်မှာဆိုရင် ကဏ္ဍမျိုးစုံရှိပါတယ်။ Stars ကတော့ Grow Your Audience အတွက်အဓိကအထောက်အပံ့ပေးတာဖြစ်ပြီးတော့ Audience များလာတာနဲ့ ဝင်ငွေများလာမှာလည်းဖြစ်ပါတယ်။ ယခု Tool to Try ကတော့ အချို့သောနိုင်ငံတွေမှာသာ ရရှိသေးသာဖြစ်ပါတယ်။
ထို့နောက် Help and Guidance မှာ Professional Mode Guide ကိုတွေ့ရှိမှာဖြစ်ပြီး Professional Mode ဆိုတာဘာလဲဆိုတာအကျယ်တဝင့် ရှင်းပြထားပါသေးတယ်။
New Ways to Monetize ကတော့ တင်လိုက်တဲ့ Public Content များထဲကနေ ဝင်ငွေကိုရှာနိုင်သလို Eligibility For Monetization tools (ငွေရှာနိုင်ဖို့ အရည်အချင်းပြည့်မှီသော ကိရိယာ) ကနေတစ်ဆင့် Payout Account in Professional Dashboard ကိုဖန်တီးနိုင်ကာ ဝင်ငွေရအောင် နည်းလမ်းများနဲ့ စည်းမျဉ်းစည်းကမ်းချက်များကို သိနိုင်မှာဖြစ်ပါတယ်။
Friends and Followers ကတော့ Professional Mode သို့ပြောင်းလဲလိုက်တာနဲ့ အကောင့်ထဲရှိ သူငယ်ချင်းများအပါအဝင် Followers List ထဲသို့ရောက်ရှိသွားတာဖြစ်ပြီး တင်လိုက်သော Content မှန်သမျှ အကုန်လုံးဆီရောက်ရှိမှာဖြစ်ပါတယ်။ ယခင်က Facebook နဲ့ Followers ကို ခွဲခြားထားပေမယ့် ယခုအခါ အားလုံး Followers ဖြစ်သွားသလို Friends များကလည်း ဆက်လက်တည်ရှိနေအုန်းမှာဖြစ်ပေမယ့် Followers ထဲမှာတော့ Personal Name အလိုက်ပြသမှာမဟုတ်ပါဘူး။ Follower Counts ထဲမှာတော့ Friends Count ကိုပါ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆုံးသတ်မရှိ Followers Growth များကို Creator Mode ကနေတစ်ဆင့် ကိုယ်တိုင် Contentများကို တင်ရင်း Followers များကို တိုးပွားအောင် ဖန်တီးယူနိုင်ပါတယ်။
Insights ကတော့ Audience Trends, Age and Location နဲ့ Top Engagement ရရှိထားတဲ့ Contents တွေကို Page Insights ကဲ့သို့ Overview လေ့လာနိုင်ပါတယ်။ Top Performer ကနေ Post Impressions, Reach နဲ့ Engagement Count များကိုသိရှိနိုင်ပြီး Content များကိုလည်း တွေ့ရှိနိုင်သလို Reach ရောက်တဲ့ထဲမှ Age , Gender များကို % ဖြင့် သိနိုင်ပါတယ်။ အကောင့်ထဲသို့ရောက်ရှိသော Count များကိုလည်း Profile Visits ကနေတစ်ဆင့် သိရှိနိုင်ပါတယ်။
နောက်ဆုံးကျန်ရှိတဲ့ Feature ကတော့ Safety and well – Being ဖြစ်ပါတယ်။ Content များထဲမှ Conversation ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ရွေးချယ်ထားသော စံနှုန်းများအပေါ် အခြေခံ၍ Public Postများတွင် မလိုလားအပ်သော မှတ်ချက်များကို အလိုအလျောက်ဖျောက်ရန် ကူညီဆောင်ရွက်ပေးပါတယ်။ သူငယ်ချင်း သို့မဟုတ် နောက်လိုက်များမပါဘဲ ပရိုဖိုင်များမှ မှတ်ချက်များကို ဖျောက်ရန် ရွေးချယ်နိုင်သလို Moderation Assist Takes ကို ကိုယ်တိုင် Actions ယူကာ ပြင်ဆင်နိုင်ပါတယ်။
အထက်ပါအကြောင်းအရာများတော့ Facebook က ချပြထားတဲ့ Creator Mode ခေါ် Professional Mode အကြောင်းကို အသေးစိတ်ရှင်းပြထားတာဖြစ်ပါတယ်။ Magnify Myanmar အကြောင်းကိုလည်း လေ့လာလိုပါက ဖုန်းနံပါတ် ၀၉-၇၉၁၀၂၉၇၁၉ သို့မဟုတ် ဖော်ပြပါ link www.magnifymyanmar.com မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Brand Health ကိုဘယ်လိုတိုင်းတာမလဲ။
ထုတ်ကုန်ဟာ လူထုနဲ့ပေါင်းစပ်လုပ်ကိုင်နေရတဲ့လုပ်ငန်းတစ်ခုဆိုလျှင် Brand Health လုပ်သင့်ပါတယ်။
Brand Health ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ Brand Healh တိုင်းတာရန် အလွယ်ကူဆုံးအချက်တွေက ဘာလဲ။
Social Media ကိုသေချာအသုံးပြုပြီး သုံးစွဲသူများရဲ့အခြေအနေကို ကိုယ်ပိုင် Pageများမှ Post များတင်ပြီး ထုတ်ကုန်အခြေအနေကို မေးမြန်းခြင်းဖြင့်သော်လည်းကောင်း၊ Focus Group များဖြင့်သော်လည်းကောင်း စသည့်နည်းလမ်းများဖြင့် Brand Health များကို စတင်တိုင်းတာနိုင်ပါတယ်။ ယခုနည်းလမ်းဟာ ကုမ္ပဏီတိုင်းနဲ့လည်း မကိုက်ညီနိုင်ပါဘူး။ Social Media ပြုလုပ်ခြင်းမရှိပဲ ထုတ်ကုန်ရဲ့ကျန်းမာရေးတိုင်းတာလို့မရနိုင်ပါဘူး။ သုံးစွဲသူအများစုဟာ လက်ရှိမှာ လူမှုကွန်ယက်အကောင့်များမှတစ်ဆင့် ပြောဆိုဝေဖန်ကြသောကြောင့် ထုတ်ကုန်ဟာ ဘယ်လိုထုတ်ကုန်လဲ။ ရောင်းချမယ့်နယ်ပယ်နဲ့ သုံးစွဲမယ့်သုံးစွဲသူဟာ ဘယ်လိုမျိုးလဲ စသဖြင့် အမျိုးမျိုးကွဲပြားပါတယ်။
Brand Healthဟာ ထုတ်ကုန်ကိုတိုင်းတာစုဝေးခြင်းဖြစ်သောကြောင့် ထုတ်ကုန်မည်မျှကောင်းမွန်ကြောင်းပြသရန် အရေးကြီးဆုံးအရာမှာ Brand Sentiment ကို သိရှိရန်ဖြစ်ပါတယ်။ သို့အတွက် Social Listening and Media Monitoring ပြုလုပ်ရန်လိုအပ်ပါတယ်။ Social Listening နဲ့ Media Monitoring ပြုလုပ်ရန် မြန်မာဘာသာဟာ သိပ်ကိုရှုပ်ထွေးပါတယ်။
Magnify Myanmar ရဲ့ Social Listening နဲ့ Media Monitoring Tool ဟာ လူတစ်ဦးတစ်ယောက်စီတိုင်းရဲ့အသံကို နားဆင်နိုင်ရန်အတွက် မြန်မာဘာသာစကားကို AI နည်းပညာများမှတစ်ဆင့် တိုင်းတာသောကြောင့် ထုတ်ကုန်ရဲ့ကျန်းမာရေးကို သိရှိရန် များစွာအထောက်အကူပြုပါတယ်။ Magnify Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link www.magnifymyanmar.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
How to check Brand Health?
Brand health can be tracked by analyzing consumers’ feedback via social media or surveying in focus groups. This method may not be suitable for all companies. Product health cannot be tracked without social media. Since the majority of consumers share their opinions on social media, there are various differentiations in measuring product health such as product type, industry and type of consumers.
What are the easiest ways to track Brand Health?
Brand health should be tracked especially if the product is concerned with consumers’ voices. The most important aspect to show product quality is to realize brand sentiment, as brand health is a collection of data for that product. Therefore, it is necessary to conduct social listening and media monitoring. Burmese language is too complicated for social listening and media monitoring.
Magnify Myanmar’s Social Listening and Media Monitoring Tool measures Burmese language through AI technology to listen to each person’s voice, so it helps a lot to know about product health. Learn more about Magnify Myanmar via 09-791029719 or via the link www.magnifymyanmar.com for a free trial.
It’s time to go home!
ခရီးသွားရာသီကို မကြာခင်မှာရောက်ရှိလာတော့မှာဖြစ်ပြီး အများစုက ခရီးသွားရတာကို နှစ်ခြိုက်သဘောကျပါတယ်။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ခရီးသွားရာမှာ အနည်းငယ်အခက်အခဲတွေ ရှိတာကိုတွေ့ရပါတယ်။ ယခင်ကိုဗစ်မတိုင်ခင်မှာ လူတိုင်းဟာ ပြည်တွင်းပြည်ပခရီးများကို အကန့်အသတ်မရှိသွားလာနိုင်ကြပါတယ်။ နိုင်ငံဖြတ်သန်းခွင့်၊ ငွေသားကိုင်ဆောင်မှုအခြေအနေစသဖြင့် အရာရာအဆင်ပြေခဲ့ပေမယ့် ကိုဗစ်၁၉ ဖြစ်ပွားပြီးနောက် နိုင်ငံတိုင်းဟာ ခရီးသွားခွင့်များကိုလည်း အကန့်သတ်ပြုလုပ်ထားခဲ့ကြပါတယ်။
သို့သော်မြန်မာနိုင်ငံတွင် ၂၀၂၁ နောက်ပိုင်းကစပြီး ခရီးသွားလာရာမှာလည်း ယခင်ကလို ဖြောင့်ဖြူးခြင်းမရှိတော့ပေ။အခြေအနေအရပ်ရပ်ကြောင့် ခဏတာ ခရီးသွားခြင်းမရှိကြတော့ပေမယ့် ယခု ၂၀၂၂ တွင်မူ ခရီးသွားလာခြင်းများ ပြန်လည်ခေတ်စားလာခဲ့ပြန်ပါတယ်။
ခရီးသွား Agency တွေနဲ့ ဟိုတယ်ဝန်ဆောင်မှုများအနေဖြင့် ယခင်ကနဲ့မတူတော့တဲ့အခြေအနေမှာ ခရီးသွားတွေပြန်လည်ရောက်ရှိလာစေဖို့ ဘာတွေပြုလုပ်ကြပါသလဲ။
ခရီးသွားအများစုကကော ခရီးသွားလာရေးမှာ အဆင်ပြေစေရန်အတွက် နေရာတွေကို ရွေးချယ်ကြတဲ့အခါ ဘယ်ကို အများဆုံးရွေးချယ်ကြသလဲ။
ခရီးသွားလာရာမှာ ကုန်းကြောင်း၊လေကြောင်း မည်သည့်အရာကို ဦးစားပေးရွေးချယ်ကြသလဲ။
ခရီးသွားတို့တည်းခိုရာမှာ Agencies တွေနဲ့ချိတ်ဆက်ပြီး သွားရေးလာရေးမှစပြီး တည်းခိုသည်အထိ ခရီးစဥ◌်အစဆုံး စီစဉ်ကြပါသလား။
Agencyတွေကို အသုံးမပြုပဲ ကိုယ်တိုင်အစဆုံး ဟိုတယ်ရွေးချယ်ကြပါသလား။
ခရီးမသွားလာခင်မှာ Travel Blogger များရဲ့ Review များကိုကြည့်ပြီးမှသာ ခရီးသွားကြပါသလား။
ဒီလိုအခြေအနေတွေအတွက် ခရီးသွား Agencies တွေနဲ့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများက ခရီးသွားပိုမိုရောက်ရှိလာစေရန် ဘယ်လိုမျိုးတွေ ဖန်တီးတတ်ကြသလဲ။
ဒီလိုအခြေအနေအရပ်ရပ်တွေကို လေ့လာနေရပြီဆိုလျှင် ခန့်မှန်းချေနဲ့ စဥ◌်းစားတွေးခေါ်လို့မရပါဘူး။ ခရီးသွားတွေကိုဆွဲဆောင်ရာမှာ မတူညီတဲ့ ကြော်ငြာမှုတွေနဲ့ ဆွဲဆောင်ဖို့လည်း လိုအပ်ပါတယ်။ အချို့သောခရီးသွားတွေကတော့ ခရီးသွားလာရာမှာ Social Media ပေါ်ရှိ Group များတွင် မေးမြန်းပြီး ခရီးသွားကြတာမျိုးလည်း ရှိပါတယ်။ ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုများအပေါ် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ဘယ်လိုဖန်တီးကြမလဲ။
ခရီးသွားများရဲ့စကားသံနဲ့ ဝေဖန်မှု အခြေအနေအရပ်ရပ်ကို စိတ်ဝင်စားလို့ Social Listening ပြုလုပ်လိုပါက Magnify Myanmar ရဲ့ဖုန်းနံပါတ် 09-791029719 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို website link www.magnifymyanmar.com မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
As the travelling season approaches, many people are looking forward to travelling. However, people have been facing obstacles due to many restricted circumstances, unlike before the pandemic. During the post Covid, countries have also started to restrict the immigrations and tourism.
Although travelling in Myanmar has also been inconvenient during the late 2021, it has become popular again in 2022.
So what kind of ideas do travel agencies and hotel services come up with to attract the travelers in such different circumstances?
What kind of places or transportation do travelers mostly choose for their convenience?
Do they plan their trips with travel agencies or by themselves?
Do they rely on the reviews by travel bloggers before starting their trip?
Unique and creative advertisements also play a big role in attracting the tourists. Some travelers also seem to be fond of asking the suggestions and reviews in social media groups. Business owners should monitor the needs and wants of the tourists, then implement in their new strategies.
To learn more about Magnify Myanmar, please feel free to contact phone number 09-791029719 or the link www.magnifymyanmar.com for a free trial.
#magnifymyanmar
#sociallistening
#mediamonitoringtool
Promotions နဲ့ပတ်သက်ပြီး လူတွေရဲ့အမြင်။
စျေးဝယ်ရတာကို မနှစ်ခြိုက်တဲ့သူမရှိပါဘူး။ စျေးဝယ်သူအများစုဟာ “Promotions or Discounts” စာသားကိုမြင်လျှင် အထွေအထူးစဉ်းစားခြင်းမရှိပဲ ဝယ်ယူကြပါတယ်။ သာမန်စျေးထက် ကြက်ခြေခတ်၏ဘေးတွင် အနည်းငယ်သာ စျေးချလျှင်ပင် “စျေးသင့်သည် ၊ စျေးချိုသည်“ဟုထင်ကာ ဝယ်ယူကြပါတယ်။ ကုန်ပစ္စည်း၏ အရည်အသွေးကို အထူးတလည် အကဲဖြတ်ခြင်းမရှိပဲ ဝယ်ယူပြီး တစ်ခါသုံးအဖြစ်သာ သတ်မှတ်ခံရသော ကုန်ပစ္စည်းများလည်းရှိပါတယ်။
အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများဟာ ပုံမှန်သုံးစွဲသူများ ရှိနေခြင်းကြောင့် အမြဲစျေးလျှော့ချင်မှ လျှော့ပါလိမ့်မယ်။ထိုအခါ စျေးဝယ်သုံးစွဲသူတို့ဟာ ကုန်ပစ္စည်းအပေါ် ရံဖန်ရံခါ ငြိုငြင်ခြင်း၊ စျေးလျော့ပေးစေလိုခြင်းများ ဖြစ်လာတတ်ပါတယ်။ စျေးဝယ်သူအချင်းချင်း တစ်ဦးစကားတစ်ဦး ဆိုသလို “စျေးကအမြဲဒီစျေးပဲ။ Discount လေးတောင်မရှိဘူး” စသဖြင့် ဝေဖန်သံများစတင်ကြားရပါလိမ့်မယ်။ ထိုစဉ် စီးပွါးရေးလုပ်ငန်းအသေးစားပိုင်ရှင်များက ပုံစံတူလုပ်ငန်းများဖြင့် စျေးကွက်ကို တစ်နည်းနည်းဖြင့် ထိုးဖောက်လာတတ်ကြပါတယ်။ ထိုအခါ လုပ်ငန်းရှင်ကြီးများအနေဖြင့် ထုတ်ကုန်များကိုသာ အာရုံမထားပဲ သုံးစွဲသူများကြား အခြေအနေများကို ဂရုစိုက်သင့်ပါတယ်။
Promotions or Discounts လျှော့ချတဲ့ အချိန်တွေက ဘယ်အချိန်တွေလဲ?
မြန်မာနိုင်ငံမှာဆိုရင် ယခုကဲ့သို့ သီတင်းကျွတ်အထူးလျော့စျေး၊ မြန်မာရက်ကြီးအခါကြီးရပ်ကြီးနေ့ရက်မျိုးနှင့်အတူ 11:11 sale, Black Friday Sale and 12:12 Sale တို့မှာ အဓိကဖြစ်ပါတယ်။ဘယ်လိုမျိုးတွေကို သုံးစွဲသူတွေက အများစုဝယ်ကြလဲဆိုရင် စားသောက်ကုန် နဲ့ အလှကုန်ပိုင်းတွေက အဓိကဖြစ်တယ်။
ဒါဆိုရင် အလှကုန်နဲ့ စားသောက်ကုန်လုပ်ငန်းတွေအနေနဲ့ ဘယ်လို ထုတ်ကုန်တွေကို promotion ချပေးသလဲ?
သုံးစွဲသူတွေအများဆုံး သဘောကျကြတဲ့ ထုတ်ကုန်လား?
အများစုနဲ့ သင့်လျော်အဆင်ပြေစေမယ့် ထုတ်ကုန်လား?
သက်တမ်းကုန်ခါနီး ထုတ်ကုန်တွေလား? စသဖြင့်မေးခွန်းထုတ်စရာရှိပါတယ်။
Promotionပြုလုပ်ခါနီးအချိန်ဆိုရင် သုံးစွဲသူတွေရဲ့အသံကို နားထောင်ဖို့လိုအပ်ပါသေးတယ်။ ရောင်းချသူနဲ့ ဝယ်ယူသူ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ကလည်း အရေးကြီးပါတယ်။ သုံးစွဲသူတွေရဲ့အသံဟာ ထုတ်ကုန်တစ်ခုကို Brand Reputation ဖြစ်စေနိုင်သလို ကျလဲကျဆင်းစေနိုင်ပါတယ်။
သုံးစွဲသူများရဲ့ဝေဖန်ပြောဆိုမှုများနှင့်အတူ ထုတ်ကုန်လက်ရှိအခြေအနေများကို လေ့လာချင်ပါသလား? ပုံစံတူပြိုင်ဖက်လုပ်ငန်းများရဲ့ အခြေအနေအရပ်ရပ်ကိုလည်း အသေး စိတ်သိရှိလိုတယ်ဆိုရင် Magnify Myanmar ဖုန်းနံပါတ် 09-791029719 သို့မဟုတ် www.magnfiymyanmar.com သို့ ဆက်သွယ်၍ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Everyone loves shopping. Most shoppers don’t think twice when they see the word “promotion” or “discount”. Even if the discounted amount is low, the price is often considered fair and affordable regardless of the product quality.
Because of the regular customers, high-end products usually don’t offer discounts, which then lead customers to criticize and request the brand to offer more discounts. In some ways, SMEs will see the feedback, such as “The price is always stable, there isn’t even a single discount.” and gain advantage for them to penetrate the market with similar businesses. Enterprises should also pay attention to consumer voices rather than merely focusing on product development.
When are Promotions or Discounts offered?
Discounts are often offered during special occasions in Myanmar such as Thadingyut Holidays, along with 11:11 sale, Black Friday Sale and 12:12 sale to celebrate holiday seasons, assuming food and cosmetics have been purchased the most.
So, what products in cosmetics and food industries are usually included in the promotion ?
Most popular products? Most suitable product for consumers? Nearly expiring products?
It is vital for the brands to listen to consumer voices before starting a promotional campaign and to have a clear communication between the seller and a buyer. A consumer’s voice can bring the brand reputation to the peak in either positive or negative way.
Learn more about your product reputation along with consumers’ voices and for more information, please contact Magnify Myanmar phone number 09-791029719 or www.magnfiymyanmar.com for free trial.
Social Media Listening နဲ့ Social Media Monitoring ဘာကွာခြားမှုရှိလဲ?
Social Media Monitoring ဟာ လက်ရှိထုတ်ကုန်များ စျေးကွက်အတွင်း ဖြစ်ပေါ်လာသော Crisis အခြေအနေများကို လေ့လာပြီး လတ်တလောဖြစ်ပျက်နေသောစျေးကွက်အတွင်းအခြေနေများကို PR Communicationsနှင့်ချိတ်ဆက်ပြီး Brand အကြောင်းတင်ထားသော Media Page များကို စိစစ်လေ့လာကာBrand များကို Monitoring ပြုလုပ်ခြင်းဖြစ်ပါတယ်။
Social Media Listening ကတော့ Brand Monitoring ပြုလုပ်ပြီးနောက် သုံးစွဲသူများရဲ့အခြေအနေ၊ ပြောဆိုဝေဖန်ချက်များကို အသေးစိတ်လေ့လာသုံးသပ်ပြီး ထုတ်ကုန်အသစ်များထုတ်ဝေဖြန့်ချိနိုင်ရေးနှင့်အတူ သုံးစွဲသူ၏စကားသံများမှတစ်ဆင့် ရှေ့ဆက်ရပ်တည်မည့်အခြေအနေများအတွက် နည်းဗျူဟာအသစ်များချမှတ်ရန် ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
Magnify Myanmar ရဲ့ Social Media Listening နဲ့ Social Media Monitoring Toolဟာ ချိတ်ဆက်လျက်ရှိနေပါတယ်။ Social Listening and Social Media Monitoring မှာပါဝင်တဲ့ ကဏ္ဍတစ်ခုစီတိုင်းဟာ လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အထူးသဖြင့် နည်းဗျူဟာများချမှတ်ခြင်း၊ သုံးစွဲသူများနဲ့ထိတွေ့ဆက်ဆံရာမှာ ပိုမိုလွယ်ကူစေခြင်း၊ အချိန်ကုန်သက်သာစေခြင်း အပြင် မြန်မာနိုင်ငံမှာ ပထမဦးဆုံး One Click တစ်ချက်နှိပ်ရုံဖြင့် Report များကို လိုအပ်သလို One Click System ဖြင့် Download ဆွဲနိုင်ပါသေးတယ်။လုပ်ငန်းနဲ့သက်ဆိုင်တဲ့ Brand Mention တွေကို မြန်မာ Keywords များဖြင့် အသေးစိတ်ရှာဖွေနိုင်သော AI System ပါဝင်တာကြောင့် နက်နဲခက်ခဲတဲ့ စကားလုံးတစ်ခုစီတိုင်းအတွက် Social Listening ကို အတိအကျနားထောင်နိုင်သောကြောင့် မြန်မာစကားလုံးများရဲ့ အမှားအယွင်းများကို ဖြေရှင်းနိုင်ပါတယ်။
Magnify Myanmar အကြောင်းကို အသေးစိတ်ပိုမိုလေ့လာလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link http://www.magnifymyanmar.com မှတစ်ဆင့် Free Trial အတွက် စုံစမ်းမေးမြန်းနိုင်ပါတယ်။
What distinguishes social media monitoring from social media listening?
Social Media monitoring is studying the current market situation, analyzing brand-related crises as well as keeping track of the media pages that mentioned the brand.
Social Media Listening is analyzing consumer feedbacks and data obtained from brand monitoring, which then helps with new product improvement and creating innovative strategies.
Magnify Myanmar provides both social media listening and media monitoring tools, which are both essential for businesses that communicates with consumers. It can be most helpful in setting strategies, consumer communication as well as with generating reports in one click to save time. With the trained AI system, even the brand mentions in complicated Burmese keywords can be easily monitored and avoid keyword errors.
If you want to know more about Magnify Tools, please don’t hesitate to contact phone number 09-791029719 or www.magnifymyanmar.com for a free trial.
Social Listening ဟာ လုပ်ငန်းခွင်တိုင်းအတွက် အရေးပါသလား?
Social Listeningဟာလူတွေရဲ့နေ့စဉ်ဖြတ်သန်းမှုမှာ ပါဝင်ပတ်သက်လျက်ရှိနေပါတယ်။ လူတွေပြောနေကျတဲ့အကြောင်းအရာတစ်ခုချင်းစီတိုင်းကို ဒေတာ လို့ သတ်မှတ်လို့ရပါတယ်။ လုပ်ငန်းတိုးတက်အောင်မြင်စေရေးအတွက် သုံးစွဲသူဒေတာတွေကိုစုဆောင်းစီမံကာ လုပ်ငန်းတိုင်းဟာ ထုတ်ကုန်ဖြန့်ချိရေးမှာ ပြန်လည်အသုံးချကြရမှာ ဖြစ်ပါတယ်။
စားသောက်ကုန်လုပ်ငန်း၊အလှကုန်လုပ်ငန်း၊ဘဏ်လုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်း၊မိုဘိုင်းနဲ့လူမှုအသုံးဆောင်ရောင်းဝယ်တဲ့လုပ်ငန်းစတာတွေမှာ ဒေတာဆိုတာလိုကိုလိုအပ်ပါတယ်။
ဥပမာအားဖြင့် “ဒီသတင်းကြားပြီးပြီလား? ဒီဖုန်းလေးကဘယ်လိုကောင်းတာ ဘယ်မှာရောင်းတယ် ဘယ်လိုစျေးလျှော့ထားတယ်”စသဖြင့် လူတွေပြောဆိုနေကြတဲ့ ဒေတာတစ်ခုစီတိုင်းဟာ လုပ်ငန်းတိုင်းအတွက် အရေးပါပါတယ်။
သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ထင်မြင်ယူဆချက်တစ်ခုစီတိုင်းဟာ မည်သည့်လုပ်ငန်းခွင်တွင်မဆို အထူးသဖြင့် Public နဲ့ထိတွေ့ရတဲ့လုပ်ငန်းတိုင်းအတွက် ရေရှည်ရပ်တည်နိုင်စေဖို့ နဲ့ ထုတ်ကုန်ပစ္စည်းဆက်လက်ထုတ်လုပ်နိုင်စေဖို့အတွက် သုံးစွဲသူများရဲ့ဒေတာတွေဟာ မဖြစ်မနေအရေးပါတာကြောင့် သုံးစွဲသူများရဲ့အသံကို သေချာနားထောင်ရပါတယ်။ထိုကဲ့သို့မဟုတ်ပဲ လျစ်လျူရှုခဲ့ပါက လုပ်ငန်းရေရှည်ရပ်တည်ဖို့လည်းခဲယဉ်းသလို ပုံစံတူပြိုင်ဖက်များက အသာရသွားနိုင်ပါတယ်။
Social Listening ဟာ သုံးစွဲသူများရဲ့ဒေတာများအပြင် ပြိုင်ဖက်များရဲ့ Social Media ပေါ်တွင်လုပ်ဆောင်နေသော အခြေအနေများကိုလည်း လေ့လာနိုင်ပါသေးတယ်။ ဒါကြောင့် Social Listeningဟာ မဖြစ်မနေ အရေးပါပါတယ်။
Social Listening အကြောင်းနဲ့ပတ်သက်၍ Magnify Myanmar အကြောင်းကို လေ့လာလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် www.magnifymyanmar.com သို့ Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Is social listening essential for every workspace?
People use social media daily.
Hence, social listening is involved in people’s daily lives. Everything people are talking about can be defined as data. Businesses must collect and analyze user data to improve their business and apply it in product distribution.
Data management is crucial in the food, beauty, banking, telecommunications, mobile, and social goods trading industries, and so on.
To ensure long-term sustainability, monitoring consumer feedback carefully is one of the essential factors for any business exposed to the public. For example, “Have you heard this news? How good is this phone? Where is it sold, and how much is the discount?”.
Otherwise, it will be difficult for the business to survive in the long run, benefiting the competitor brands. Social listening can also help you keep on track of the activities on social media by competitor brands.
If you are more interested in Magnify Myanmar about Social Listening, you can contact 09-791029719 or www.magnifymyanmar.com for a free trial.
Bringing growth, ingenuity, and experience to the market
မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကိုအဓိကဦးစားပေးသော နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးရေးဆိုတာနဲ့ စားဝတ်နေရေးဟာ အဓိကအရေးပါပါတယ်။ စားပင်သီးပင်များကို စိုက်ပျိုးကြသော တောင်သူများဟာ အပင်ထွက်အားတိုးစေရေး၊ မြေဆီကောင်းစေရေး၊ ပိုးမွားများ ရန်မှကာကွယ်စေရေးအတွက် ဓာတ်မြေဩဇာများကို အသုံးပြုလာကြပါတယ်။
ဓာတ်မြေဩဇာထဲတွင် ဓာတုပစ္စည်းပါဝင်မှုနည်းပြီး စားသုံးသူများကို ဘေးဥပါဒ်မဖြစ်စေရေးအတွက် ဓာတ်မြေဩဇာကောင်းများကို တောင်သူများက ရွေးချယ်ကြရပါတယ်။ ထိုသို့ရွေးချယ်ရာမှာ အရောင်းဝန်ထမ်းများက ဆိုင်များတွင် ရှင်းပြပေး၍သော်လည်းကောင်း၊ Online မှ တိုက်ရိုက်မှာယူခြင်းများသော်လည်းကောင်း လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။
အစားအသောက်ကဲ့သို့ မြေဩဇာကို ဥပမာလေးနည်းနည်းပေးပြီး အသုံးပြု၍မရပါ။ ရောင်းသူ ဓာတ်မြေဩဇာကုမ္ပဏီများ၏ ကြော်ငြာများဖြင့်သာ စမ်းသပ်သုံးစွဲပြီး ရေရှည် အဆင်ပြေမပြေကို ချင့်ချိန်ကြရသည်ကို တွေ့ရှိရပါတယ်။ ဓာတ်မြေဩဇာကုမ္ပဏီများအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ တောင်သူများ၏ ဆေးနှင့်ပတ်သက်၍ သုံးစွဲမှုအခြေအနေနှင့် အခက်အခဲများကိုနားဆင်ရာတွင် အကြမ်းဖျင်းမဟုတ်ပဲ အသေးစိတ်သိရှိဖို့ရန်လိုအပ်ပါတယ်။ ကွင်းဆင်းလေ့လာခြင်းသာမက ၂၁ရာစုနောက်ပိုင်းတွင် တောင်သူများသည် Online ပေါ်တွင် Smart Phone များဖြင့်လည်း အခြေအနေများကို Pageများ၏အောက်တွင်Commentရေးခြင်းဖြင့်လည်းပြောဆိုလာကြပါတယ်။ ပြောဆိုသူနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လျစ်လျူရှုထားလို့မရပါဘူး။
Product ရေရှည်ရပ်တည်နိုင်ဖို့က သုံးစွဲသူဟာ အရေးကြီးပါတယ်။ဒါကြောင့် သုံးစွဲသူများရဲ့အခြေအနေကို နားလည်ရမှာဖြစ်ပြီး Social Mediaပေါ်မှ သုံးစွဲသူများ၏အသံကို နားဆင်ရမှာဖြစ်ပါတယ်။ သုံးစွဲသူများရဲ့အသံဟာ ထုတ်ကုန်တိုင်းအတွက် အဓိကအရေးပါတာကြောင့် Social Listening ပြုလုပ်ရန်ကို လိုအပ်ပါတယ်။
Magnify Myanmarဟာ Social Listening ပြုလုပ်ရာမှာ Keywords များကိုလစ်ဟာမှုမရှိစေပဲ Brand Mention ဖော်ပြခြင်းခံရတဲ့ Social Media ပေါ်မှာတင်ထားတဲ့ သတင်းတွေကို အရယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Magnify Myanmarအကြောင်းကို စိတ်ဝင်စားလို့ ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက ဖော်ပြပါဖုန်းနံပါတ် 09-791029719 သို့မဟုတ် www.magnifymyanmar.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Myanmar is a country of agriculture, a primary business and food source of the country. Crop farmers often use fertilizers to increase crop yield, soil improvement, and pest protection. Farmers must choose the most suitable fertilizer with fewer chemicals and side effects, usually done at the store with sales staff or via online purchase.
When choosing the right fertilizer, farmers have to consider the long-term convenience only after testing product to product, based on the advertisement. Consumer loyalty is vital for a product’s long-term sustainability, which is why fertilizer companies need to study the detailed feedback from their customers. Aside from field surveys, consumer feedback can also be collected via social media comments in the 21st century. Social Media listening can help you analyze the consumer feedback on your brand, and with Magnify Myanmar, you can monitor the brand-mentioned articles with specified keywords and comments.
If you’re interested in Magnify Myanmar, feel free to reach out to 09-791029719 or go to www.magnifymyanmar.com for more details.
Digital Marketing Agency တွေ ရေရှည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အရေးကြီးဆုံးအချက်ကဘာလဲ။
Digital Marketing Agencyတွေဟာ Clients မျိုးစုံကို ကိုင်တွယ်ရပါတယ်။ ထိုအခါ Brand တစ်ခုချင်းစီရဲ့သတင်းအချက်အလက်တွေကို စုဆောင်းရတဲ့အခါမှာ သတင်းတွေဟာ လူအားနဲ့ ကိုင်တွယ်ရင်း လိုအပ်ချက်တွေရှိလာပါတယ်။ သတင်းလုံလောက်မှုမရှိခြင်း၊ Keywords များလစ်ဟာမှုရှိခြင်း၊ သတင်းစုရသည့်အချိန်ကုန်ခြင်း တွေဖြစ်လာပါတယ်။ ထိုအခြေအနေများဖြစ်ပေါ်လာတဲ့အခါ လူအားထက် Tool ကို အသုံးပြုရန် မဖြစ်မနေ လိုကိုလိုအပ်လာပါတယ်။ ဒါကြောင့် Social Listening Tool နဲ့ Print Media Monitoring Tool ဟာ Digital Marketing Agency တွေအတွက် မဖြစ်မနေ အရေးပါပါတယ်။
Social Listening ကို ပြုလုပ်ခြင်းအားဖြင့် Brand များရဲ့အခြေအနေများအပြင် Brandများရဲ့ပြိုင်ဖက်အခြေအနေများနဲ့ အရေးကြီးဆုံးဖြစ်တဲ့ Brand တစ်ခုစီတိုင်းရဲ့ သုံးစွဲသူများရဲ့ ဝေဖန်ပြောဆိုချက်များကို အဓိက သုံးသပ်လေ့လာတာဖြစ်တဲ့အတွက် မဖြစ်မနေ အသုံးပြုသင့်ပါတယ်။
Print Media Monitoring ဟာ မြန်မာနိုင်ငံမှာနေ့စဉ်ထွက်ရှိတဲ့ သတင်းစာ၊မဂ္ဂဇင်း၊ဂျာနယ်နဲ့မီဒီယာအချက်အလက်တွေမှာ Brands အကြောင်းပါတဲ့ သတင်းတွေကို နေ့စဉ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ သတင်းစာအကုန်လုံးကို လိုက်လံရှာဖွေဖတ်ရှုစရာမလိုပဲ Brand Mention ပါဝင်တဲ့သတင်းအားလုံးကို တစ်နေရာထဲမှာ စုံစုံလင်လင် သိရှိနိုင်မှာ ဖြစ်ပါတယ်။
Magnify Myanmar မှာ Social Listening Tool နဲ့ Print Media Monitoring Tool ကို အဓိက အသုံးပြုနိုင်ပါတယ်။ ခက်ခဲနက်နဲတဲ့ မြန်မာစကားလုံးတစ်ခုစီတိုင်းကို အဓိပ္ပာယ်ဖွဲ့ဆိုနိုင်ပြီး AI System ကြောင့် Brand Mention များလစ်ဟာမှုရှိစေမှာ မဟုတ်ပါဘူး။ One Click Reporting System ကြောင့် Brand တစ်ခုစီတိုင်းအတွက် အချိန်ကုန်သက်သာစေပါတယ်။ ဒါကြောင့် Digital Marketing Agency တွေအနေနဲ့ Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါဖုန်းနံပါတ် ၀၉-၇၉၁၀၂၉၇၁၉ သို့မဟုတ် https://www.magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် အသေးစိတ်လေ့လာနိုင်ပါတယ်။
What is essential for digital marketing agencies to be sustainable in the long term?
Digital Marketing agencies have to manage clients from various industries, and manual data collection for monitoring each brand can be overwhelming and time-consuming, leading to insufficient data and keywords. Social Media and Print Media Monitoring Tools can become handy for agencies in these circumstances.
Social Listening can greatly help monitor and analyze the brand reputations and the competitor’s and consumers’ feedback on each brand.
With print media monitoring, brand-mentioned articles from various newspapers, magazines, and journals will be updated in one place without having to go through the papers manually.
Magnify Myanmar can provide essential tools for social listening and print media monitoring. With our AI system, you can monitor and customize the keywords in a complicated Burmese language, and our one-click reporting system will help you save time.
To learn more about Magnify Myanmar, don’t hesitate to contact 09-791029719 or go to http://www.magnifymyanmar.com for a free trial.
Social Listening for Mobile Phone Industry
မြန်မာနိုင်ငံမှာ Smart Phone ဟာ ၂၀၁၂ နောက်ပိုင်းကစပြီး လူတိုင်းကို ရသမျိုးစုံပေးစွမ်းနေပါတယ်။
ဖုန်းတစ်လုံးလက်ထဲရှိပြီဆိုတာနဲ့ ချစ်ခင်ရသောသူများကို ဖုန်းဆက်ခြင်း၊ Social Media ကို ကောင်းစွာအသုံးပြုနိုင်ခြင်း၊ စားသောက်ချင်သော အစားအစာများကို ဖုန်းမှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်ခြင်း၊ စျေးဝယ်ရာမှာလည်း ငွေသားမကိုင်ပဲ လက်ကိုင်ဖုန်းမှတစ်ဆင့် အလွယ်တကူငွေပေးချေခြင်း၊ အနားယူသောအချိန်တွင် သီချင်းနားထောင်ပြီး ဂိမ်းဆော့ခြင်း၊ရုပ်ရှင်ကြည့်ခြင်း အစရှိတာတွေကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်ကြပါတယ်။
တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲလာတာနဲ့အမျှ တယ်လီဖုန်းနဲ့ပတ်သက်ပြီး အဆင်ဒီဇိုင်းမျိုးစုံတိုးတက်ပြောင်းလဲလာပါတယ်။
ဖုန်းဝယ်ရာမှာ လူတွေက ဘာကိုအဓိက ဦးစားပေးပြီး ရွေးချယ်ကြလဲ?
စျေးနှုန်းနဲ့ ကွာလတီ ကို အဓိက စဉ်းစားပြီး ရွေးချယ်ကြပါတယ်။
ယခုကဲ့သို့ တိုးတက်ပြောင်းလဲလာတာနဲ့အညီ Smart Phoneရောင်းချတဲ့ Companies များဟာလည်း အပြိုင်အဆိုင် ရောင်းဝယ်ဖောက်ကားလာကြပါတယ်။ အရည်အသွေးပြည့်မှီတဲ့Specifications များစွာ နဲ့ ဆန်းသစ်သောဒီဇိုင်းမျိုးစုံစျေးကွက်ထဲသို့ ခြေချလာကြတာကိုတွေ့ရပါတယ်။ သုံးစွဲသူအများစုဟာလည်း အသစ်အဆန်းများကို သဘောကျကြတာနဲ့အညီ ဒီ Brand တစ်ခုတည်းကိုပဲရေရှည်သုံးစွဲကြသူများလည်းရှိသကဲ့သို့ မတူညီသော Brand များကို စမ်းသပ်သုံးစွဲကြသောသူများလည်းရှိကြပါတယ်။
သုံးစွဲသူများရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လိုအပ်သော အချက်များကို Mobile Industry အနေနဲ့ လေ့လာနေရပြီဆိုလျှင် တိကျသေချာသောအချက်အလက်များစုဆောင်းပြီး သုံးသပ်လေ့လာချက်များကို ပြုလုပ်သင့်ပါတယ်။ Magnify Myanmar မှာ မြန်မာဘာသာဖြင့် Keywords များကို အသေးစိတ်ရှာဖွေနိုင်တာကြာင့် Mobile Industry အတွက် များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် သုံးစွဲသူများ၏ Review, Social Influencers များ၏ Review စသည်တို့ကို အတိအကျလေ့လာနိုင်သည့်အပြင် ပြိုင်ဖက်ပတ်ဝန်းကျင်ရဲ့ Social Media ပေါ်တွင်ဖြစ်ပျက်နေသောအခြေအနေများကို လေ့လာနိုင်သောကြောင့် Magnify Myanmar အကြောင်းကို အသေးစိတ်လေ့လာလိုပါက ဖော်ပြပါ ဖုန်းနံပါတ် 09-791029719 သို့မဟုတ် ဖော်ပြပါ Link https://magnifymyanmar.com/ မှတစ်ဆင့် Free Trial အတွက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Since 2012, smartphones have been providing a variety of entertainment to people in Myanmar. It has become a lot easier to communicate with your loved ones, use social media, order your desired take-out food, make digital payments, and enjoy music, games, movies, etc. all through your mobile phone. But, what do people look for when purchasing a smartphone and how do they choose, price or performance?
In line with the growing technology, smartphone companies were encouraged to create different unique designs, along with innovative features and specifications every year to compete in the market. The majority of consumers enjoy trying out new features from the same brand for the long term whilst some like to explore different tastes from different brands.
It is as important to study consumer behavior as it is to learn about the mobile industry, and precise data collection is one of the main factors for accurate research. With Magnify Myanmar, you can monitor the required data with customized Burmese keywords, which will be a big help in researching the industry. Also, you can study the behavior of social media users via reviews, and reactions towards influencers and competitor brands. If you want to know more about Magnify Myanmar, feel free to reach out to 09-791029719 or the link:https://magnifymyanmar.com/ for a free trial.